သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ပဲ့ထိန္းဒုံးက်ည္ ၃ စင္း ေျမာက္ကိုရီးယား ထပ္မံပစ္လႊတ္


ေျမာက္ကိုရီးယားက ဒီကေန႔ ဒီဇင္ဘာ ၃၁ ရက္ေန႔မွာ ပဲ့ထိန္းတပ္ဒုံးက်ည္ ၃ စင္းကို ကိုရီးယားကြၽန္းဆြယ္ အေ႐ွ႕ဘက္ပင္လယ္ထဲ ဦးတည္ ပစ္လြတ္ခဲ့တယ္လို႔ ေတာင္ကိုရီးယား စစ္တပ္က ေျပာပါတယ္။

“ေျမာက္ကိုရီးယားၿမိဳ႕ေတာ္ ျပဳံယမ္းရဲ႕ ေတာင္ဘက္မွာ႐ွိတဲ့ Hawnghae ခ႐ိုင္ထဲကေန ဒီကေန႔မနက္ ၈ နာရီေလာက္မွာ တာတိုပစ္ပဲ့ထိန္းဒုံးက်ည္ ၃ ခုကို ေျမာက္ကိုရီးယားက ပစ္လြတ္ခဲ့ပါတယ္” လို႔ ေတာင္ကိုရီးယား ပူးတြဲစစ္ဦးခ်ဳပ္မ်ားရဲ႕ လူထုဆက္ဆံေရးအရာ႐ွိ ဗိုလ္မႉး Lee Seong-Jun က ေ်ပာၾသားတာပါ။

ေျမာက္ကိုရီးယားက အခုျပဳလုပ္တဲ့ စမ္းသပ္ပစ္လြတ္မႈဟာ အခုႏွစ္အတြင္း မၾကဳံစဖူးတဲ့ အေရအတြက္နဲ႔ ေျမာက္ကိုရီးယားက ျပဳလုပ္ေနတဲ့ ဒုံးက်ည္ စမ္းသပ္ပစ္လြတ္မႈေတြထဲက ေနာက္ဆုံးပစ္ခတ္တာျဖစ္ၿပီး မၾကာခင္ကာလေတြအတြင္း ၇ ႀကိမ္ေျမာက္ ႏ်ဴကလီးယား စမ္းသပ္ေဖာက္ခြဲမႈေတြ လုပ္ေတာ့မလားဆိုတဲ့ တြက္ဆေျပာဆိုမႈေတြ ထြက္ေပၚေနခ်ိန္မွာပဲ ေျမာက္ကိုရီးယားက လက္နက္စမ္းသပ္မႈေတြကို အ႐ွိန္ျမင့္ လုပ္ေဆာင္လာေနတာပါ။

ေ႐ြ႕လ်ားသယ္ယူႏိုင္တဲ့ ပစ္စင္ကေန ဒုံးက်ည္ကို ေအာင္ျမင္စြာ စမ္းသပ္ပစ္လြတ္ႏိုင္ခဲ့ေၾကာင္း ေတာင္ကိုရီးယားကာကြယ္ေရးဌာနက ေၾကညာအၿပီး တရက္အၾကာမွာ ေျမာက္ကိုရီးယားက ဒီကေန႔ ဒုံးက်ည္ စမ္းသပ္ပစ္လြတ္ခဲ့တာပါ။

==== Unicode =====

မြောက်ကိုရီးယားက ဒီကနေ့ ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ပဲ့ထိန်းတပ်ဒုံးကျည် ၃ စင်းကို ကိုရီးယားကျွန်းဆွယ် အရှေ့ဘက်ပင်လယ်ထဲ ဦးတည် ပစ်လွတ်ခဲ့တယ်လို့ တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။

“မြောက်ကိုရီးယားမြို့တော် ပြုံယမ်းရဲ့ တောင်ဘက်မှာရှိတဲ့ Hawnghae ခရိုင်ထဲကနေ ဒီကနေ့မနက် ၈ နာရီလောက်မှာ တာတိုပစ်ပဲ့ထိန်းဒုံးကျည် ၃ ခုကို မြောက်ကိုရီးယားက ပစ်လွတ်ခဲ့ပါတယ်” လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးချုပ်များရဲ့ လူထုဆက်ဆံရေးအရာရှိ ဗိုလ်မှူး Lee Seong-Jun က ေျပာသြားတာပါ။

မြောက်ကိုရီးယားက အခုပြုလုပ်တဲ့ စမ်းသပ်ပစ်လွတ်မှုဟာ အခုနှစ်အတွင်း မကြုံစဖူးတဲ့ အရေအတွက်နဲ့ မြောက်ကိုရီးယားက ပြုလုပ်နေတဲ့ ဒုံးကျည် စမ်းသပ်ပစ်လွတ်မှုတွေထဲက နောက်ဆုံးပစ်ခတ်တာဖြစ်ပြီး မကြာခင်ကာလတွေအတွင်း ၇ ကြိမ်မြောက် နျူကလီးယား စမ်းသပ်ဖောက်ခွဲမှုတွေ လုပ်တော့မလားဆိုတဲ့ တွက်ဆပြောဆိုမှုတွေ ထွက်ပေါ်နေချိန်မှာပဲ မြောက်ကိုရီးယားက လက်နက်စမ်းသပ်မှုတွေကို အရှိန်မြင့် လုပ်ဆောင်လာနေတာပါ။

ရွေ့လျားသယ်ယူနိုင်တဲ့ ပစ်စင်ကနေ ဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ်ပစ်လွတ်နိုင်ခဲ့ကြောင်း တောင်ကိုရီးယားကာကွယ်ရေးဌာနက ကြေညာအပြီး တရက်အကြာမှာ မြောက်ကိုရီးယားက ဒီကနေ့ ဒုံးကျည် စမ်းသပ်ပစ်လွတ်ခဲ့တာပါ။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG