ေျမာက္ကိုရီးယားႏိုင္ငံဆိုင္ရာ လူ႔အခြင့္အေရးသံတမန္အျဖစ္ မစၥဂ်ဴလီတမ္နာ (Julie Turner) ကို အေမရိကန္က ခန႔္ထားလိုက္တာကို လူ႔အခြင့္အေရး အဖြဲ႕ေတြက ႀကိဳဆိုလိုက္ၾကပါတယ္။ ဒီရာထူးေနရာ လစ္လပ္ေနခဲ့တာ ၆ ႏွစ္ ရွိခဲ့ပါၿပီ။ ခုလိုခန႔္ထားတာကို တနလၤာေန႔ ညေနပိုင္းက အိမ္ျဖဴေတာ္က ေၾကညာခဲ့တာပါ။ ခုလို ခန႔္ထားတာကို အထက္လႊတ္ေတာ္က အတည္ျပဳဖို႔ေတာ့ လိုပါေသးတယ္။
မစၥတမ္နာရဲ႕ လက္ရွိတာဝန္ကေတာ့ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ ဒီမိုကေရစီ၊ လူ႔အခြင့္အေရးနဲ႔ လုပ္အားဌာနမွာ အေရွ႕အာရွ နဲ႔ ပစိဖိတ္ေဒသ ႐ုံး ၫႊန္ၾကားေရးမႉး ျဖစ္ပါတယ္။ သူဟာ ဒီဌာနမွာ ႏွစ္ေပါင္း ၁၆ ႏွစ္ လုပ္ခဲ့ၿပီး၊ ေျမာက္ကိုရီးယား လူ႔အခြင့္အေရး ကိစၥေတြ နဲ႔ပတ္သက္ၿပီး အဓိကအလုပ္လုပ္ေနတဲ့သူ ျဖစ္တယ္လို႔ အိမ္ျဖဴေတာ္ရဲ႕ ထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။
ဒီလို သံတမန္ ခန႔္ထားရမယ့္ဥပေဒကို ၂၀၀၄ ခုႏွစ္မွာ ဥပေဒအျဖစ္ ျပဌာန္းခဲ့ပါတယ္။ သမၼတအိုဘားမား ခန႔္ထားခဲ့တဲ့ အထူးသံတမန္ က ၂၀၁၇ ခုႏွစ္ မွာ အနားယူသြားၿပီးတဲ့ေနာက္မွာေတာ့ ဒီ ရာထူးေနရာက လစ္လပ္ေနခဲ့တာပါ။ အရင္သမၼတထရမ့္ လက္ထက္မွာေတာ့ ေျမာက္ကိုရီးယား ေခါင္းေဆာင္ ကင္ဂ်ံဳအြန္း (Kim Jong Un) နဲ႔ ပုဂၢိဳလ္ေရး ဆက္ဆံေရးကိုသာ ဦးစားေပးခဲ့ၿပီး၊ အထူးသံတမန္ကို မခန႔္ခဲ့ပါဘူး။ ဒီရာထူးကို ဖယ္ရွားပစ္ဖို႔ ထရမ့္ရဲ႕ ပထဆုံး ႏိုင္ငံျခားေရးဝန္ႀကီး ရက္စ္ေတလာဆင္ (Rex Tillerson) က တႀကိမ္မွာ အဆိုျပဳခဲ့ဖူးပါေသးတယ္။
[Unicode]
မြောက်ကိုရီးယားဆိုင်ရာ လူ့အခွင့်အရေးသံတမန်သစ် ကန် ခန့်အပ်
မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးသံတမန်အဖြစ် မစ္စဂျူလီတမ်နာ (Julie Turner) ကို အမေရိကန်က ခန့်ထားလိုက်တာကို လူ့အခွင့်အရေး အဖွဲ့တွေက ကြိုဆိုလိုက်ကြပါတယ်။ ဒီရာထူးနေရာ လစ်လပ်နေခဲ့တာ ၆ နှစ် ရှိခဲ့ပါပြီ။ ခုလိုခန့်ထားတာကို တနင်္လာနေ့ ညနေပိုင်းက အိမ်ဖြူတော်က ကြေညာခဲ့တာပါ။ ခုလို ခန့်ထားတာကို အထက်လွှတ်တော်က အတည်ပြုဖို့တော့ လိုပါသေးတယ်။
မစ္စတမ်နာရဲ့ လက်ရှိတာဝန်ကတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ လုပ်အားဌာနမှာ အရှေ့အာရှ နဲ့ ပစိဖိတ်ဒေသ ရုံး ညွှန်ကြားရေးမှူး ဖြစ်ပါတယ်။ သူဟာ ဒီဌာနမှာ နှစ်ပေါင်း ၁၆ နှစ် လုပ်ခဲ့ပြီး၊ မြောက်ကိုရီးယား လူ့အခွင့်အရေး ကိစ္စတွေ နဲ့ပတ်သက်ပြီး အဓိကအလုပ်လုပ်နေတဲ့သူ ဖြစ်တယ်လို့ အိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
ဒီလို သံတမန် ခန့်ထားရမယ့်ဥပဒေကို ၂၀၀၄ ခုနှစ်မှာ ဥပဒေအဖြစ် ပြဌာန်းခဲ့ပါတယ်။ သမ္မတအိုဘားမား ခန့်ထားခဲ့တဲ့ အထူးသံတမန် က ၂၀၁၇ ခုနှစ် မှာ အနားယူသွားပြီးတဲ့နောက်မှာတော့ ဒီ ရာထူးနေရာက လစ်လပ်နေခဲ့တာပါ။ အရင်သမ္မတထရမ့် လက်ထက်မှာတော့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်း (Kim Jong Un) နဲ့ ပုဂ္ဂိုလ်ရေး ဆက်ဆံရေးကိုသာ ဦးစားပေးခဲ့ပြီး၊ အထူးသံတမန်ကို မခန့်ခဲ့ပါဘူး။ ဒီရာထူးကို ဖယ်ရှားပစ်ဖို့ ထရမ့်ရဲ့ ပထဆုံး နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆင် (Rex Tillerson) က တကြိမ်မှာ အဆိုပြုခဲ့ဖူးပါသေးတယ်။