သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေျမာက္ကိုရီးယားဒုံးက်ည္စမ္းသပ္မႈေတြအတြက္ လုံျခံဳေရးေကာင္စီ အေရးယူႏိုင္ေရး ကန္ႀကိဳးစားေန


ကုလလံုၿခံဳေရးေကာင္စီအစည္းအေဝးမွာ ေတြ႔ရတဲ့ ကုလဆိုင္ရာအေမရိကန္သံအမတ္ႀကီး Linda Thomas-Greenfield (ေဖေဖာ္ဝါရီ ၂၀၊ ၂၀၂၃)

ေျမာက္ကိုရီးယားအေပၚ အေရးယူႏိုင္ေရး အရင္က ႀကိဳးပမ္းမႈေတြကို ႐ုရွားနဲ႔ တ႐ုတ္ႏိုင္ငံက ကန႔္ကြက္ခဲ့ေပမဲ့လည္း ေနာက္ဆုံး မစ္ဇိုင္းဒုံးက်ည္ပစ္ခတ္ခဲ့တဲ့ ကိစၥမွာေတာ့ ကုလသမဂၢလုံၿခဳံေရးေကာင္စီဘက္က တညီတၫြတ္တည္း တုံ႔ျပန္ႏိုင္ေအာင္ ႀကိဳးစားေနတဲ့အေၾကာင္း ကုလသဂၢဆိုင္ရာ အေမရိကန္သံအမတ္ႀကီး Linda Thomas-Greenfield က မေန႔က လုံၿခဳံေရးေကာင္စီမွာ ေျပာဆိုသြားပါတယ္။

"ပကတိျဖစ္ပ်က္ေနတဲ့ အေျခအေနေတြေပၚမွာ မသိက်ိဳးကြၽံ ေရွာင္လြဲလို႔ မရပါဘူး။ ေျမာက္ကိုရီးယား ခ်ိဳးေဖါက္ေနတာေတြဟာ ကၽြန္မတို႔ ခ်မွတ္ထားတဲ့ ဆုံးျဖတ္ခ်က္ပါ။ ဒီလုံၿခဳံေရးေကာင္စီက တိုက္႐ိုက္ခ်မွတ္ခဲ့တာပါ။ ႏိုင္ငံတကာ ၿငိမ္းခ်မ္းေရးနဲ႔ လုံၿခဳံေရးကို ထိန္းသိမ္းဖို႔ ႀကိဳးစားခဲ့ေပမယ့္ အရင္က မႀကဳံဖူးတဲ့ မစ္ဇိုင္းဒုံးက်ည္ စမ္းသပ္ပစ္ခတ္မႈေတြ ႀကဳံခဲ့ရေပမယ့္ ေျမာက္ကိုရီးယားဘက္က မေရမတြက္ႏို္ငေအာင္ ခ်ိဳးေဖါက္ခဲ့ေပမယ့္ အျမတမ္း အဖြဲ႕ဝင္ ႏိုင္ငံ ၂ ႏိုင္ငံက တိတ္ဆိတ္ ႏႈတ္ပိတ္ေနခဲ့ပါတယ္" ဆိုၿပီး သံအမတ္ႀကီး Linda Thomas-Greenfield က ေျပာဆိုသြားတာပါ။ ဒီလို အေရးႀကီးတဲ့ ကိစၥကို ႏႈတ္ပိတ္ေနတာဟာ က်ိဳးေၾကာင္း မသင့္ေလ်ာ္တဲ့ကိစၥလို႔လည္း သူက သုံးႏႈန္းသြားပါတယ္။

ေဖေဖၚဝါရီလ ၁၈ ရက္နဲ႔ ၁၉ ရက္ေန႔ေတြမွာ ေျမာက္ကိုရီးယားက ပဲ့ထိန္းသုံးဒုံးက်ည္ သုံးစင္း ပစ္ခတ္ခဲ့ၿပီး ဒါဟာ ဒီႏွစ္အတြင္း တတိယအႀကိမ္ျဖစ္ပါတယ္။ ၂၀၂၂ ခုႏွစ္ေနာက္ပိုင္း ICBM တိုက္ခ်င္းပစ္ပဲ့ထိမ္းသုံး ဒုံးက်ည္ ကိုးႀကိမ္ေျမာက္ ပစ္ခတ္ခဲ့တာကိုလည္း သံအမတ္ႀကီး Greenfield က ေျပာဆိုသြားပါတယ္။ တနလၤာေန႔က လုံၿခဳံေရးေကာင္စီအစည္းအေဝးအၿပီးမွာ အဖြဲ႕ဝင္ႏိုင္ငံ ၁၅ ႏိုင္င္ငံထဲက ၈ ႏိုင္ငံနဲ႔ ေတာင္ကိုရီးယားတို႔ ပူးေပါင္းၿပီး ေျမာက္ကိုရီးယားရဲ႕ ေနာက္ဆုံး မစ္ဇိုင္းဒုံးက်ည္ ပစ္ခတ္တာကို ရႈတ္ခ်တဲ့ ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။

အေမရိကန္ျပည္ေထာင္စုဘက္က ဆုံးျဖတ္ခ်က္တဲ့ တဆင့္နိမ့္ေပမယ့္ အဖြဲ႕ဝင္ႏိုင္ငံအားလုံး တညီတၫြတ္တည္းေထာက္ခံဖို႔လိုတဲ့ အလွည့္က် ဥကၠ႒ရဲ႕ ေၾကညာခ်က္ ထြက္လာဖို႔ တိုက္တြန္းေနတာပါ။ ေမလတုန္းကေတာ့ ေျမာက္ကိုရီးယားအေပၚ ပိတ္ဆို႔ဒဏ္ခတ္ေရး အေမရိကန္ျပည္ေထာင္စု ေထာက္ခံအဆိုျပဳထားတဲ့ ဆုံးျဖတ္ခ်က္ကို တ႐ုတ္နဲ႔ ႐ုရွား ႏွစ္ႏိုင္ငံက ဗီတိုအာဏာနဲ႔ ပယ္ခ်ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode]

မြောက်ကိုရီးယားဒုံးကျည်စမ်းသပ်မှုတွေအတွက် လုံခြုံရေးကောင်စီ အရေးယူနိုင်ရေး ကန်ကြိုးစားနေ

မြောက်ကိုရီးယားအပေါ် အရေးယူနိုင်ရေး အရင်က ကြိုးပမ်းမှုတွေကို ရုရှားနဲ့ တရုတ်နိုင်ငံက ကန့်ကွက်ခဲ့ပေမဲ့လည်း နောက်ဆုံး မစ်ဇိုင်းဒုံးကျည်ပစ်ခတ်ခဲ့တဲ့ ကိစ္စမှာတော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီဘက်က တညီတညွတ်တည်း တုံ့ပြန်နိုင်အောင် ကြိုးစားနေတဲ့အကြောင်း ကုလသဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield က မနေ့က လုံခြုံရေးကောင်စီမှာ ပြောဆိုသွားပါတယ်။

"ပကတိဖြစ်ပျက်နေတဲ့ အခြေအနေတွေပေါ်မှာ မသိကျိုးကျွံ ရှောင်လွဲလို့ မရပါဘူး။ မြောက်ကိုရီးယား ချိုးဖေါက်နေတာတွေဟာ ကျွန်မတို့ ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်ပါ။ ဒီလုံခြုံရေးကောင်စီက တိုက်ရိုက်ချမှတ်ခဲ့တာပါ။ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိန်းသိမ်းဖို့ ကြိုးစားခဲ့ပေမယ့် အရင်က မကြုံဖူးတဲ့ မစ်ဇိုင်းဒုံးကျည် စမ်းသပ်ပစ်ခတ်မှုတွေ ကြုံခဲ့ရပေမယ့် မြောက်ကိုရီးယားဘက်က မရေမတွက်နိုငအောင် ချိုးဖေါက်ခဲ့ပေမယ့် အမြတမ်း အဖွဲ့ဝင် နိုင်ငံ ၂ နိုင်ငံက တိတ်ဆိတ် နှုတ်ပိတ်နေခဲ့ပါတယ်" ဆိုပြီး သံအမတ်ကြီး Linda Thomas-Greenfield က ပြောဆိုသွားတာပါ။ ဒီလို အရေးကြီးတဲ့ ကိစ္စကို နှုတ်ပိတ်နေတာဟာ ကျိုးကြောင်း မသင့်လျော်တဲ့ကိစ္စလို့လည်း သူက သုံးနှုန်းသွားပါတယ်။

ဖေဖေါ်ဝါရီလ ၁၈ ရက်နဲ့ ၁၉ ရက်နေ့တွေမှာ မြောက်ကိုရီးယားက ပဲ့ထိန်းသုံးဒုံးကျည် သုံးစင်း ပစ်ခတ်ခဲ့ပြီး ဒါဟာ ဒီနှစ်အတွင်း တတိယအကြိမ်ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်နောက်ပိုင်း ICBM တိုက်ချင်းပစ်ပဲ့ထိမ်းသုံး ဒုံးကျည် ကိုးကြိမ်မြောက် ပစ်ခတ်ခဲ့တာကိုလည်း သံအမတ်ကြီး Greenfield က ပြောဆိုသွားပါတယ်။ တနင်္လာနေ့က လုံခြုံရေးကောင်စီအစည်းအဝေးအပြီးမှာ အဖွဲ့ဝင်နိုင်ငံ ၁၅ နိုင်င်ငံထဲက ၈ နိုင်ငံနဲ့ တောင်ကိုရီးယားတို့ ပူးပေါင်းပြီး မြောက်ကိုရီးယားရဲ့ နောက်ဆုံး မစ်ဇိုင်းဒုံးကျည် ပစ်ခတ်တာကို ရှုတ်ချတဲ့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုဘက်က ဆုံးဖြတ်ချက်တဲ့ တဆင့်နိမ့်ပေမယ့် အဖွဲ့ဝင်နိုင်ငံအားလုံး တညီတညွတ်တည်းထောက်ခံဖို့လိုတဲ့ အလှည့်ကျ ဥက္ကဋ္ဌရဲ့ ကြေညာချက် ထွက်လာဖို့ တိုက်တွန်းနေတာပါ။ မေလတုန်းကတော့ မြောက်ကိုရီးယားအပေါ် ပိတ်ဆို့ဒဏ်ခတ်ရေး အမေရိကန်ပြည်ထောင်စု ထောက်ခံအဆိုပြုထားတဲ့ ဆုံးဖြတ်ချက်ကို တရုတ်နဲ့ ရုရှား နှစ်နိုင်ငံက ဗီတိုအာဏာနဲ့ ပယ်ချခဲ့ပါတယ်။

XS
SM
MD
LG