သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေျမာက္ကိုရီးယားက ပဲ့ထိန္းတပ္ဒုံးက်ည္ ႏွစ္စင္း ထပ္မံစမ္းသပ္ပစ္လႊတ္


ေျမာက္ကိုရီးယားက ေအာက္တိုဘာလ ၅ ရက္ေန႔တြင္ ျပဳလုပ္ခဲ့သည့္ ဒုံးက်ည္ စမ္းသပ္ ပစ္လႊတ္မႈ (မွတ္တမ္းဓါတ္ပုံ)။ (ဓါတ္ပုံ-AP)

ကိုရီးယားကြၽန္းဆြယ္ကေန အေမရိကန္ ေလယာဥ္တင္သေဘၤာ ျပန္လည္ထြက္ခြါသြားၿပီးတဲ့ေနာက္ ေျမာက္ကိုရီးယားက ပဲ့ထိန္းတပ္ဒုံးက်ည္ ၂ စင္းကို သန္းေခါင္ေက်ာ္အခ်ိန္မွာ စမ္းသပ္ပစ္လႊတ္လိုက္ပါတယ္။ တနလၤာေန႔မွာ က်ေရာက္မယ့္ ေျမာက္ကိုရီးယား အလုပ္သမားပါတီရဲ႕ ၇၇ ႏွစ္ေျမာက္ ႏွစ္ပတ္လည္ေန႔အႀကိဳမွာ ပစ္ခတ္လိုက္တာလည္း ျဖစ္ပါတယ္။

ေတာင္ကိုရီးယားေရတပ္နဲ႔ အေမရိကန္စစ္သေဘၤာေတြက လာေရာက္စစ္ေရးေလ့က်င့္တာဟာ လက္ရွိအေျခအေနမွာ အလြန္႔အလြန္ကို စိုးရိမ္ရတယ္လို႔ ေျမာက္ကိုရီးယား ကာကြယ္ေရးဝန္ႀကီးဌာနရဲ႕ ေျပာေရးဆိုခြင့္ရွိသူက ႏိုင္ငံေတာ္ပိုင္ KCNA သတင္းဌာနကတဆင့္ စေနေန႔က ေျပာပါတယ္။

တနဂၤေႏြေန႔ မနက္အေစာႀကီး ၁ နာရီ ၄ဂ မိနစ္ နဲ႔ ၅၈ မိနစ္တို႔မွာ တာတိုပစ္ ပဲ့ထိန္းတပ္ဒုံးက်ည္ ၂ စင္း ကို Munchon ေဒသကေန ဂ်ပန္ ပင္လယ္ျပင္ထဲကို ပစ္လႊတ္လိုက္တာ ျဖစ္တယ္လို႔ ေတာင္ကိုရီးယားစစ္တပ္က ေျပာပါတယ္။ ဒုံးက်ည္ေတြဟာ အျမင့္ ၉၀ ကီလိုမီတာကေန ခရီး ၃၅၀ ကီလိုမီတာကို သြားခဲ့တယ္လို႔ ဆိုပါတယ္။ ေရငုပ္သေဘၤာကေန ပစ္လႊတ္ခဲ့သလား ဆိုတာကိုေတာ့ ေလ့လာေနတုန္းပဲလို႔ ဂ်ပန္ ဒုတိယ ကာကြယ္ေရးဝန္ႀကီး Toshiro Ino က ေျပာပါတယ္။

ဒုံးက်ည္ေတြဟာ ဂ်ပန္ရဲ႕ စီးပြါးေရးဇုံအျပင္ဘက္ကို က်ေရာက္ခဲ့တယ္လို႔ ဆိုပါတယ္။ ဒါဟာ ေျမာက္ကိုရီးယားက ၁၅ ရက္အတြင္းမွာ ခုနစ္စင္းေျမာက္ ပစ္လႊတ္လိုက္တဲ့ ဒုံးက်ည္ ျဖစ္ပါတယ္။

အခုလို ပစ္လႊတ္တာကို ဂ်ပန္ နဲ႔ ေတာင္ကိုရီးယား အမ်ိဳးသားလုံၿခဳံေရးေကာင္စီတို႔က ရႈတ္ခ်လိုက္ၾကပါတယ္။ ေနာက္ဆုံး ပစ္လႊတ္လိုက္တာ ဟာ အေမရိကန္နဲ႔ မဟာမိတ္ေတြကို ခ်က္ခ်င္းလက္ငင္း ၿခိမ္းေျခာက္ႏိုင္တာ မရွိပါဘူးလို႔ အေမရိကန္-အင္ဒိုပစိဖိတ္ေဒသ စစ္ဌာနခ်ဳပ္က သုံးသပ္ပါတယ္။

=== Unicode ====

ကိုရီးယားကျွန်းဆွယ်ကနေ အမေရိကန် လေယာဉ်တင်သင်္ဘော ပြန်လည်ထွက်ခွါသွားပြီးတဲ့နောက် မြောက်ကိုရီးယားက ပဲ့ထိန်းတပ်ဒုံးကျည် ၂ စင်းကို သန်းခေါင်ကျော်အချိန်မှာ စမ်းသပ်ပစ်လွှတ်လိုက်ပါတယ်။ တနင်္လာနေ့မှာ ကျရောက်မယ့် မြောက်ကိုရီးယား အလုပ်သမားပါတီရဲ့ ၇၇ နှစ်မြောက် နှစ်ပတ်လည်နေ့အကြိုမှာ ပစ်ခတ်လိုက်တာလည်း ဖြစ်ပါတယ်။

တောင်ကိုရီးယားရေတပ်နဲ့ အမေရိကန်စစ်သင်္ဘောတွေက လာရောက်စစ်ရေးလေ့ကျင့်တာဟာ လက်ရှိအခြေအနေမှာ အလွန့်အလွန်ကို စိုးရိမ်ရတယ်လို့ မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူက နိုင်ငံတော်ပိုင် KCNA သတင်းဌာနကတဆင့် စနေနေ့က ပြောပါတယ်။

တနင်္ဂနွေနေ့ မနက်အစောကြီး ၁ နာရီ ၄ဂ မိနစ် နဲ့ ၅၈ မိနစ်တို့မှာ တာတိုပစ် ပဲ့ထိန်းတပ်ဒုံးကျည် ၂ စင်း ကို Munchon ဒေသကနေ ဂျပန် ပင်လယ်ပြင်ထဲကို ပစ်လွှတ်လိုက်တာ ဖြစ်တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။ ဒုံးကျည်တွေဟာ အမြင့် ၉၀ ကီလိုမီတာကနေ ခရီး ၃၅၀ ကီလိုမီတာကို သွားခဲ့တယ်လို့ ဆိုပါတယ်။ ရေငုပ်သင်္ဘောကနေ ပစ်လွှတ်ခဲ့သလား ဆိုတာကိုတော့ လေ့လာနေတုန်းပဲလို့ ဂျပန် ဒုတိယ ကာကွယ်ရေးဝန်ကြီး Toshiro Ino က ပြောပါတယ်။

ဒုံးကျည်တွေဟာ ဂျပန်ရဲ့ စီးပွါးရေးဇုံအပြင်ဘက်ကို ကျရောက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ မြောက်ကိုရီးယားက ၁၅ ရက်အတွင်းမှာ ခုနစ်စင်းမြောက် ပစ်လွှတ်လိုက်တဲ့ ဒုံးကျည် ဖြစ်ပါတယ်။

အခုလို ပစ်လွှတ်တာကို ဂျပန် နဲ့ တောင်ကိုရီးယား အမျိုးသားလုံခြုံရေးကောင်စီတို့က ရှုတ်ချလိုက်ကြပါတယ်။ နောက်ဆုံး ပစ်လွှတ်လိုက်တာ ဟာ အမေရိကန်နဲ့ မဟာမိတ်တွေကို ချက်ချင်းလက်ငင်း ခြိမ်းခြောက်နိုင်တာ မရှိပါဘူးလို့ အမေရိကန်-အင်ဒိုပစိဖိတ်ဒေသ စစ်ဌာနချုပ်က သုံးသပ်ပါတယ်။

XS
SM
MD
LG