သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းစစ္မွာ ႐ုရွားအတြက္ ေျမာက္ကိုရီးယား လက္နက္တင္ပို႔ေနေၾကာင္း ကန္စြပ္စဲြ


National Security Council spokesman John Kirby

ယူကရိန္းကို က်ဴးေက်ာ္တုိက္ခိုက္ေနတဲ့ ရုရွားကို ေထာက္ခံအားေပးတဲ့အေနနဲ႔ ေျမာက္ကိုရီးယားႏုိင္ငံက လက္နက္ႀကီးက်ည္အေတာ္မ်ားမ်ား ရုရွားႏိုင္ငံကို တိတ္တဆိတ္တင္ပို႔ေနတယ္လို႔ အေမရိကန္သမၼတ အိမ္ျဖဴေတာ္က စြပ္စြဲေျပာဆိုလိုက္ပါတယ္။

“ လက္နက္လိုအပ္ခ်က္ေတြရွိေနတဲ့ ရုရွားက ႏုိင္ငံကာဒဏ္ခံပိတ္ဆု႔ိမႈေတြနဲ႔ပါ ရင္ဆိုင္ေနရတာျဖစ္တဲ့အတြက္ သူ႔ရဲ ႔ ယူကရိန္းက်ဴးေက်ာ္စစ္ေတြဆက္ၿပီးဆင္ႏႊဲႏုိင္ေအာင္ ေျမာက္ကိုရီးယားနဲ႔ အီရန္လို ႏိုင္ငံေတြဆီက လက္နက္ေတြ ယူေနရပါတယ္လို႔ အေမရိကန္ အမ်ိဳးသားလုံၿခဳံေရးေကာင္စီေျပာခြင့္ရ John Kirby ကဗုဒၶဟူးေန႔မွာ ေျပာဆိုသြားတာပါ။

ေျမာက္ကိုရီးယားက သူ႔စစ္လက္နက္ေတြကို အေရွ ႔အလယ္ပိုင္းနဲ႔ ေျမာက္အာဖရိကတုိက္ႏုိင္ငံေတြကို တင္ပို႔တဲ့ပုံစံမ်ိဳး ျဖစ္ေအာင္ က်ိဳးစားေဆာင္ရြက္ေနတယ္လို႔ ယုံၾကည္ရတယ္လို႔လည္း ေျပာခြင့္ရ John Kirby က ေျပာဆိုသြားပါတယ္။ ေျမာက္ကိုရီးယားက ေပးပို႔တဲ့ လက္နက္ႀကီးက်ည္ အေရအတြက္ ခန္႔မွန္းေျခဘယ္ေလာက္ရွိသလဲဆုိတာကိုလည္း မစၥတာ Kirby က အတိအက် ေျပာသြားဆိုျခင္းမ႐ွိပါဘူး။ ေျမာက္ကိုရီးယားက သူ႔လက္နက္ေတြ တိတ္တဆိတ္ ေပးပို႔ေနၿပီး အဲဒီလက္နက္ေတြြ ရုရွားကိုေရာက္မေရာက္ အေမရိကန္က ဆက္ၿပီးေစာင့္ၾကည့္ေနတယ္လို႔လည္း ေျပာခြင့္ရသူက ဆိုပါတယ္။

လက္နက္ေတြကို ဘယ္ႏုိင္ငံေတြက ျဖတ္ၿပီး သယ္ပို႔မလဲဆိုတာ အေမရိကန္က တြက္ဆထားတာရွိေနေပမယ့္လည္း ေျမာက္ကိုရီးယားရဲဲ ႔လုပ္ရပ္နဲ႔ပတ္သက္လို႔ တုန္႔ျပန္ေဆာင္ရြက္ဖို႔ စဥ္းစားေနတာေၾကာင့္ ၾကားခံသယ္ပို႔မယ့္ နုိင္ငံ နာမည္ေတြကိုပါ မစၥတာ Kirby က ထုတ္ေဖာ္ေျပာဆုိျခင္းမရွိပါဘူး။ ယူကရိန္းစစ္ဖက္တပ္ဖြဲ႔ကို အေနာက္ႏုိင္ငံေတြက လက္နက္ေတြဆက္လက္ပို႔ေပးဖို႔ရွိေနတဲ့အတြက္ ေျမာက္ကိုရီးယားဆီက လက္နက္ေတြေၾကာင့္ စစ္ေရးအေျခအေနေျပာင္းလဲသြားမွာမဟုတ္ေၾကာင္း မစၥတာ Kirby ကအခိုင္အမာေျပာဆိုသြားပါတယ္။

တိုက္႐ိုက္ လင့္ခ္

Unicode

ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေတဲ့ ရုရှားကို ထောက်ခံအားပေးတဲ့အနေနဲ့ မြောက်ကိုရီးယားနိုင်ငံက လက်နက်ကြီးကျည်အတော်များများ ရုရှားနိုင်ငံကို တိတ်တဆိတ်တင်ပို့နေတယ်လို့ အမေရိကန်သမ္မတ အိမ်ဖြူတော်က စွပ်စွဲပြောဆိုလိုက်ပါတယ်။

“ လက်နက်လိုအပ်ချက်တွေရှိနေတဲ့ ရုရှားက နိုင်ငံကာဒဏ်ခံပိတ်ဆု့ိမှုတွေနဲ့ပါ ရင်ဆိုင်နေရတာဖြစ်တဲ့အတွက် သူ့ရဲ့ ယူကရိန်းကျူးကျော်စစ်တွေဆက်ပြီးဆင်နွှဲနိုင်အောင် မြောက်ကိုရီးယားနဲ့ အီရန်လို နိုင်ငံတွေဆီက လက်နက်တွေ ယူနေရပါတယ်လို့ အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီပြောခွင့်ရ John Kirby ကဗုဒ္ဓဟူးနေ့မှာ ပြောဆိုသွားတာပါ။

မြောက်ကိုရီးယားက သူ့စစ်လက်နက်တွေကို အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိကတိုက်နိုင်ငံတွေကို တင်ပို့တဲ့ပုံစံမျိုး ဖြစ်အောင် ကျိုးစားဆောင်ရွက်နေတယ်လို့ ယုံကြည်ရတယ်လို့လည်း ပြောခွင့်ရ John Kirby က ပြောဆိုသွားပါတယ်။ မြောက်ကိုရီးယားက ပေးပို့တဲ့ လက်နက်ကြီးကျည် အရေအတွက် ခန့်မှန်းခြေဘယ်လောက်ရှိသလဲဆိုတာကိုလည်း မစ္စတာ Kirby က အတိအကျ ပြောသွားဆိုခြင်းမရှိပါဘူး။ မြောက်ကိုရီးယားက သူ့လက်နက်တွေ တိတ်တဆိတ် ပေးပို့နေပြီး အဲဒီလက်နက်တွေ ရုရှားကိုရောက်မရောက် အမေရိကန်က ဆက်ပြီးစောင့်ကြည့်နေတယ်လို့လည်း ပြောခွင့်ရသူက ဆိုပါတယ်။

လက်နက်တွေကို ဘယ်နိုင်ငံတွေက ဖြတ်ပြီး သယ်ပို့မလဲဆိုတာ အမေရိကန်က တွက်ဆထားတာရှိနေပေမယ့်လည်း မြောက်ကိုရီးယားရဲ့လုပ်ရပ်နဲ့ပတ်သက်လို့ တုန့်ပြန်ဆောင်ရွက်ဖို့ စဉ်းစားနေတာကြောင့် ကြားခံသယ်ပို့မယ့် နိုင်ငံ နာမည်တွေကိုပါ မစ္စတာ Kirby က ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။ ယူကရိန်းစစ်ဖက်တပ်ဖွဲ့ကို အနောက်နိုင်ငံတွေက လက်နက်တွေဆက်လက်ပို့ပေးဖို့ရှိနေတဲ့အတွက် မြောက်ကိုရီးယားဆီက လက်နက်တွေကြောင့် စစ်ရေးအခြေအနေပြောင်းလဲသွားမှာမဟုတ်ကြောင်း မစ္စတာ Kirby ကအခိုင်အမာပြောဆိုသွားပါတယ်။

XS
SM
MD
LG