=== [[ ZAWGYI ]] ===
ဂ်ပန္နဲ႔ ေတာင္ကိုရီးယား ထိပ္သီးေဆြးေႏြးပြဲ ႏွစ္ႏိုင္ငံ ဆက္ဆံေရး ‘က႑သစ္' ဖြင့္လွစ္
ေတာင္ကိုရီးယားနဲ႔ ဂ်ပန္ ထိပ္သီးေခါင္းေဆာင္ ႏွစ္ဦးရဲ႕ ေဆြးေႏြးပြဲအၿပီး ႏွစ္ႏိုင္ငံ ဆက္ဆံေရး က႑သစ္တစ္ရပ္ ထူေထာင္ႏိုင္ခဲ့တယ္လို႔ ၾကာသပေတးေန႔က ေၾကညာခဲ့ၿပီး ႏွစ္ႏိုင္ငံေခါင္းေဆာင္ေတြ ပုံမွန္ အျပန္အလွန္ အလည္အပတ္ခရီးစဥ္ အပါအဝင္ ကာလရွည္ၾကာ တင္းမာေနတဲ့ ကုန္သြယ္ေရးနဲ႔ တျခား မေျပမလည္ ျဖစ္ေနတာေတြကို ေျဖေလွ်ာ့ဖို႔ သေဘာတူညီခဲ့ၾကတယ္လို႔ ဆိုပါတယ္။
ေတာင္ကိုရီးယားသမၼတ ယြန္ဆြတ္ယိုး Yoon Seok Yeol နဲ႔ ဂ်ပန္ဝန္ႀကီးခ်ဳပ္ ဖုမိအို ခီရွီးဒါး Fumio Kishida တို႔ရဲ႕ တိုက်ိဳမွာက်င္းပတဲ့ ရွားရွားပါးပါး ထိပ္သီးေဆြးေႏြးပြဲမွာ အခုလို ျပန္လည္ ပူးေပါင္းေဆာင္႐ြက္မယ့္အေၾကာင္း ေၾကညာခဲ့တာပါ။ ေတာင္ကိုရီးယားသမၼတ ယြန္ဆြတ္ယိုးရဲ႕ ဂ်ပန္ခရီးစဥ္ဟာ ၁၂ ႏွစ္အတြင္း ေတာင္ကိုရီးယား သမၼတ တဦးရဲ႕ ပထမဆုံးေသာ ခရီးစဥ္ျဖစ္ပါတယ္။
ဝန္ႀကီးခ်ဳပ္ ခီရွီးဒါး Kishida နဲ႔ေတြ႕ဆုံမႈက “ျပႆနာေတြ ျပည့္ေနတဲ့ သူတို႔ႏွစ္ႏိုင္ငံ ဆက္ဆံေရး ခရီးလမ္းမွာ မွတ္တိုင္အသစ္” လို႔ ေတာင္ကိုရီးယားသမၼတက ေျပာၿပီး ဂ်ပန္ဝန္ႀကီးခ်ဳပ္ ကလည္း “အနာဂတ္ စာမ်က္ႏွာသစ္ကို စတင္လိုက္ၿပီ” လို႔ ဆိုပါတယ္။
ေတာင္ကိုရီးယား ကုန္သြယ္ေရးဝန္ႀကီးဌာနရဲ႕ အဆိုအရ ဂ်ပန္ဟာ ေတာင္ကိုရီးယားအေပၚ ခ်မွတ္ထားတဲ့ ဆီမီးကြန္ဒတန္တာ တင္ပို႔မႈ ကန႔္သတ္ခ်က္ေတြကို ႐ုတ္သိမ္းေပးဖို႔ သေဘာတူခဲ့ၿပီး တခါ အျပန္အလွန္ အေနနဲ႔ ေတာင္ကိုရီးယား ဘက္ကလည္း ကမာၻ႔ကုန္သြယ္ေရးအဖြဲ႕ကို ဂ်ပန္နဲ႔ ပတ္သက္လို႔ တိုင္ၾကားထားခ်က္ကို ႐ုပ္သိမ္းသြားပါမယ္။
ဒါ့အျပင္ ၂၀၁၁ ကတည္းက ရပ္ဆိုင္းထားတဲ့ “လြန္းပ်ံ သံတမန္ေရး ခရီး” လို႔ ရည္ၫႊန္းေလ့ရွိတဲ့ ႏွစ္ႏိုင္ငံေခါင္းေဆာင္ေတြရဲ႕ ပုံမွန္ခရီးစဥ္ေတြ ျပန္လည္စတင္မွာ ျဖစ္သလို ႏွစ္ႏိုင္ငံ ေထာက္လွမ္းေရးဆိုင္ရာ သတင္းအခ်က္အလက္ေတြ ပုံမွန္မွ်ေဝဖို႔လည္း သေဘာတူခဲ့ၾကပါတယ္။
ဒါဟာ ႏွစ္ႏိုင္ငံလုံး ရင္ဆိုင္ေနရတဲ့ တ႐ုတ္နဲ႔ ေျမာက္ကိုရီးယား ႏိုင္ငံေတြရဲ႕ စိန္ေခၚမႈေတြကို အတူလက္တြဲ ရင္ဆိုင္ဖို႔ ႀကိဳးပမ္းခ်က္အျဖစ္ ရႈျမင္ၾကပါတယ္။
ေျမာက္ကိုရီးယားဟာ ဒီထိပ္သီးေဆြးေႏြးပြဲနဲ႔ အခ်ိန္ကိုက္ ၾကာသပေတးေန႔ကပဲ တိုက္ခ်င္းပစ္ ဒုံးက်ည္တစ္စင္း ပစ္လႊတ္ခဲ့ၿပီး အဲဒီ ဒုံးက်ည္ဟာ ဂ်ပန္ႏိုင္ငံ အိုရွီးမားကြၽန္း အေနာက္ဘက္ မိုင္ ၁၅၀ ေက်ာ္အကြာက ဂ်ပန္ႏိုင္ငံရဲ႕ သီးသန႔္ စီးပြားေရး ေရပိုင္နက္ဇုန္နဲ႔ ကပ္လ်က္ အျပင္ဘက္ကို က်ေရာက္ခဲ့ပါတယ္။
ေျမာက္ကိုရီးယားရဲ႕ န်ဴကလီးယားဒုံးက်ည္ ၿခိမ္းေျခာက္မႈဟာ “တေန႔ထက္တေန႔ ပိုတိုးလာၿပီး” ဒါဟာ “အေရွ႕အာရွေဒသတင္ မကဘဲ ႏိုင္ငံတကာအသိုင္းအဝိုင္း အတြက္ပါ ၿငိမ္းခ်မ္းေရးနဲ႔ တည္ၿငိမ္မႈအတြက္ ႀကီးမားတဲ့ ၿခိမ္းေျခာက္မႈ” လို႔ ေတာင္ကိုရီးယား သမၼတက ေျပာပါတယ္။ “ဒီလို ဥပေဒမဲ့ ၿခိမ္းေျခာက္ေနတာေတြကို ေတာင္ကိုရီးယားနဲ႔ ဂ်ပန္ ႏွစ္ႏိုင္ငံ စည္းစည္းလုံးလုံးနဲ႔ လက္တြဲၿပီး ပညာရွိရွိ ကိုင္တြယ္ေျဖရွင္းသင့္တယ္” လို႔လည္း ဆိုပါတယ္။
ဂ်ပန္နဲ႔ ေတာင္ကိုရီးယားဟာ အခုအခါမွာ ဘုံတူညီတဲ့ ျပႆနာေတြ ရင္ဆိုင္ေနရေပမယ့္ ၂၀ ရာစု အေစာပိုင္း ၁၉၁၀ ကေန ဒုတိကမာၻစစ္ ၿပီးဆုံးတဲ့ ၁၉၄၅ အထိ ကိုရီးယားကြၽန္းဆြယ္ကို ဂ်ပန္က ကိုလိုနီျပဳခဲ့လို႔ ဂ်ပန္-ေတာင္ကိုရီးယား ဆက္ဆံေရးဟာ ကာလၾကာရွည္ မေျပမလည္ ျဖစ္ခဲ့တာပါ။
ဂ်ပန္ သိမ္းပိုက္ထားတဲ့ ကာလေတြတုန္းက က်ဴးလြန္ခဲ့တဲ့ အဓမၼ လုပ္အားေပး ခိုင္းေစမႈေတြအတြက္ ဂ်ပန္ကုမၸဏီေတြ အေနနဲ႔ ေတာင္ကိုရီးယားႏိုင္ငံသားေတြကို ေလ်ာ္ေၾကး ေပးေဆာင္ရမယ္လို႔ ေတာင္ကိုရီးယား တရား႐ုံးခ်ဳပ္က ၂၀၁၈ မွာ အမိန႔္ခ်ခဲ့ျပီးေနာက္ပိုင္း ၿပီးခဲ့တဲ့ ဆယ္စုႏွစ္ေတြအတြင္း ႏွစ္ႏိုင္ငံ ဆက္ဆံေရးဟာ အဆိုး႐ြားဆုံးအေျခအေနကို ေရာက္ရွိခဲ့တာ ျဖစ္ပါတယ္။
=== {{ UNICODE }} ===
ဂျပန်နဲ့ တောင်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲ နှစ်နိုင်ငံ ဆက်ဆံရေး ‘ကဏ္ဍသစ်' ဖွင့်လှစ်
တောင်ကိုရီးယားနဲ့ ဂျပန် ထိပ်သီးခေါင်းဆောင် နှစ်ဦးရဲ့ ဆွေးနွေးပွဲအပြီး နှစ်နိုင်ငံ ဆက်ဆံရေး ကဏ္ဍသစ်တစ်ရပ် ထူထောင်နိုင်ခဲ့တယ်လို့ ကြာသပတေးနေ့က ကြေညာခဲ့ပြီး နှစ်နိုင်ငံခေါင်းဆောင်တွေ ပုံမှန် အပြန်အလှန် အလည်အပတ်ခရီးစဉ် အပါအဝင် ကာလရှည်ကြာ တင်းမာနေတဲ့ ကုန်သွယ်ရေးနဲ့ တခြား မပြေမလည် ဖြစ်နေတာတွေကို ဖြေလျှော့ဖို့ သဘောတူညီခဲ့ကြတယ်လို့ ဆိုပါတယ်။
တောင်ကိုရီးယားသမ္မတ ယွန်ဆွတ်ယိုး Yoon Seok Yeol နဲ့ ဂျပန်ဝန်ကြီးချုပ် ဖုမိအို ခီရှီးဒါး Fumio Kishida တို့ရဲ့ တိုကျိုမှာကျင်းပတဲ့ ရှားရှားပါးပါး ထိပ်သီးဆွေးနွေးပွဲမှာ အခုလို ပြန်လည် ပူးပေါင်းဆောင်ရွက်မယ့်အကြောင်း ကြေညာခဲ့တာပါ။ တောင်ကိုရီးယားသမ္မတ ယွန်ဆွတ်ယိုးရဲ့ ဂျပန်ခရီးစဉ်ဟာ ၁၂ နှစ်အတွင်း တောင်ကိုရီးယား သမ္မတ တဦးရဲ့ ပထမဆုံးသော ခရီးစဉ်ဖြစ်ပါတယ်။
ဝန်ကြီးချုပ် ခီရှီးဒါး Kishida နဲ့တွေ့ဆုံမှုက “ပြဿနာတွေ ပြည့်နေတဲ့ သူတို့နှစ်နိုင်ငံ ဆက်ဆံရေး ခရီးလမ်းမှာ မှတ်တိုင်အသစ်” လို့ တောင်ကိုရီးယားသမ္မတက ပြောပြီး ဂျပန်ဝန်ကြီးချုပ် ကလည်း “အနာဂတ် စာမျက်နှာသစ်ကို စတင်လိုက်ပြီ” လို့ ဆိုပါတယ်။
တောင်ကိုရီးယား ကုန်သွယ်ရေးဝန်ကြီးဌာနရဲ့ အဆိုအရ ဂျပန်ဟာ တောင်ကိုရီးယားအပေါ် ချမှတ်ထားတဲ့ ဆီမီးကွန်ဒတန်တာ တင်ပို့မှု ကန့်သတ်ချက်တွေကို ရုတ်သိမ်းပေးဖို့ သဘောတူခဲ့ပြီး တခါ အပြန်အလှန် အနေနဲ့ တောင်ကိုရီးယား ဘက်ကလည်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကို ဂျပန်နဲ့ ပတ်သက်လို့ တိုင်ကြားထားချက်ကို ရုပ်သိမ်းသွားပါမယ်။
ဒါ့အပြင် ၂၀၁၁ ကတည်းက ရပ်ဆိုင်းထားတဲ့ “လွန်းပျံ သံတမန်ရေး ခရီး” လို့ ရည်ညွှန်းလေ့ရှိတဲ့ နှစ်နိုင်ငံခေါင်းဆောင်တွေရဲ့ ပုံမှန်ခရီးစဉ်တွေ ပြန်လည်စတင်မှာ ဖြစ်သလို နှစ်နိုင်ငံ ထောက်လှမ်းရေးဆိုင်ရာ သတင်းအချက်အလက်တွေ ပုံမှန်မျှဝေဖို့လည်း သဘောတူခဲ့ကြပါတယ်။
ဒါဟာ နှစ်နိုင်ငံလုံး ရင်ဆိုင်နေရတဲ့ တရုတ်နဲ့ မြောက်ကိုရီးယား နိုင်ငံတွေရဲ့ စိန်ခေါ်မှုတွေကို အတူလက်တွဲ ရင်ဆိုင်ဖို့ ကြိုးပမ်းချက်အဖြစ် ရှုမြင်ကြပါတယ်။
မြောက်ကိုရီးယားဟာ ဒီထိပ်သီးဆွေးနွေးပွဲနဲ့ အချိန်ကိုက် ကြာသပတေးနေ့ကပဲ တိုက်ချင်းပစ် ဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့ပြီး အဲဒီ ဒုံးကျည်ဟာ ဂျပန်နိုင်ငံ အိုရှီးမားကျွန်း အနောက်ဘက် မိုင် ၁၅၀ ကျော်အကွာက ဂျပန်နိုင်ငံရဲ့ သီးသန့် စီးပွားရေး ရေပိုင်နက်ဇုန်နဲ့ ကပ်လျက် အပြင်ဘက်ကို ကျရောက်ခဲ့ပါတယ်။
မြောက်ကိုရီးယားရဲ့ နျူကလီးယားဒုံးကျည် ခြိမ်းခြောက်မှုဟာ “တနေ့ထက်တနေ့ ပိုတိုးလာပြီး” ဒါဟာ “အရှေ့အာရှဒေသတင် မကဘဲ နိုင်ငံတကာအသိုင်းအဝိုင်း အတွက်ပါ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှု” လို့ တောင်ကိုရီးယား သမ္မတက ပြောပါတယ်။ “ဒီလို ဥပဒေမဲ့ ခြိမ်းခြောက်နေတာတွေကို တောင်ကိုရီးယားနဲ့ ဂျပန် နှစ်နိုင်ငံ စည်းစည်းလုံးလုံးနဲ့ လက်တွဲပြီး ပညာရှိရှိ ကိုင်တွယ်ဖြေရှင်းသင့်တယ်” လို့လည်း ဆိုပါတယ်။
ဂျပန်နဲ့ တောင်ကိုရီးယားဟာ အခုအခါမှာ ဘုံတူညီတဲ့ ပြဿနာတွေ ရင်ဆိုင်နေရပေမယ့် ၂၀ ရာစု အစောပိုင်း ၁၉၁၀ ကနေ ဒုတိကမ္ဘာစစ် ပြီးဆုံးတဲ့ ၁၉၄၅ အထိ ကိုရီးယားကျွန်းဆွယ်ကို ဂျပန်က ကိုလိုနီပြုခဲ့လို့ ဂျပန်-တောင်ကိုရီးယား ဆက်ဆံရေးဟာ ကာလကြာရှည် မပြေမလည် ဖြစ်ခဲ့တာပါ။
ဂျပန် သိမ်းပိုက်ထားတဲ့ ကာလတွေတုန်းက ကျူးလွန်ခဲ့တဲ့ အဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေအတွက် ဂျပန်ကုမ္ပဏီတွေ အနေနဲ့ တောင်ကိုရီးယားနိုင်ငံသားတွေကို လျော်ကြေး ပေးဆောင်ရမယ်လို့ တောင်ကိုရီးယား တရားရုံးချုပ်က ၂၀၁၈ မှာ အမိန့်ချခဲ့ပြီးနောက်ပိုင်း ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း နှစ်နိုင်ငံ ဆက်ဆံရေးဟာ အဆိုးရွားဆုံးအခြေအနေကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။