ေျမာက္ကိုရီးယားစစ္တပ္ ဒုတိယအႀကီးအကဲ ေျပာင္းလဲခန္႔အပ္
{{Zawgyi/Unicode}}
ေျမာက္ကိုရီးယား စစ္တပ္ရဲ႕ ဒုတိယ အႀကီးအကဲ ေနရာကို အစားထိုး ခန္႔အပ္လိုက္ေၾကာင္း ႏိုင္ငံပိုင္ မီဒီယာက ေဖာ္ျပပါတယ္။ ၿပီးခဲ႔တဲ႔ သီတင္းပတ္ အတြင္း က်င္းပတဲ႔ အာဏာရ ပါတီရဲ႕ ႏွစ္ပတ္လည္ အစည္းအေ၀းတြင္းမွာ Pak Jong Chon ရဲ႕ ရာထူးေနရာကို Ri Yong Gil နဲ႔ အစားထိုးလိုက္ေၾကာင္း ႏိုင္ငံပိုင္ KCNA သတင္းက တနဂၤေႏြေန႔က ေဖာ္ျပပါတယ္။
အခုလို ေျပာင္းေရႊ႕ ခန္႔အပ္မႈနဲ႔ ပတ္သက္တဲ႔ အေသးစိတ္ အေၾကာင္းရင္းကိုေတာ့ သတင္းမွာ မေဖာ္ျပပါဘူး။
ေျမာက္ကိုရီးယား ေခါင္းေဆာင္ ကင္ဂ်ံဳအြန္းက အေမရိကန္ရဲ႕ ရန္လိုမႈေတြကို တုံ႔ျပန္ေရး အတြက္လို႔ သံုးႏႈန္း ေျပာဆိုၿပီး ႏိုင္ငံရဲ႕ ႏ်ဴးကလီးယားလက္နက္ေတြ တိုးခ်ဲ႕ေရးနဲ႔ ပိုၿပီး ျပင္းထန္ အားေကာင္းတဲ႔ တိုက္ခ်င္းပစ္ ပဲ႔ထိန္းတပ္ ဒံုးက်ည္ေတြ စမ္းသပ္ေရး ေျပာဆိုထားခ်ိန္မွာဘဲ စစ္ဘက္ ရာထူး ေနရာ လူစားထိုး ခန္႔အပ္မႈ ထြက္ေပၚလာတာ ျဖစ္ပါတယ္။
မြောက်ကိုရီးယားစစ်တပ် ဒုတိယအကြီးအကဲ ပြောင်းလဲခန့်အပ်
{{Zawgyi/Unicode}}
မြောက်ကိုရီးယား စစ်တပ်ရဲ့ ဒုတိယ အကြီးအကဲ နေရာကို အစားထိုး ခန့်အပ်လိုက်ကြောင်း နိုင်ငံပိုင် မီဒီယာက ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း ကျင်းပတဲ့ အာဏာရ ပါတီရဲ့ နှစ်ပတ်လည် အစည်းအဝေးတွင်းမှာ Pak Jong Chong ရဲ့ ရာထူးနေရာကို Ri Yong Gil နဲ့ အစားထိုးလိုက်ကြောင်း နိုင်ငံပိုင် KCNA သတင်းက တနင်္ဂနွေနေ့က ဖော်ပြပါတယ်။
အခုလို ပြောင်းရွှေ့ ခန့်အပ်မှုနဲ့ ပတ်သက်တဲ့ အသေးစိတ် အကြောင်းရင်းကိုတော့ သတင်းမှာ မဖော်ပြပါဘူး။
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းက အမေရိကန်ရဲ့ ရန်လိုမှုတွေကို တုံ့ပြန်ရေး အတွက်လို့ သုံးနှုန်း ပြောဆိုပြီး နိုင်ငံရဲ့ နျူးကလီးယားလက်နက်တွေ တိုးချဲ့ရေးနဲ့ ပိုပြီး ပြင်းထန် အားကောင်းတဲ့ တိုက်ချင်းပစ် ပဲ့ထိန်းတပ် ဒုံးကျည်တွေ စမ်းသပ်ရေး ပြောဆိုထားချိန်မှာဘဲ စစ်ဘက် ရာထူး နေရာ လူစားထိုး ခန့်အပ်မှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။