သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဗီဇာမဲ့ႏိုင္ငံျခားသားေတြကို အေရးယူဖို႔ ကိုရီးယားအစိုးရျပင္ဆင္ေန


(ယခင္ပုံေဟာင္း) ကိုရီးယားကေနျမန္မာႏိုင္ငံထဲျပန္ပို႔ခံရသူေတြ (Photo Credit - ျမန္မာသံ႐ုံး၊ ဆိုးလ္ၿမိဳ႕)

ကိုရီးယားအစိုးရဟာ သူ႔ႏိုင္ငံထဲမွာ ဗီဇာမဲ့ေနထိုင္ေနတဲ့ ႏိုင္ငံျခားသားေတြကို အခုႏွစ္ ဧၿပီလေနာက္ဆုံးထားၿပီး ရွင္းလင္းသြားမယ္လို႔ ထုတ္ျပန္ထားတဲ့အတြက္ ဗီဇာမရွိတဲ့ ျမန္မာႏိုင္ငံသားေတြလည္း စိုးရိမ္ေနရပါတယ္။ အလုပ္ေျပာင္းေ႐ႊ႕ၿပီး လုပ္ကိုင္ေနတဲ့ ျမန္မာႏိုင္ငံသားေတြ အေနနဲ႔ အလုပ္တစ္ခုကေန တစ္ခုကို ေ႐ႊ႕ေျပာင္းလိုက္လို႔ ဗီဇာသက္တမ္း အလိုလိုကုန္ဆုံး၊ ပ်က္ျပယ္သြားသူေတြ အေနနဲ႔ တရားဝင္ေနထိုင္ဖို႔ ခက္ခဲတာေၾကာင့္ အခုလို စည္းကမ္းတင္း က်ပ္မယ္ဆိုရင္ အခက္အခဲေတြရွိလာႏိုင္ေၾကာင္း ကိုရီးယားေရာက္ ျမန္မာေတြက ေျပာပါတယ္။ ဒီအေၾကာင္း ေမးျမန္းေပးပို႔ထားတာကို ေဇာ္ဝင္းလႈိင္က ေျပာျပမွာပါ။

ဗီဇာမဲ့ေနထိုင္တဲ့ ႏိုင္ငံျခားသားအားလုံးကို ဖမ္းဆီးအေရးယူသြားမယ္လို႔ ကိုရီးယားတရားေရးဌာနက မၾကာေသးခင္က ထုတ္ျပန္လိုက္ပါတယ္။ ဒီထုတ္ျပန္ခ်က္ဟာ ဗီဇာမဲ့ ႏိုင္ငံျခားသားေတြအတြက္ အခက္ေတြ႕ႏိုင္ၿပီး လြတ္လြပ္လပ္လပ္ အလုပ္လုပ္ႏိုင္ဖို႔ မေသခ်ာေတာ့သလို အလုပ္လုပ္ေနရင္း ဖမ္းဆီးခံရတာေတြ ရွိလာႏိုင္ေၾကာင္း ကိုရီးယား-ျမန္မာ ပူးတြဲလုပ္ေဆာင္ေရးအဖြဲ႕ရဲ႕ ဥကၠ႒ ဦးေဇာ္မိုးေအာင္က ေျပာပါတယ္။

" ကို႐ိုနာကိစၥေတြလည္း တျဖည္းျဖည္း ေလ်ာ့နည္းလာတာ ျဖစ္တဲ့အတြက္ ျပည္ပက ႏိုင္ငံျခားသား အလုပ္သမားေတြ ျပန္လည္ ဝင္ေရာက္လို႔ရတဲ့ အေနအထား ျဖစ္လာေတာ့ေလ၊ ၿပီးေတာ့ ဗီဇာမဲ့ေတြ မႏွစ္ကထက္၊ အရင္ႏွစ္ေတြထက္ ပိုၿပီးမ်ားလာေတာ့ေလ၊ အဲဒါေတြကို သူတို႔ထိန္းခ်ဳပ္ခ်င္တဲ့ သေဘာနဲ႔ လုပ္တယ္လို႔ ယူဆပါတယ္။ ဗီဇာမဲ့ျဖစ္ရင္ေတာ့ လဝကက ေတြ႕တယ္ဆိုရင္ ဖမ္းၿပီး ျမန္မာျပည္ ျပန္ပို႔မွာပဲ။"

