သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားအလုပ်သမားတွေ လက်မခံဖို့ ကန်နဲ့မဟာမိတ်တွေတိုက်တွန်း


တောင်ကိုရီးယား နျူးကလီးယားဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးမှူး Kim Gunn ကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ နိုင်ငံခြားရေးဝန်ကြီးရုံးက တွေဆုံဆွေးနွေးပွဲအတွင်းတွေ့ရစဉ် (ဧပြီ ၇၊ ၂၀၂၃)
တောင်ကိုရီးယား နျူးကလီးယားဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးမှူး Kim Gunn ကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ နိုင်ငံခြားရေးဝန်ကြီးရုံးက တွေဆုံဆွေးနွေးပွဲအတွင်းတွေ့ရစဉ် (ဧပြီ ၇၊ ၂၀၂၃)

မြောက်ကိုရီးယားအစိုးရအနေနဲ့ နိုင်ငံခြားမှာ အလုပ်လုပ်ဖို့ အလုပ်သမားတွေ စေလွှတ်တာကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက လက်မခံဘဲ တားမြစ်ကြဖို့ အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့က တိုက်တွန်းလိုက်ပါတယ်။ အဲဒီအလုပ်သမားတွေ ပြန်ပို့တဲ့ ငွေတွေက မြောက်ကိုရီးယားအစိုးရရဲ့ နျူးကလီးယားအစီအစဉ်အတွက် အထောက်အကူဖြစ်နေသလို ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကို ဖောက်ဖျက်ရာရောက်တယ်လို့ ဒီနေ့ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်မှာ ၃ နိုင်ငံက နျူးကလီးယားအရေးတာဝန်ရှိသူတွေ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့ကြတာပါ။

ဒါကြောင့် မြောက်ကိုရီးယားအလုပ်သမားတွေကို လက်မခံဘို့နဲ့ ဆိုက်ဘာ ရာဇဝတ်မှုတွေကို တားမြစ်ဖို့အတွက် နိုင်ငံတကာအသိုင်း အဝိုင်းအနေနဲ့ ပူးပေါင်းဆောင်ရွက်ပေးကြဖို့ တောင်းဆိုခဲ့ကြပါတယ်။ မြောက်ကိုရီးယား နျူးကလီးယားလက်နက်အစီအစဉ်ကို ထောက်ပံ့နိုင်ဖို့ မြောက်ကိုရီးယားကလုပ်နေတဲ့ ဆိုင်ဘာတိုက်ခိုက်မှုတွေအတွက်လည်း အထူးစိုးရိမ်တယ်လို့ ၃ နိုင်ငံ ဒီနေ့ ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မြောက်ကိုရီးယား အွန်လိုင်းသူခိုး Hacker တွေက အွန်လိုင်းကနေ ငွေကြေးတွေ ခိုးယူပြီး မြောက်ကိုရီးယားအစိုးရရဲ့ နျူးကလီးယားလက်နက်အစီအစဉ်အတွက် ပံ့ပိုးနေတယ်လို့ ပြောထားပါတယ်။

အမေရိကန် အထူးကိုယ်စားလှယ် Sung Kim, နျူးကလီးယားဆိုင်ရာ ဂျပန်အထူးကိုယ်စားလှယ် Takehiro Funakosh နဲ့ တောင်ကိုရီးယား နျူးကလီးယားဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးမှူး Kim Gunn တို့ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်မှာ တွေ့ဆုံဆွေးနွေးအပြီး ခုလိုပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG