တ႐ုတ္ခရီးသြားဝင္ေရာက္မႈ ေျမာက္ကိုရီးယား ယာယီပိတ္ပင္
{{Zawgyi/Unicode}}
တ႐ုတ္ ႏိုင္ငံမွာ ကိုဗစ္ကပ္ေရာဂါ ကူးစက္မႈလိႈင္း ျမင့္တက္ေနတဲ့အေပၚမွာ ႏိုင္ငံတကာ က စိုးရိမ္ေနၾကစဥ္မွာပဲ ေျမာက္ကိုရီးယားႏိုင္ငံကေတာ့ သူရဲ႕အနီးကပ္ဆုံး မဟာမိတ္ တ႐ုတ္ႏိုင္ငံက ဝင္ေရာက္လာမဲ့သူေတြအတြက္ ဝင္ေရာက္ခြင့္ ယာယီပိတ္ပင္လိုက္ပါတယ္။
ဒါေပမဲ့လည္း ေျမာက္ကိုရီးယားအေနနဲ႔ အဲဒီလို သတ္မွတ္ခ်က္ကို ဘယ္အခ်ိန္ကေနစတင္ၿပီး ဘယ္အခ်ိန္အထိဆိုတာ ရွင္းရွင္းလင္းလင္း မရွိေသးပါဘူး။
ေျမာက္ကိုရီးယား အေနနဲ႔ တ႐ုတ္ႏိုင္ငံသားေတြအေပၚ ကန္႔သတ္လိုက္တာဟာ တျခားႏိုင္ငံေတြထက္ေတာင္မွ ပိုမိုတင္းမာေနတာပါ။ ႏိုင္ငံအမ်ားစုက တ႐ုတ္ႏိုင္ငံက လာတဲ့သူေတြကို ကိုဗစ္ကင္းစင္ေၾကာင္း အေထာက္အထားျပဖို႔ပဲ ေတာင္းဆိုထားတာ ျဖစ္ပါတယ္။
အေမရိကန္ ျပည္ေထာင္စု ကေတာ့ ဇန္နဝါရီလ ၅ ရက္ေန႔ကစၿပီး တ႐ုတ္ႏိုင္ငံက လာတဲ့ ခရီးသည္ေတြအေနနဲ႔ အသက္ ၂ ႏွစ္ေအာက္ ကေလးငယ္ေတြကလြဲၿပီး မည္သူမဆို ေလယာဥ္ေပၚမတက္ခင္ ကိုဗစ္ကင္းစင္ေၾကာင္း အေထာက္အထားျပရမယ္လို႔ ေၾကညာခဲ့ပါတယ္။
တခ်ိန္တည္းမွာပဲ အီတလီႏိုင္ငံကလည္း သူႏိုင္ငံကိုၾကားခံထား ခရီးသြားၾကသူေတြအပါအဝင္ တ႐ုတ္ႏိုင္ငံသားေတြ အားလုံးကို ကိုဗစ္ကပ္ေရာဂါ ရွိမရွိ စစ္ေဆးခံရမယ္လို႔ အမိန႔္ထုတ္ျပန္ပါတယ္။
ဂ်ပန္ဝန္ႀကီးခ်ဳပ္ Fumio Kishida ကလည္း ၿပီးခဲ့တဲ့ ၇ ရက္အတြင္းက တရုတ္ႏိုင္ငံအတြင္း သြားေရာက္ခဲ့ၾကသူေတြကို ကိုဗစ္ကပ္ေရာဂါ ရွိမရွိ စစ္ေဆးၾကဖို႔ နဲ႔ Quarantine ဝင္ၾကဖို႔ ၿပီးခဲ့တဲ့ အဂၤါေန႔က ေၾကညာလိုက္ပါတယ္။ ဒါအျပင္ တရုတ္ျပည္မႀကီး ၊ ေဟာင္ေကာင္ နဲ႔ Macao တို႔နဲ႔လည္း ဂ်ပန္ႏိုင္ငံက ေလယာဥ္ခရီးစဥ္ေတြ ျဖတ္ေတာက္လိုက္ပါတယ္။
တရုတ်ခရီးသွားဝင်ရောက်မှု မြောက်ကိုရီးယား ယာယီပိတ်ပင်
{{Zawgyi/Unicode}}
တရုတ် နိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုလှိုင်း မြင့်တက်နေတဲ့အပေါ်မှာ နိုင်ငံတကာ က စိုးရိမ်နေကြစဉ်မှာပဲ မြောက်ကိုရီးယားနိုင်ငံကတော့ သူရဲ့အနီးကပ်ဆုံး မဟာမိတ် တရုတ်နိုင်ငံက ဝင်ရောက်လာမဲ့သူတွေအတွက် ဝင်ရောက်ခွင့် ယာယီပိတ်ပင်လိုက်ပါတယ်။
ဒါပေမဲ့လည်း မြောက်ကိုရီးယားအနေနဲ့ အဲဒီလို သတ်မှတ်ချက်ကို ဘယ်အချိန်ကနေစတင်ပြီး ဘယ်အချိန်အထိဆိုတာ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။
မြောက်ကိုရီးယား အနေနဲ့ တရုတ်နိုင်ငံသားတွေအပေါ် ကန့်သတ်လိုက်တာဟာ တခြားနိုင်ငံတွေထက်တောင်မှ ပိုမိုတင်းမာနေတာပါ။ နိုင်ငံအများစုက တရုတ်နိုင်ငံက လာတဲ့သူတွေကို ကိုဗစ်ကင်းစင်ကြောင်း အထောက်အထားပြဖို့ပဲ တောင်းဆိုထားတာ ဖြစ်ပါတယ်။
အမေရိကန် ပြည်ထောင်စု ကတော့ ဇန်နဝါရီလ ၅ ရက်နေ့ကစပြီး တရုတ်နိုင်ငံက လာတဲ့ ခရီးသည်တွေအနေနဲ့ အသက် ၂ နှစ်အောက် ကလေးငယ်တွေကလွဲပြီး မည်သူမဆို လေယာဉ်ပေါ်မတက်ခင် ကိုဗစ်ကင်းစင်ကြောင်း အထောက်အထားပြရမယ်လို့ ကြေညာခဲ့ပါတယ်။
တချိန်တည်းမှာပဲ အီတလီနိုင်ငံကလည်း သူနိုင်ငံကိုကြားခံထား ခရီးသွားကြသူတွေအပါအဝင် တရုတ်နိုင်ငံသားတွေ အားလုံးကို ကိုဗစ်ကပ်ရောဂါ ရှိမရှိ စစ်ဆေးခံရမယ်လို့ အမိန့်ထုတ်ပြန်ပါတယ်။
ဂျပန်ဝန်ကြီးချုပ် Fumio Kishida ကလည်း ပြီးခဲ့တဲ့ ၇ ရက်အတွင်းက တရုတ်နိုင်ငံအတွင်း သွားရောက်ခဲ့ကြသူတွေကို ကိုဗစ်ကပ်ရောဂါ ရှိမရှိ စစ်ဆေးကြဖို့ နဲ့ Quarantine ဝင်ကြဖို့ ပြီးခဲ့တဲ့ အင်္ဂါနေ့က ကြေညာလိုက်ပါတယ်။ ဒါအပြင် တရုတ်ပြည်မကြီး ၊ ဟောင်ကောင် နဲ့ Macao တို့နဲ့လည်း ဂျပန်နိုင်ငံက လေယာဉ်ခရီးစဉ်တွေ ဖြတ်တောက်လိုက်ပါတယ်။