သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရီးယားကျွန်းဆွယ်တင်းမာမှုကနေ မြောက်အကျိုးရှိမှာမဟုတ်


မြောက်ကိုရီးယားပိုင်နက်တနေရာ ရေငုပ်သင်္ဘောကနေ မြောက်ကိုရီးယားရေငုပ်သင်္ဘောတစင်း ဒုံးကျည်ပစ်လွှတ်နေစဉ် (မတ် ၁၂၊ ၂၀၂၃)
မြောက်ကိုရီးယားပိုင်နက်တနေရာ ရေငုပ်သင်္ဘောကနေ မြောက်ကိုရီးယားရေငုပ်သင်္ဘောတစင်း ဒုံးကျည်ပစ်လွှတ်နေစဉ် (မတ် ၁၂၊ ၂၀၂၃)

တောင်ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုမြင့်မားအောင် လုပ်ဆောင်နေတာတွေ ကနေ ဘာအကျိုးအမြတ်မှရမှာ မဟုတ်ဘူးဆိုတာ မြောက်ကိုရီးယားအနေနဲ့ သတိပြုမိသင့်တယ်လို့ တောင်ကိုရီးယားအစိုးရက တနင်္လာနေ့မှာ ပြောသွားပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှု မပြုလုပ်ခင် တရက်အလိုမှာ မြောက်ကိုရီးယားဘက်က အရှေ့ဘက်ကမ်းလွန် ရေငုပ်သင်္ဘောကနေ ဗျူဟာမြောက်ဒုံးကျည် နှစ်စင်း တနင်္ဂနွေနေ့က ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီသီတင်းပတ် စတင်တဲ့ တောင်ကိုရီးယား၊ အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို အင်အားအပြည့်နဲ့ တုံ့ပြန်မယ်ဆိုပြီး မြောက်ကိုရီးယားဘက်က ပထမရက်ကပဲ သတိပေးခြိမ်းခြောက်ထားခဲ့တာပါ။ တောင်ကိုရီးယားအစိုးရဘက်က တုန့်ပြန်ပြောဆိုမှုမှာတော့ ကျွန်တော်တို့ဘက်က ပုံမှန်စစ်ရေးလေ့ကျင့်မှုကို သုံးပြီး မြောက်ကိုရီးယားက အကြောင်းရှာ ရန်စတာကို အထူးပဲ စိတ်မကောင်းဖြစ်မိပါတယ်။ ကိုရီးယား ကျွန်းဆွယ်မှာ တင်းမာမှုတွေ ပိုတိုးလာလို့ ၂ ဘက်လုံးအတွက် အကျိုးမရှိတာ သိသင့်ပါတယ်လို့ တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာန ပြောခွင့်ရ Koo Byoung-Sam က ပြောသွားပါတယ်။

တောင်ကိုရီးယားစစ်တပ်ကို အထူးတပ်လှန့်ထားပြီး မြောက်ကိုရီးယား ဒုံးကျည်ပစ်ခတ်မှုနဲ့ ပတ်သတ်ရင် မြောက်ကိုရီးယားပြောသမျှ အားလုံးတော့ မှန်ကန်မှုမရှိတာကြောင့် အသေးစိတ်အချင်အလက်တွေ သိရဖို့ အမေရိကန်ထောက်လှမ်းရေးနဲ့ ပေါင်းပြီး အကဲဖြတ်လုပ်ဆောင်နေတယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များရဲ့ အကြီးအကဲက ပြောပါတယ်။ တချိန်တည်းမှာပဲ ဒီကနေ့တနင်္လာနေ့က စတင်ပြီး တောင်ကိုရီးယားနဲ့ အမေရိကန် ပူးတွဲပြီး Freedom Shield ဖရီးဒန်း ရှီးလ်ဒ်ဆိုတဲ့ ၁၁ ရက်ကြာ စစ်ရေးလေ့ကျင့်မှုကြီးတခုကို စတင်လိုက်ပါတယ်။

ဒီအတောအတွင်း မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကို တုန့်ပြန်ဖို့ တောင်ကိုရီးယားအနေနဲ့ ကိုယ်ပိုင် နျူကလီးယား လက်နက်ထုတ်ရေး ဆိုးလ်မြို့တော်ဝန်က ပြောပါတယ်။ မြောက်ကိုရီးယားက နည်းပညာရ ပေါ့ပါးတဲ့ နျူကလီးယားလက်နက် အသေးတွေ အောင်အောင်မြင်မြင် ထုတ်လုပ်နိုင်တော့မယ့် အခြေအနေ ရှိနေပြီး လက်နက်အနည်းဆုံးဒါဇင်နဲ့ချီ ပိုင်ဆိုင်နေပြီလို့ ဆိုးလ်မြို့တော်ဝန် Oh Se-hoon က ရိုက်တာသတင်းဌာနဲ့ သီးသန့်မေးမြန်းခန်းမှာ ပြောဆိုခဲ့ပါတယ်။ တောင်ကိုရီးယားအနေနဲ့ နျူကလီးယား မပျံ့ပွားရေး မူတွေကို အတိအကျလိုက်နာပြီး နျူကလီးယားလက်နက် မထုတ်သင့်ဘူးလို့ ပြည်သူတွေကို ယုံကြည်လက်ခံလာအောင် နားချဖို့ ခက်ခဲနေတဲ့အကြောင်းလည်း ပြောဆိုသွားပါတယ်။

XS
SM
MD
LG