သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားမှာ ပထမဆုံးအကြိမ် စစ်ဘက်သုံး ထောက်လှမ်းရေးဂြိုဟ်တု လွှတ်တင်ဖို့စီစဉ်


မြောက်ကိုရီးယား အာကာသအေဂျင်စီဌာနမှာ ကြည့်ရှုစစ်ဆေးနေတဲ့ ခေါင်းဆောင် ကင်ဂျုံအွန်း (Kim Jong Un) (ဝဲ) နဲ့ သမီး ဂျွန်အဲ (ယာ) တို့ကိုတွေ့ရစဉ် (ဧပြီ ၁၉ ၊ ၂၀၂၃)
မြောက်ကိုရီးယား အာကာသအေဂျင်စီဌာနမှာ ကြည့်ရှုစစ်ဆေးနေတဲ့ ခေါင်းဆောင် ကင်ဂျုံအွန်း (Kim Jong Un) (ဝဲ) နဲ့ သမီး ဂျွန်အဲ (ယာ) တို့ကိုတွေ့ရစဉ် (ဧပြီ ၁၉ ၊ ၂၀၂၃)

မြောက်ကိုရီးယားမှာ ပထမဆုံးတည်ဆောက် ပြီးစီးသွားတဲ့ စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေး ဂြိုလ်တုကို လွှတ်တင်ဖို့ စီစဉ်ထားကြောင်း မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un က ပြောဆိုလိုက်ကြောင်း နိုင်ငံပိုင် KCNA သတင်းမှာ ဒီကနေ့ပဲ ဖော်ပြလိုက်ပါတယ်။ ဒါပေမဲ့လည်း လွှတ်တင်မယ့်နေ့ကိုတော့ မပြောပါဘူး။ မြောက်ကိုရီးယားအနေနဲ့ အရင်က ဒုံးကျည်စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပြီး အာကာသထဲကို ဂြိုဟ်တုလွှတ်တင်နိုင်ကြောင်း ပြသခဲ့ပေမယ့်လည်း သူတို့မှာ တကယ်တမ်း ပုံပြတ်သားအောင်ရိုက်နိုင်တဲ့ ခေတ်မီကင်မရာရှိနိုင်ပါ့မလား ဆိုပြီးတော့ ကျွမ်းကျင်သူတွေက မေးခွန်းထုတ်နေကြပါတယ်။

နိုင်ငံရဲ့ အာကာသအေဂျင်စီဌာနကို အင်္ဂါနေ့က သွားရောက်ခဲ့စဉ်အတွင်း မြောက်ကိုရီးယားအနေနဲ့ နျူကလီးယားထိပ်ဖူး သယ်ဆောင်နိုင်တဲ့ ဒုံးကျည်တွေကို ထိထိရောက်ရောက် အသုံးပြုရေးအတွက် စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေး ဂြိုဟ်တုဟာ အရေးကြီးကြောင်း ပြောပါတယ်။ စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးဂြိုဟ်တု အမှတ် ၁ ကို တည်ဆောက်ပြီး အာကာသထဲကို လွှတ်တင်ရေးကို အရှိန်မြှင့်လုပ်ဆောင်ဖို့ Kim က ပြောဆိုကြောင်း နဲ့ ထောက်လှမ်းရေးသတင်းတွေ စုဆောင်နိုင်ဖို့အတွက် ထောက်လှမ်းရေးဂြိုဟ်တုတွေ အများအပြား လွှတ်တင်ရမယ်လို့လည်း သူက အမိန့်ပေးထားကြောင်း နိုင်ငံပိုင် KCNA သတင်းမှာ ဖော်ပြထားပါတယ်။ အဲဒီ စစ်ဘက်ဆိုင်ရာ ဂြိုဟ်တုဟာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးတွဲ စ်ရေးလေ့ကျင့်မှုတွေနဲ့ စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုတွေ ပြုလုပ်ထားတဲ့ နိုင်ငံတကာကို ဖိအားပေးဖို့အတွက် မြောက်ကိုရီးယား ခေါင်းဆောင်က မျှော်လင့်နေဖွယ်ရှိပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG