ေျမာက္ကိုရီးယားဘက္ကေန ပဲ့ထိန္းဒုံးက်ည္တစင္းကို ကိုရီးယားကြၽန္းဆြယ္ အေ႐ွ႕ဘက္ကမ္း႐ိုးတန္း ပင္လယ္ဘက္ကို ဒီကေန႔ တနဂၤေႏြေန႔မွာ ပစ္လႊတ္ခဲ့တယ္လို႔ ဂ်ပန္ကာကြယ္ေရး ဒုတိယဝန္ႀကီး Toshiro Ino က အတည္ျပဳ ေျပာၾကားခဲ့ပါတယ္။
“ဒီကေန႔ နံနက္ ၁၁:၀၅ နာရီမွာ ေျမာက္ကိုရီးယားဘက္ကေန အေနာက္ဘက္ကမ္း႐ိုးတန္းကေန အေ႐ွ႕ဘက္ကို ပဲ့ထိန္းဒုံးက်ည္တစင္း ပစ္လႊတ္ခဲ့ပါတယ္။ အေသးစိတ္အခ်က္အလက္ေတြကို လက္႐ွိသုံးသပ္ေနဆဲျဖစ္ေပမယ့္ ဒီဒုံးက်ည္ဟာ ကိုရီးယားကြၽန္းဆြယ္ အေ႐ွ႕ဘက္ ပင္လယ္ထဲကို မက်ေရာက္ခင္ အျမင့္ ၃၁ မိုင္ ပတ္ဝန္းက်င္နဲ႔ မိုင္ ၅၀၀ ေလာက္အထိ ေရာက္႐ွိခဲ့ပါတယ္။”
ဒါေပမယ့္ ဒုံးက်ည္ က်ေရာက္ခဲ့တဲ့ေနရာကေတာ့ အထူးစီးပြားေရးဇုန္ (EEZ) အျဖစ္ သတ္မွတ္ထားတဲ့ ဂ်ပန္ေရပိုင္နက္ အျပင္ဘက္ျဖစ္တယ္လို႔ ယူဆထားေၾကာင္း ဂ်ပန္ကာကြယ္ေရးဒုဝန္ႀကီးက သတင္းေထာက္ေတြကို ေျပာပါတယ္။
ေျမာက္ကိုရီးယားရဲ႕ လုပ္ရပ္ေတြဟာ ဂ်ပန္ႏိုင္ငံ၊ ေဒသတြင္းနဲ႔ ႏိုင္ငံတကာအသိုင္းအဝန္းရဲ႕ ၿငိမ္းခ်မ္းေရးနဲ႔ လုံၿခဳံေရးကို ၿခိမ္းေျခာက္ေနတာျဖစ္ၿပီး ဂ်ပန္အေနနဲ႔ လုံးဝလက္မခံႏိုင္ေၾကာင္းလည္း Toshiro Ino က ဆိုပါတယ္။
ေျမာက္ကိုရီးယားဘက္က ဒီကေန႔ ဒုံးက်ည္ ပစ္လႊတ္စမ္းသပ္မႈမတိုင္ခင္ မတ္လ (၁၆) ရက္ ၾကာသပေတးေန႔ကလည္း ဂ်ပန္နဲ႔ ကိုရီးယားကြၽန္းဆြယ္ၾကားက ပင္လယ္ထဲကို တိုက္ခ်င္းပစ္ဒုံးက်ည္တစင္း ပစ္လႊတ္ခဲ့ပါေသးတယ္။ အဲဒီအခ်ိန္တုန္းက ေတာင္ကိုရီးယားသမၼတဟာ တိုက်ိဳၿမိဳ႕မွာ ျပဳလုပ္တဲ့ ေျမာက္ကိုရီးယားရဲ႕ႏ်ဴကလီးယားလက္နက္ တန္ျပန္ေရးနည္းလမ္းေတြအတြက္ ထိပ္သီးအစည္းအေဝးကို တက္ေရာက္ဖို႔ ဂ်ပန္ကို ထြက္ခြာၿပီး နာရီပိုင္းအၾကာမွာ ပစ္လႊတ္ခဲ့တာ ျဖစ္ပါတယ္။
==== Unicode ======
