သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကိုရီးယား ကၽြန္းဆြယ္အနီး ကန္ေလယာဥ္တင္ သေဘၤာေစလႊတ္မႈ ေျမာက္ကိုရီးယား သတိေပး


지난달 29일 한국 동해안에서 열린 미한 해군합동훈련에서 미 핵항모 로널드 레이건 호 등 양국 해군함들이 기동하고 있다.

ကိုရီးယား ကၽြန္းဆြယ္အနီး ကန္ေလယာဥ္တင္ သေဘၤာေစလႊတ္မႈ ေျမာက္ကိုရီးယား သတိေပး

{{Zawgyi/Unicode}}
ကိုရီးယားကၽြန္းဆြယ္ေဒသမွာ အေမရိကန္ေလယာဥ္တင္ သေဘၤာႀကီး USS Ronald Reagan ကို ျပန္လည္ခ်ထားတာဟာ အင္မတန္ႀကီးမားတဲ့ အႏႈတ္သေဘာေဆာင္တဲ့ ဂယက္႐ိုက္ခတ္ေစတယ္လို႔ ေျမာက္ကိုရီးယားက သတိေပးလိုက္ပါတယ္။

ကိုရီးယားကၽြန္းဆြယ္ အေရွ႕ဘက္ ကမ္းလြန္ေဒသမွာ ေတာင္ကိုရီးယားစစ္သေဘၤာေတြနဲ႔ ေနာက္တခ်ီ ပူးတြဲ ေရေၾကာင္းစစ္ေရးေလ့က်င့္ဖို႔
အေမရိကန္ ႏ်ဴကလီယားစြမ္းအင္သံုး ေလယာဥ္တင္သေဘၤာႀကီး ေရာက္လာၿပီး ေနာက္တေန႔ျဖစ္တဲ့ စေနေန႔မွာပဲ အခုလို ေျမာက္ကိုရီးယား ကာကြယ္ေရးဝန္ႀကီး ဌာနက ေၾကညာခ်က္ ထုတ္ျပန္ခဲ့တာ ျဖစ္ပါတယ္။ ေျမာက္ကိုရီးယား စစ္တပ္အေနနဲ႔ လက္ရွိ ေဒသတြင္း သိပ္စိုးရိမ္စရာ အေနထားကို အေသအခ်ာ ကိုင္တြယ္ေနေၾကာင္း ေျပာၾကားခဲ့တာပါ။

အေမရိကန္နဲ႔ ေတာင္ကိုရီးယားတို႔ရဲ႕ ပူးတြဲစစ္ေရးေလ့က်င့္မႈကို ကန္႔ကြက္တဲ့အေနနဲ႔ ေျမာက္ကိုရီးယားက မစ္စိုင္းဒံုးက်ည္ေတြ ပစ္လႊတ္စမ္းသပ္ ေနတာပါ။ ဒီသီတင္းပတ္ အေစာပိုင္းကေတာ့ ေျမာက္ကိုရီးယားက ဂ်ပန္ပိုင္နက္ကို ေက်ာ္ျဖတ္ၿပီး အားျပင္းမစ္စိုင္းဒံုး စမ္းသပ္ပစ္လႊတ္ခဲ့တဲ့ ေနာက္ USS Ronald Reagan နဲ႔ စစ္ေရးေလ့က်င့္တဲ့ အဖြဲ႔အဲဒီေဒသကို ျပန္ေရာက္လာတာ ျဖစ္ပါတယ္။

ေျမာက္ကိုရီးယားဟာ ၿပီးခဲ့တဲ့ သီတင္း ၂ ပတ္အတြင္း ပဲ့ထိန္းတပ္ မစ္စိုင္းဒံုးက်ည္ ၁၀ စင္းပစ္လႊတ္ခဲ့တာျဖစ္ၿပီး ဒါဟာ ဒီႏွစ္အတြင္း စံခ်ိန္တင္ေလာက္ေအာင္ အမ်ားဆံုး စမ္းသပ္ပစ္လႊတ္မႈ ျဖစ္ပါတယ္။ အခုေနာက္ဆံုးပစ္လႊတ္ စမ္းသပ္မႈမွာ ႏ်ဴကလီယား ထိပ္ဖူးတပ္ ပစ္လႊတ္ႏိုင္တဲ့ ပဲ့ထိန္းတပ္ မစ္စိုင္းဒံုး ကို ဂ်ပန္ပိုင္နက္ကို ေက်ာ္ျဖတ္စမ္းသပ္ ပစ္ခတ္ခဲ့တာ ျဖစ္သလို အေမရိကန္ရဲ႕ ပစိဖိတ္ေဒသတြင္းက Guam အျပင္ အဲဒီေဒသထက္ ပိုေဝးတဲ့ေနရာေတြ အထိ ေရာက္ႏိုင္တဲ့ ဒံုးက်ည္စမ္းသပ္မႈေတြ လုပ္ခဲ့တာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

.......................................

ကိုရီးယား ကျွန်းဆွယ်အနီး ကန်လေယာဉ်တင် သင်္ဘောစေလွှတ်မှု မြောက်ကိုရီးယား သတိပေး

{{Zawgyi/Unicode}}
ကိုရီးယားကျွန်းဆွယ်ဒေသမှာ အမေရိကန်လေယာဉ်တင် သင်္ဘောကြီး USS Ronald Reagan ကို ပြန်လည်ချထားတာဟာ အင်မတန်ကြီးမားတဲ့ အနှုတ်သဘောဆောင်တဲ့ ဂယက်ရိုက်ခတ်စေတယ်လို့ မြောက်ကိုရီးယားက သတိပေးလိုက်ပါတယ်။

ကိုရီးယားကျွန်းဆွယ် အရှေ့ဘက် ကမ်းလွန်ဒေသမှာ တောင်ကိုရီးယားစစ်သင်္ဘောတွေနဲ့ နောက်တချီ ပူးတွဲ ရေကြောင်းစစ်ရေးလေ့ကျင့်ဖို့
အမေရိကန် နျူကလီယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘောကြီး ရောက်လာပြီး နောက်တနေ့ဖြစ်တဲ့ စနေနေ့မှာပဲ အခုလို မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ဌာနက ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ မြောက်ကိုရီးယား စစ်တပ်အနေနဲ့ လက်ရှိ ဒေသတွင်း သိပ်စိုးရိမ်စရာ အနေထားကို အသေအချာ ကိုင်တွယ်နေကြောင်း ပြောကြားခဲ့တာပါ။

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ကန့်ကွက်တဲ့အနေနဲ့ မြောက်ကိုရီးယားက မစ်စိုင်းဒုံးကျည်တွေ ပစ်လွှတ်စမ်းသပ် နေတာပါ။ ဒီသီတင်းပတ် အစောပိုင်းကတော့ မြောက်ကိုရီးယားက ဂျပန်ပိုင်နက်ကို ကျော်ဖြတ်ပြီး အားပြင်းမစ်စိုင်းဒုံး စမ်းသပ်ပစ်လွှတ်ခဲ့တဲ့ နောက် USS Ronald Reagan နဲ့ စစ်ရေးလေ့ကျင့်တဲ့ အဖွဲ့အဲဒီဒေသကို ပြန်ရောက်လာတာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ သီတင်း ၂ ပတ်အတွင်း ပဲ့ထိန်းတပ် မစ်စိုင်းဒုံးကျည် ၁၀ စင်းပစ်လွှတ်ခဲ့တာဖြစ်ပြီး ဒါဟာ ဒီနှစ်အတွင်း စံချိန်တင်လောက်အောင် အများဆုံး စမ်းသပ်ပစ်လွှတ်မှု ဖြစ်ပါတယ်။ အခုနောက်ဆုံးပစ်လွှတ် စမ်းသပ်မှုမှာ နျူကလီယား ထိပ်ဖူးတပ် ပစ်လွှတ်နိုင်တဲ့ ပဲ့ထိန်းတပ် မစ်စိုင်းဒုံး ကို ဂျပန်ပိုင်နက်ကို ကျော်ဖြတ်စမ်းသပ် ပစ်ခတ်ခဲ့တာ ဖြစ်သလို အမေရိကန်ရဲ့ ပစိဖိတ်ဒေသတွင်းက Guam အပြင် အဲဒီဒေသထက် ပိုဝေးတဲ့နေရာတွေ အထိ ရောက်နိုင်တဲ့ ဒုံးကျည်စမ်းသပ်မှုတွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG