သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေျမာက္ကိုရီးယားအေပၚ ကုလလုံျခံဳေရးေကာင္စီ အေရးယူဖို႔ G-7 တိုက္တြန္း 


This photo provided on Nov. 19, 2022, by the North Korean government shows North Korean leader Kim Jong Un and his daughter inspecting a missile at Pyongyang International Airport in Pyongyang, North Korea, Nov. 18, 2022.

ေျမာက္ကိုရီးယားႏုိ္င္ငံက အခုေနာက္ဆုံး တုိက္ခ်င္း ပစ္မစ္ဇိုင္းဒုံးေတြ ပစ္လႊတ္ေနတဲ့ကိစၥအေပၚ ကုလသမဂၢလုံၿခဳံေရးေကာင္စီက သိသာထင္ရွားတဲ့ အေရးယူေဆာင္ရြက္မႈေတြလုပ္ဖို႔ လိုတယ္လို႔ စက္မႈအင္အားႀကီး ၇ ႏုိင္ငံ၊(G7) ႏုိင္ငံျခားေ၇း၀န္ႀကီးေတြက တနဂၤေႏြေန႔မွာ ေျပာပါတယ္။ 

ေျမာက္ကိုရီးယားအေပၚ ကုလလုံျခံဳေရးေကာင္စီ အေရးယူဖို႔ G-7 တိုက္တြန္း

{{Zawgyi/Unicode}}

ေျမာက္ကိုရီးယားႏုိ္င္ငံက အခုေနာက္ဆုံး တုိက္ခ်င္း ပစ္မစ္ဇိုင္းဒုံးေတြ ပစ္လႊတ္ေနတဲ့ကိစၥအေပၚ ကုလသမဂၢလုံၿခဳံေရးေကာင္စီက သိသာထင္ရွားတဲ့ အေရးယူေဆာင္ရြက္မႈေတြလုပ္ဖို႔ လိုတယ္လို႔ စက္မႈအင္အားႀကီး ၇ ႏုိင္ငံ၊(G7) ႏုိင္ငံျခားေ၇း၀န္ႀကီးေတြက တနဂၤေႏြေန႔မွာ ေျပာပါတယ္။

ဒီႏွစ္ထဲ ေျမာက္ကိုရီးယားက မစ္ဇုိင္းဒုံးေတြ ဆက္တိုက္ စမ္းသပ္ပစ္လႊတ္ေနတဲ့အေရး ေဆြးေႏြးဖို႔ အေမရိကန္ျပည္ေထာင္စုရဲ ႔ေတာင္းဆိုခ်က္အရ ကုလသမဂၢ လုံၿခဳံေရးေကာင္စီမွာ တနလၤာေန႔ ေဆြးေႏြးဖို႔ရွိပါတယ္။ ေျမာက္ကိုရီးယားရဲ ႔လုပ္ရပ္ကို ႏုိ္င္ငံတကာက ခုိင္မာညီညႊတ္စြာ တုန္႔ျပန္ဖိို႔လိုတယ္လို႔ အေမရိကန္၊ ဂ်ပန္၊ ကေနဒါ၊ ဂ်ာမဏီ၊ ၿဗိတိန္၊ ျပင္သစ္နဲ႔ အီတလီ ႏုိင္ငံျခားေရး၀န္ႀကီးေတြကေျပာပါတယ္။

ေဒသတြင္းလုံၿခဳံေရးအတြက္ တပ္စြဲထားတဲ့ အေမရိကန္တပ္ေတြ ျပင္းထန္တဲ့ စစ္ေရးတုံ႔ျပန္မႈနဲ႔ ရင္ဆုိင္ရလိမ့္မယ္လို႔ သတိေပးလိုက္ၿပီး သိပ္မၾကာခင္မွာပဲ ေျမာက္ကိုရီးယား က ေသာၾကာေန႔မွာပစ္လႊတ္လို္က္တဲ့ ပဲ့ထိန္းဒုံးဟာ အေမရိကန္ႏုိင္ငံအထိ ပစ္ခတ္ႏုိင္စြမ္းရွိပါတယ္။ ေျမာက္ကိုရီးယားရဲ႕ လုပ္ရပ္ဟာ အဆင္အျခင္မဲ့ၿပီး ကုလသမဂၢျပဌာန္းခ်က္ကို ထပ္ၿပီးေျပာင္ေျပာင္တင္းတင္းခ်ိဳးေဖာက္လိုက္တဲ့လုပ္ရပ္ျဖစ္တယ္လို႔လည္း G7 အဖြဲ႔ကေျပာပါတယ္။

၂၀၂၂ ခုႏွစ္အတြင္း ေျမာက္ကိုရီးယားႏုိင္ငံက ပဲ့ထိန္းတပ္ မစ္ဇိုင္းဒုံးေတြ တရားမ၀င္ စမ္းသပ္ပစ္လႊတ္မႈေတြဟာ ေဒသတြင္းနဲ႔ ႏုိင္ငံတကာၿငိမ္းခ်မ္းေရး၊ လုံၿခဳံေရးအေပၚ ႀကီးမားစြာၿခိမ္းေျခာက္ေနတယ္လို႔ G7 ရဲ ႔ထုတ္ျပန္ခ်က္မွာ ေဖာ္ျပပါတယ္။ ေျမာက္ကိုရီးယားအေနနဲ႔ ႏ်ဴကလီးယားလက္နက္ပိုင္ႏုိင္ငံတခုအျဖစ္ အျဖစ္ခံမွာ မဟုတ္ေၾကာင္းလည္း ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

......................................................

မြောက်ကိုရီးယားအပေါ် ကုလလုံခြုံရေးကောင်စီ အရေးယူဖို့ G-7 တိုက်တွန်း

{{Zawgyi/Unicode}}

မြောက်ကိုရီးယားနိုင်ငံက အခုနောက်ဆုံး တိုက်ချင်း ပစ်မစ်ဇိုင်းဒုံးတွေ ပစ်လွှတ်နေတဲ့ကိစ္စအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီက သိသာထင်ရှားတဲ့ အရေးယူဆောင်ရွက်မှုတွေလုပ်ဖို့ လိုတယ်လို့ စက်မှုအင်အားကြီး ၇ နိုင်ငံ၊(G7) နိုင်ငံခြားရေးဝန်ကြီးတွေက တနင်္ဂနွေနေ့မှာ ပြောပါတယ်။

ဒီနှစ်ထဲ မြောက်ကိုရီးယားက မစ်ဇိုင်းဒုံးတွေ ဆက်တိုက် စမ်းသပ်ပစ်လွှတ်နေတဲ့အရေး ဆွေးနွေးဖို့ အမေရိကန်ပြည်ထောင်စုရဲ့တောင်းဆိုချက်အရ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တနင်္လာနေ့ ဆွေးနွေးဖို့ရှိပါတယ်။ မြောက်ကိုရီးယားရဲ့လုပ်ရပ်ကို နိုင်ငံတကာက ခိုင်မာညီညွှတ်စွာ တုန့်ပြန်ဖို့လိုတယ်လို့ အမေရိကန်၊ ဂျပန်၊ ကနေဒါ၊ ဂျာမဏီ၊ ဗြိတိန်၊ ပြင်သစ်နဲ့ အီတလီ နိုင်ငံခြားရေးဝန်ကြီးတွေကပြောပါတယ်။

ဒေသတွင်းလုံခြုံရေးအတွက် တပ်စွဲထားတဲ့ အမေရိကန်တပ်တွေ ပြင်းထန်တဲ့ စစ်ရေးတုံ့ပြန်မှုနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ သတိပေးလိုက်ပြီး သိပ်မကြာခင်မှာပဲ မြောက်ကိုရီးယား က သောကြာနေ့မှာပစ်လွှတ်လိုက်တဲ့ ပဲ့ထိန်းဒုံးဟာ အမေရိကန်နိုင်ငံအထိ ပစ်ခတ်နိုင်စွမ်းရှိပါတယ်။ မြောက်ကိုရီးယားရဲ့ လုပ်ရပ်ဟာ အဆင်အခြင်မဲ့ပြီး ကုလသမဂ္ဂပြဌာန်းချက်ကို ထပ်ပြီးပြောင်ပြောင်တင်းတင်းချိုးဖောက်လိုက်တဲ့လုပ်ရပ်ဖြစ်တယ်လို့လည်း G7 အဖွဲ့ကပြောပါတယ်။

၂၀၂၂ ခုနှစ်အတွင်း မြောက်ကိုရီးယားနိုင်ငံက ပဲ့ထိန်းတပ် မစ်ဇိုင်းဒုံးတွေ တရားမဝင် စမ်းသပ်ပစ်လွှတ်မှုတွေဟာ ဒေသတွင်းနဲ့ နိုင်ငံတကာငြိမ်းချမ်းရေး၊ လုံခြုံရေးအပေါ် ကြီးမားစွာခြိမ်းခြောက်နေတယ်လို့ G7 ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ မြောက်ကိုရီးယားအနေနဲ့ နျူကလီးယားလက်နက်ပိုင်နိုင်ငံတခုအဖြစ် အဖြစ်ခံမှာ မဟုတ်ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG