သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေျမာက္ကိုရီးယား ပဲ့ထိန္းဒုံးေတြ ဆက္လက္ပစ္လႊတ္


A missile launch is seen at an undisclosed location in North Korea

ေျမာက္ကိုရီးယားက တာတိုပစ္ ပဲ့ထိန္းဒုံးက်ည္ (၄) စင္းကို ဒီေန႔စေနေန႔မွာ ထပ္မံပစ္လႊတ္ပါတယ္။ ဒီသီတင္းပတ္ထဲမွာ ေျမာက္ကိုရီးယားရဲ႕ ဒုံးက်ည္ ပစ္လႊတ္မႈေတြကို တုံ႔ျပန္တဲ့အေနနဲ႔ အေမရိကန္နဲ႔ ေတာင္ကိုရီးယား ႏွစ္ႏိုင္ငံ ပူးတြဲစစ္ေရးေလ့က်င့္မႈေတြကို ေနာက္ထပ္တရက္တိုး ဆက္လုပ္ေနခ်ိန္မွာပဲ ေျမာက္ကိုရီးယားကလည္း ဒုံးက်ည္ေတြ ထပ္ၿပီးပစ္လႊတ္ခဲ့တာပါ။

ဒုံးက်ည္ေတြဟာ အကြာအေဝး မိုင္ (၈၀) အထိ ေရာက္ခဲ့ၿပီး၊ အေနာက္ဘက္ျခမ္း ပင္လယ္ျပင္အထက္ အျမင့္ေပ (၆) ေသာင္းခြဲအထိ ေရာက္ခဲ့တယ္လို႔ ေတာင္ကိုရီးယား ကာကြယ္ေရးဝန္ႀကီးဌာနက ေျပာပါတယ္။

ေျမာက္ကိုရီးယားဟာ ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔ကစလို႔ မစ္ဇိုင္းဒုံးက်ည္ (၃၀) ထက္မနည္း ပစ္လႊတ္စမ္းသပ္ခဲ့ၿပီး၊ ဒီလိုစမ္းသပ္မႈေတြေၾကာင့္ ေတာင္ကိုရီးယားနဲ႔ ဂ်ပန္ႏိုင္ငံေတြမွာ ေလေၾကာင္းရန္ သတိေပးခ်က္ေတြနဲ႔ အေရးေပၚေဘးလြတ္ရာ ခိုလႈံၾကဖို႔ ညႊန္ၾကားခ်က္ေတြ ထုတ္ရတဲ့အထိ အေျခအေနေတြ ေရာက္ခဲ့ရတာပါ။

ၾကာသပေတးေန႔က တိုက္ခ်င္းပစ္ ပဲ့ထိန္းဒုံးက်ည္ စမ္းသပ္မႈကေတာ့ မေအာင္ျမင္ခဲ့ပါဘူး။ ေတာင္နဲ႔ေျမာက္ ကိုရီးယားႏွစ္ႏိုင္ငံ တင္းမာမႈေတြ ဆက္ရွိေနခ်ိန္မွာပဲ ေျမာက္ကိုရီးယားက ႏွစ္ႏိုင္ငံနယ္စပ္အနီးမွာ စစ္ေလယာဥ္အစင္း (၁၈၀) ေလာက္ ေသာၾကာေန႔က ပ်ံသန္းခဲ့တဲ့အတြက္ ေတာင္ကိုရီးယား ေလတပ္ကလည္း တိုက္ေလယာဥ္ေတြ ခ်က္ခ်င္းပ်ံသန္းၿပီး ကာကြယ္ဖို႔ အသင့္ျပင္ခဲ့ၾကရပါတယ္။

ဒီကေန႔ အေမရိကန္နဲ႔ ေတာင္ကိုရီးယား ပူးတြဲစစ္ေရး ေလ့က်င့္မႈေတြမွာေတာ့ အေမရိကန္ B-1B မဟာဗ်ဴဟာေျမာက္ ဗုံးက်ဲေလယာဥ္ေတြနဲ႔ပါ ေလ့က်င့္ခဲ့ၾကပါတယ္။

===== Unicode ====

မြောက်ကိုရီးယားက တာတိုပစ် ပဲ့ထိန်းဒုံးကျည် (၄) စင်းကို ဒီနေ့စနေနေ့မှာ ထပ်မံပစ်လွှတ်ပါတယ်။ ဒီသီတင်းပတ်ထဲမှာ မြောက်ကိုရီးယားရဲ့ ဒုံးကျည် ပစ်လွှတ်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်နဲ့ တောင်ကိုရီးယား နှစ်နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို နောက်ထပ်တရက်တိုး ဆက်လုပ်နေချိန်မှာပဲ မြောက်ကိုရီးယားကလည်း ဒုံးကျည်တွေ ထပ်ပြီးပစ်လွှတ်ခဲ့တာပါ။

ဒုံးကျည်တွေဟာ အကွာအဝေး မိုင် (၈၀) အထိ ရောက်ခဲ့ပြီး၊ အနောက်ဘက်ခြမ်း ပင်လယ်ပြင်အထက် အမြင့်ပေ (၆) သောင်းခွဲအထိ ရောက်ခဲ့တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကစလို့ မစ်ဇိုင်းဒုံးကျည် (၃၀) ထက်မနည်း ပစ်လွှတ်စမ်းသပ်ခဲ့ပြီး၊ ဒီလိုစမ်းသပ်မှုတွေကြောင့် တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတွေမှာ လေကြောင်းရန် သတိပေးချက်တွေနဲ့ အရေးပေါ်ဘေးလွတ်ရာ ခိုလှုံကြဖို့ ညွှန်ကြားချက်တွေ ထုတ်ရတဲ့အထိ အခြေအနေတွေ ရောက်ခဲ့ရတာပါ။

ကြာသပတေးနေ့က တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုကတော့ မအောင်မြင်ခဲ့ပါဘူး။ တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံ တင်းမာမှုတွေ ဆက်ရှိနေချိန်မှာပဲ မြောက်ကိုရီးယားက နှစ်နိုင်ငံနယ်စပ်အနီးမှာ စစ်လေယာဉ်အစင်း (၁၈၀) လောက် သောကြာနေ့က ပျံသန်းခဲ့တဲ့အတွက် တောင်ကိုရီးယား လေတပ်ကလည်း တိုက်လေယာဉ်တွေ ချက်ချင်းပျံသန်းပြီး ကာကွယ်ဖို့ အသင့်ပြင်ခဲ့ကြရပါတယ်။

ဒီကနေ့ အမေရိကန်နဲ့ တောင်ကိုရီးယား ပူးတွဲစစ်ရေး လေ့ကျင့်မှုတွေမှာတော့ အမေရိကန် B-1B မဟာဗျူဟာမြောက် ဗုံးကျဲလေယာဉ်တွေနဲ့ပါ လေ့ကျင့်ခဲ့ကြပါတယ်။

XS
SM
MD
LG