မြောက်ကိုရီးယားဘက်ကနေ ပဲ့ထိန်းဒုံးကျည်တစင်းကို ကိုရီးယားကျွန်းဆွယ် အရှေ့ဘက်ကမ်းရိုးတန်း ပင်လယ်ဘက်ကို ဒီကနေ့ တနင်္ဂနွေနေ့မှာ ပစ်လွှတ်ခဲ့တယ်လို့ ဂျပန်ကာကွယ်ရေး ဒုတိယဝန်ကြီး Toshiro Ino က အတည်ပြု ပြောကြားခဲ့ပါတယ်။
“ဒီကနေ့ နံနက် ၁၁:၀၅ နာရီမှာ မြောက်ကိုရီးယားဘက်ကနေ အနောက်ဘက်ကမ်းရိုးတန်းကနေ အရှေ့ဘက်ကို ပဲ့ထိန်းဒုံးကျည်တစင်း ပစ်လွှတ်ခဲ့ပါတယ်။ အသေးစိတ်အချက်အလက်တွေကို လက်ရှိသုံးသပ်နေဆဲဖြစ်ပေမယ့် ဒီဒုံးကျည်ဟာ ကိုရီးယားကျွန်းဆွယ် အရှေ့ဘက် ပင်လယ်ထဲကို မကျရောက်ခင် အမြင့် ၃၁ မိုင် ပတ်ဝန်းကျင်နဲ့ မိုင် ၅၀၀ လောက်အထိ ရောက်ရှိခဲ့ပါတယ်။”
ဒါပေမယ့် ဒုံးကျည် ကျရောက်ခဲ့တဲ့နေရာကတော့ အထူးစီးပွားရေးဇုန် (EEZ) အဖြစ် သတ်မှတ်ထားတဲ့ ဂျပန်ရေပိုင်နက် အပြင်ဘက်ဖြစ်တယ်လို့ ယူဆထားကြောင်း ဂျပန်ကာကွယ်ရေးဒုဝန်ကြီးက သတင်းထောက်တွေကို ပြောပါတယ်။
မြောက်ကိုရီးယားရဲ့ လုပ်ရပ်တွေဟာ ဂျပန်နိုင်ငံ၊ ဒေသတွင်းနဲ့ နိုင်ငံတကာအသိုင်းအဝန်းရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတာဖြစ်ပြီး ဂျပန်အနေနဲ့ လုံးဝလက်မခံနိုင်ကြောင်းလည်း Toshiro Ino က ဆိုပါတယ်။
မြောက်ကိုရီးယားဘက်က ဒီကနေ့ ဒုံးကျည် ပစ်လွှတ်စမ်းသပ်မှုမတိုင်ခင် မတ်လ (၁၆) ရက် ကြာသပတေးနေ့ကလည်း ဂျပန်နဲ့ ကိုရီးယားကျွန်းဆွယ်ကြားက ပင်လယ်ထဲကို တိုက်ချင်းပစ်ဒုံးကျည်တစင်း ပစ်လွှတ်ခဲ့ပါသေးတယ်။ အဲဒီအချိန်တုန်းက တောင်ကိုရီးယားသမ္မတဟာ တိုကျိုမြို့မှာ ပြုလုပ်တဲ့ မြောက်ကိုရီးယားရဲ့နျူကလီးယားလက်နက် တန်ပြန်ရေးနည်းလမ်းတွေအတွက် ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ ဂျပန်ကို ထွက်ခွာပြီး နာရီပိုင်းအကြာမှာ ပစ်လွှတ်ခဲ့တာ ဖြစ်ပါတယ်။