ေတာင္ကိုရီးယားမွာ သမၼတအသစ္ျဖစ္တဲ့ Yoon Suk-yeol တက္လာၿပီးတဲ့ေနာက္ တရားမဝင္ ဗီဇာမဲ့ေနထိုင္သူေတြကို တင္းတင္းက်ပ္က်ပ္ ကိုင္တြယ္ဖို႔ ျပင္ဆင္ေနတာပါ။ ေရွ႕ေနခ်ဳပ္ေဟာင္းျဖစ္ခဲ့တဲ့ သမၼတ Yoon Suk-yeol ဟာ လာဘ္ေပးလာဘ္ယူ တိုက္ဖ်က္ဖို႔ ကတိျပဳထားသလို ဥပေဒအရ ကိုင္တြယ္တဲ့ေနရာမွာလည္း နာမည္ႀကီးသူ ျဖစ္ပါတယ္။ အခုဆိုရင္ ေတာင္ကိုရီးယားမွာ ဗီဇာမဲ့ေနထိုင္တဲ့ ႏိုင္ငံျခားသားက ေလးသိန္းေလာက္ရွိေနၿပီး အဲဒီထဲမွာ ျမန္မာႏိုင္ငံသားေတြလည္း အေရအတြက္မ်ားမ်ား ရွိေနတာပါ။

ကိုရီးယားေရာက္လာၿပီး ဗီဇာမရွိဘဲ ေနထိုင္ေနရတဲ့ အေၾကာင္းအရင္းေတြက အမ်ိဳးမ်ိဳးရွိေနေၾကာင္း ဂေယာင္နမ္ျမန္မာအသင္းရဲ႕ ဥကၠ႒ ကိုနဲအုန္းက ဗြီအိုေအကို အခုလို ေျပာပါတယ္။

" ျမန္မာျပည္ကေတာ့ ႏိုင္ငံခ်င္း သံတမန္ေရးအရ လာၾကတယ္၊ ဒါေပမဲ့ လုပ္ငန္းခြင္ထဲမွာ အဆင္မေျပတဲ့သူေတြရွိတယ္။ တခ်ိဳ႕က အလုပ္ထြက္ခ်င္တယ္၊ စက္႐ုံေတြက ဘယ္ေတာ့မွ တရားဝင္ေတာ့ အလုပ္ထြက္ခြင့္ မေပးဘူး၊ ဒီအတိုင္းထြက္ရင္ထြက္ မထြက္ရင္ တရားမဝင္ အလုပ္သမားအျဖစ္နဲ႔ ေနဆိုေတာ့ တခ်ိဳ႕ေတြက အဲဒီစက္႐ုံမွာ ဘယ္လိုမွ သည္းမခံႏိုင္ဘူးေပါ့ေနာ္။ သူ႔အေနနဲ႔ ေရွ႕ဆက္လုပ္ဖို႔ အဆင္မေျပတဲ့အခါၾကေတာ့ 'အို' လိုက္ၾကတယ္။ ေနာက္တခုက စက္႐ုံကလည္း နားလည္မႈနဲ႔ အလုပ္သမားဘက္ကလည္း နားလည္မႈနဲ႔ ဪအဆင္ေျပမွာပဲဆိုၿပီး 'အို'တဲ့သူေတြလည္းရွိတယ္။ တခ်ိဳ႕ကလည္း အလုပ္ေျပာင္းတဲ့ကာလမွာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဟိုဘက္အလုပ္လည္း မခ်ိတ္မိ၊ ဒီဘက္အလုပ္လည္း မခ်ိတ္မိ ဒီၾကားထဲမွာ 'အို' လိုက္ရတဲ့သူေတြလည္း ရွိတယ္ေပါ့ေနာ္။"

ဘြဲ႕ယူဖို႔ျပင္ဆင္ေနတဲ့ ႏိုင္ငံျခားသား ေက်ာင္းသားေတြလည္း ဒီအထဲမွာ ပါေနပါတယ္။ ဘြဲ႕ယူဖို႔ ေစာင့္ဆိုင္းရင္း ေက်ာင္းအာဏာပိုင္ေတြနဲ႔ ညႇိႏႈိင္းမႈေတြ အဆင္မေျပမႈၾကားမွာ ဗီဇာမဲ့ျဖစ္သြားတဲ့ ေက်ာင္းသားေတြလည္းရွိေၾကာင္း သူကေျပာပါတယ္။

ႏိုင္ငံေရးလႈပ္ရွားမႈမွာ ပါဝင္ပတ္သက္ေနတဲ့ ျမန္မာတခ်ိဳ႕ကေတာ့ တစ္လတစ္ခါ သက္တမ္းတိုးရတဲ့ ခိုလႈံခြင့္ဗီဇာကို ေလွ်ာက္ထားၾကသလို၊ တခ်ိဳ႕ကလည္း ႏိုင္ငံသားအျဖစ္ ခိုလႈံခြင့္ေလွ်ာက္ၾကသူေတြလည္း ရွိပါတယ္။

ဒါ့အျပင္ ျမန္မာႏိုင္ငံမွာ အာဏာသိမ္းၿပီးေနာက္ပိုင္း ကိုရီးယားအစိုးရက လူသားခ်င္းစာနာမႈ အစီအစဥ္နဲ႔ ေျခာက္လတခါ သက္တမ္းတိုးေပးတဲ့ G-1-99 ဆိုတဲ့ဗီဇာတမ်ိဳးလည္း ရွိပါတယ္။ ဒီဗီဇာကို ၂၀၂၁ မတ္လလယ္ေလာက္မွာ ကိုရီးယားအစိုးရက စီစဥ္ေပးခဲ့တာပါ။ အခုဒီဗီဇာကို ပတ္စ္ပို႔စာအုပ္ သက္တမ္းရွိမွ ကိုရီးယားအစိုးရက တိုးေပးေတာ့မယ္လို႔ မၾကာေသးခင္က အသိေပးခဲ့ပါတယ္။ ျမန္မာသံ႐ုံးကေတာ့ သူတို႔အေနနဲ႔ G-1-99 ဗီဇာနဲ႔ ေနထိုင္ခဲ့သူေတြကို ပတ္စ္ပို႔စာအုပ္ မထုတ္ေပးႏိုင္ေၾကာင္း တုံ႔ျပန္ခဲ့တဲ့အတြက္ ဗီဇာသက္တမ္းတိုးဖို႔ အခက္အခဲျဖစ္ေနေၾကာင္း ျမန္မာအဖြဲ႕အစည္းေတြက ဗြီအိုေအကို ေျပာပါတယ္။

ကိုရီးယားအစိုးရက ဗီဇာမဲ့ေနထိုင္သူေတြကို ဖမ္းဆီး၊ အေရးယူၿပီးရင္ ေနရပ္ျပန္ပို႔ႏိုင္ေျခ မ်ားပါတယ္။ ဒီအထဲမွာ ႏိုင္ငံေရးလႈပ္ရွားခဲ့သူေတြ ပါမယ္ဆိုရင္ စိုးရိမ္စရာ အေျခအေနျဖစ္ေၾကာင္း ကိုရီးယားေရာက္ ျမန္မာအဖြဲ႕အစည္းေတြက ေျပာေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

{Unicode}

ဗီဇာမဲ့နိုင်ငံခြားသားတွေကို အရေးယူဖို့ ကိုရီးယားအစိုးရပြင်ဆင်နေ

ကိုရီးယားအစိုးရဟာ သူ့နိုင်ငံထဲမှာ ဗီဇာမဲ့နေထိုင်နေတဲ့ နိုင်ငံခြားသားတွေကို အခုနှစ် ဧပြီလနောက်ဆုံးထားပြီး ရှင်းလင်းသွားမယ်လို့ ထုတ်ပြန်ထားတဲ့အတွက် ဗီဇာမရှိတဲ့ မြန်မာနိုင်ငံသားတွေလည်း စိုးရိမ်နေရပါတယ်။ အလုပ်ပြောင်းရွှေ့ပြီး လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ အလုပ်တစ်ခုကနေ တစ်ခုကို ရွှေ့ပြောင်းလိုက်လို့ ဗီဇာသက်တမ်း အလိုလိုကုန်ဆုံး၊ ပျက်ပြယ်သွားသူတွေ အနေနဲ့ တရားဝင်နေထိုင်ဖို့ ခက်ခဲတာကြောင့် အခုလို စည်းကမ်းတင်း ကျပ်မယ်ဆိုရင် အခက်အခဲတွေရှိလာနိုင်ကြောင်း ကိုရီးယားရောက် မြန်မာတွေက ပြောပါတယ်။ ဒီအကြောင်း မေးမြန်းပေးပို့ထားတာကိုဇော်ဝင်းလှိုင်က ပြောပြမှာပါ။

