သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားဒုံးပစ်လွှတ်မှု တရုတ်၊ ရုရှား အားပေးအားမြှောက်လုပ်ဟု ကန် စွပ်စွဲ


မြောက်ကိုရီးယားအစိုးရရုပ်သံ(KCNA) ကထုတ်လွှင့်ပြတဲ့ နေရာအတိအကျမဖော်ပြထားတဲ့ ဒုံးကျည်ပစ်လွှတ်နေပုံ။ (မတ်လ ၂၀၊ ၂၀၂၃)  
မြောက်ကိုရီးယားအစိုးရရုပ်သံ(KCNA) ကထုတ်လွှင့်ပြတဲ့ နေရာအတိအကျမဖော်ပြထားတဲ့ ဒုံးကျည်ပစ်လွှတ်နေပုံ။ (မတ်လ ၂၀၊ ၂၀၂၃)  

{{Zawgyi/Unicode}}


မြောက်ကိုရီးယားဒုံးကျည်ပစ်လွှတ်နေတာကို တရုတ်နဲ့ ရုရှားက အားပေးအားမြှောက်ပြုနေတယ်လို့ အမေရိကန်က မနေ့ တနင်္လာနေ့က စွပ်စွဲလိုက်ပါတယ်။

တရုတ်နဲ့ရုရှားတို့ဟာ ရိုးသားမျှတတဲ့ သံတမန်ဆက်ဆံရေးမှာပါဝင်ဖို့ ငြင်းဆိုလိုက်ကြပြီး လုံခြုံရေး ကောင်စီဆုံးဖြတ်ချက်ကို ပိတ်ဆို့ခြင်းအားဖြင့် တိုက်ချင်းပစ်ဒုံးကျည်တွေ မြောက်ကိုရီးယားက စမ်းသပ်ပစ်ခတ်နေတာတွေ အရေးယူမခံရဘဲ အားပေးလိုက်ရာရောက်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Linda Thomas-Greenfield က လုံခြုံရေးကောင်စီအစည်းအဝေးမှာ စွပ်စွဲလိုက်တာပါ။

“တရုတ်နဲ့ရုရှားက အကာအကွယ်ပေးနေတာရပ်သွားဖို့ မြောက်ကိုရီးယားက လုံခြုံရေးကောင်စီဆုံးဖြတ်ချက်တွေကို အကြိမ်အရေအတွက် ဘယ်လောက်အထိ ချိုးဖောက်ရမလဲ” လို့လည်း အမေရိကန် သံအမတ်ကြီးက မေးခွန်းထုတ်လိုက်ပါတယ်။ မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုတွေဟာ အကျပ်ဆိုက်သထက်ဆိုက်လာစေပြီး ဒေသတွင်းလုံခြုံရေးကိုသာမက ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကိုပါ ခြိမ်းခြောက်နေတယ်လို့ အမေရိကန်၊ ပြင်သစ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့အပါအဝင် လုံခြုံရေး ကောင်စအဖွဲ့ဝင် ၉ နိုင်ငံကပူးတွဲကြေညာချက်ထုတ်ပြန်ပြီး တနင်္လာနေ့မှာ ရှုတ်ချလိုက်ကြပါတယ်။

တရုတ်နဲ့ ရုရှားတို့ကတော့ မြောက်ကိုရီးယားရဲ့ စမ်းသပ်မှုတွေအတွက် သူတို့မှာ တာဝန်မရှိဘူးလို့ ပြောလိုက်ကြပြီး အမေရိကန်နဲ့ တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှုအပေါ် အပြစ်ဖို့ရမှာဖြစ်တယ်လို့ ဆိုလိုက်ကြပါတယ်။ မနှစ် မေလတုန်းကလည်း မြောက်ကိုရီးယားအပေါ် အရေးယူမယ့် လုံခြုံရေး ကောင်စီဆုံးဖြတ်ချက်ကို တရုတ်နဲ့ ရုရှားတို့က ဗီတိုသုံးပယ်ချခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

============

{{Unicode}}






XS
SM
MD
LG