ဗီဇာမဲ့နေထိုင်တဲ့ နိုင်ငံခြားသားအားလုံးကို ဖမ်းဆီးအရေးယူသွားမယ်လို့ ကိုရီးယားတရားရေးဌာနက မကြာသေးခင်က ထုတ်ပြန်လိုက်ပါတယ်။ ဒီထုတ်ပြန်ချက်ဟာ ဗီဇာမဲ့ နိုင်ငံခြားသားတွေအတွက် အခက်တွေ့နိုင်ပြီး လွတ်လွပ်လပ်လပ် အလုပ်လုပ်နိုင်ဖို့ မသေချာတော့သလို အလုပ်လုပ်နေရင်း ဖမ်းဆီးခံရတာတွေ ရှိလာနိုင်ကြောင်း ကိုရီးယား-မြန်မာ ပူးတွဲလုပ်ဆောင်ရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌ ဦးဇော်မိုးအောင်က ပြောပါတယ်။

" ကိုရိုနာကိစ္စတွေလည်း တဖြည်းဖြည်း လျော့နည်းလာတာ ဖြစ်တဲ့အတွက် ပြည်ပက နိုင်ငံခြားသား အလုပ်သမားတွေ ပြန်လည် ဝင်ရောက်လို့ရတဲ့ အနေအထား ဖြစ်လာတော့လေ၊ ပြီးတော့ ဗီဇာမဲ့တွေ မနှစ်ကထက်၊ အရင်နှစ်တွေထက် ပိုပြီးများလာတော့လေ၊ အဲဒါတွေကို သူတို့ထိန်းချုပ်ချင်တဲ့ သဘောနဲ့ လုပ်တယ်လို့ ယူဆပါတယ်။ ဗီဇာမဲ့ဖြစ်ရင်တော့ လဝကက တွေ့တယ်ဆိုရင် ဖမ်းပြီး မြန်မာပြည် ပြန်ပို့မှာပဲ။"

တောင်ကိုရီးယားမှာ သမ္မတအသစ်ဖြစ်တဲ့ Yoon Suk-yeol တက်လာပြီးတဲ့နောက် တရားမဝင် ဗီဇာမဲ့နေထိုင်သူတွေကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဖို့ ပြင်ဆင်နေတာပါ။ ရှေ့နေချုပ်ဟောင်းဖြစ်ခဲ့တဲ့ သမ္မတ Yoon Suk-yeol ဟာ လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ဖို့ ကတိပြုထားသလို ဥပဒေအရ ကိုင်တွယ်တဲ့နေရာမှာလည်း နာမည်ကြီးသူ ဖြစ်ပါတယ်။ အခုဆိုရင် တောင်ကိုရီးယားမှာ ဗီဇာမဲ့နေထိုင်တဲ့ နိုင်ငံခြားသားက လေးသိန်းလောက်ရှိနေပြီး အဲဒီထဲမှာ မြန်မာနိုင်ငံသားတွေလည်း အရေအတွက်များများ ရှိနေတာပါ။

ကိုရီးယားရောက်လာပြီး ဗီဇာမရှိဘဲ နေထိုင်နေရတဲ့ အကြောင်းအရင်းတွေက အမျိုးမျိုးရှိနေကြောင်း ဂယောင်နမ်မြန်မာအသင်းရဲ့ ဥက္ကဋ္ဌ ကိုနဲအုန်းက ဗွီအိုအေကို အခုလို ပြောပါတယ်။

" မြန်မာပြည်ကတော့ နိုင်ငံချင်း သံတမန်ရေးအရ လာကြတယ်၊ ဒါပေမဲ့ လုပ်ငန်းခွင်ထဲမှာ အဆင်မပြေတဲ့သူတွေရှိတယ်။ တချို့က အလုပ်ထွက်ချင်တယ်၊ စက်ရုံတွေက ဘယ်တော့မှ တရားဝင်တော့ အလုပ်ထွက်ခွင့် မပေးဘူး၊ ဒီအတိုင်းထွက်ရင်ထွက် မထွက်ရင် တရားမဝင် အလုပ်သမားအဖြစ်နဲ့ နေဆိုတော့ တချို့တွေက အဲဒီစက်ရုံမှာ ဘယ်လိုမှ သည်းမခံနိုင်ဘူးပေါ့နော်။ သူ့အနေနဲ့ ရှေ့ဆက်လုပ်ဖို့ အဆင်မပြေတဲ့အခါကြတော့ 'အို' လိုက်ကြတယ်။ နောက်တခုက စက်ရုံကလည်း နားလည်မှုနဲ့ အလုပ်သမားဘက်ကလည်း နားလည်မှုနဲ့ ဪအဆင်ပြေမှာပဲဆိုပြီး 'အို'တဲ့သူတွေလည်းရှိတယ်။ တချို့ကလည်း အလုပ်ပြောင်းတဲ့ကာလမှာ အကြောင်းအမျိုးမျိုးကြောင့် ဟိုဘက်အလုပ်လည်း မချိတ်မိ၊ ဒီဘက်အလုပ်လည်း မချိတ်မိ ဒီကြားထဲမှာ 'အို' လိုက်ရတဲ့သူတွေလည်း ရှိတယ်ပေါ့နော်။"

ဘွဲ့ယူဖို့ပြင်ဆင်နေတဲ့ နိုင်ငံခြားသား ကျောင်းသားတွေလည်း ဒီအထဲမှာ ပါနေပါတယ်။ ဘွဲ့ယူဖို့ စောင့်ဆိုင်းရင်း ကျောင်းအာဏာပိုင်တွေနဲ့ ညှိနှိုင်းမှုတွေ အဆင်မပြေမှုကြားမှာ ဗီဇာမဲ့ဖြစ်သွားတဲ့ ကျောင်းသားတွေလည်းရှိကြောင်း သူကပြောပါတယ်။

နိုင်ငံရေးလှုပ်ရှားမှုမှာ ပါဝင်ပတ်သက်နေတဲ့ မြန်မာတချို့ကတော့ တစ်လတစ်ခါ သက်တမ်းတိုးရတဲ့ ခိုလှုံခွင့်ဗီဇာကို လျှောက်ထားကြသလို၊ တချို့ကလည်း နိုင်ငံသားအဖြစ် ခိုလှုံခွင့်လျှောက်ကြသူတွေလည်း ရှိပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း ကိုရီးယားအစိုးရက လူသားချင်းစာနာမှု အစီအစဉ်နဲ့ ခြောက်လတခါ သက်တမ်းတိုးပေးတဲ့ G-1-99 ဆိုတဲ့ဗီဇာတမျိုးလည်း ရှိပါတယ်။ ဒီဗီဇာကို ၂၀၂၁ မတ်လလယ်လောက်မှာ ကိုရီးယားအစိုးရက စီစဉ်ပေးခဲ့တာပါ။ အခုဒီဗီဇာကို ပတ်စ်ပို့စာအုပ် သက်တမ်းရှိမှ ကိုရီးယားအစိုးရက တိုးပေးတော့မယ်လို့ မကြာသေးခင်က အသိပေးခဲ့ပါတယ်။ မြန်မာသံရုံးကတော့ သူတို့အနေနဲ့ G-1-99 ဗီဇာနဲ့ နေထိုင်ခဲ့သူတွေကို ပတ်စ်ပို့စာအုပ် မထုတ်ပေးနိုင်ကြောင်း တုံ့ပြန်ခဲ့တဲ့အတွက် ဗီဇာသက်တမ်းတိုးဖို့ အခက်အခဲဖြစ်နေကြောင်း မြန်မာအဖွဲ့အစည်းတွေက ဗွီအိုအေကို ပြောပါတယ်။

ကိုရီးယားအစိုးရက ဗီဇာမဲ့နေထိုင်သူတွေကို ဖမ်းဆီး၊ အရေးယူပြီးရင် နေရပ်ပြန်ပို့နိုင်ခြေ များပါတယ်။ ဒီအထဲမှာ နိုင်ငံရေးလှုပ်ရှားခဲ့သူတွေ ပါမယ်ဆိုရင် စိုးရိမ်စရာ အခြေအနေဖြစ်ကြောင်း ကိုရီးယားရောက် မြန်မာအဖွဲ့အစည်းတွေက ပြောနေကြပါတယ်။

XS
SM
MD
LG