သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေျမာက္ကိုရီးယားက ဂ်ပန္ပင္လယ္ျပင္ထဲ ဒုံးက်ည္ စမ္းသပ္ပစ္လႊတ္


This photo provided by the North Korean government, shows what it says a test launch of a Hwasong-15 intercontinental ballistic missile at Pyongyang International Airport in Pyongyang, North Korea, Feb. 18, 2023.
ေျမာက္ကိုရီးယားက ဂ်ပန္ပင္လယ္ျပင္ထဲကို တာေဝးပစ္ ဒုံးက်ည္တစ္စင္း စေနေန႔က ပစ္လႊတ္လိုက္ပါတယ္။ အေမရိကန္နဲ႔ ေတာင္ကိုရီးယား စစ္တပ္တို႔ ပူးတြဲစစ္ေရး ေလ့က်င့္မႈအေပၚ ျပင္းျပင္းထန္ထန္ တုံ႔ျပန္မယ္လို႔ ၿခိမ္းေျခာက္လိုက္ၿပီး တစ္ရက္အၾကာမွာ အခုလို ပစ္လိုက္တာပါ။ ေျမာက္ကိုရီးယားရဲ႕ ၿခိမ္းေျခာက္မႈေတြ တိုးမ်ားလာေနတဲ့အတြက္ အခုလို ပူးတြဲစစ္ေရးေလ့က်င့္မႈ လုပ္တာျဖစ္တယ္လို႔ အေမရိကန္နဲ႔ ေတာင္ကိုရီးယားတို႔က ေျပာၾကပါတယ္။

ေတာင္ကိုရီးယားနဲ႔ ဂ်ပန္စစ္တပ္တို႔ရဲ႕ အေျပာအရ ဒုံးက်ည္ဟာ အျမင့္မိုင္ ၃၅၀၀ နဲ႔ မိုင္ ၅၆၀ အကြာေဝးကို တစ္နာရီအခ်ိန္အတြင္း သြားခဲ့တယ္လို႔ ဆိုပါတယ္။ ဒုံးက်ည္ရဲ႕ အေသးစိတ္ အခ်က္အလက္ေတြကေတာ့ ႏိုဝင္ဘာလအတြင္းက ပစ္လႊတ္ခဲ့တဲ့ တိုက္ခ်င္းပစ္ ဒုံးက်ည္ ICBM Hwasong-17 နဲ႔ အတူတူပဲလို႔ ေျပာပါတယ္။

ဒီလို ပစ္လိုက္တဲ့အတြက္ ထိခိုက္ပ်က္စီးတာေတာ့ မ႐ွိဘူးလို႔ ဂ်ပန္အစိုးရ ေျပာေရးဆိုခြင့္႐ွိသူ Hirokazu Matsuno က ေျပာပါတယ္။ Oshima ကြၽန္းရဲ႕ အေနာက္ဘက္ ၁၂၅ မိုင္အကြာ၊ ဂ်ပန္ရဲ႕ စီးပြါးေရးဇုံ သတ္မွတ္ထားတဲ့ ပင္လယ္ျပင္ထဲကို ဒုံးက်ည္ က က်ေရာက္ခဲ့ပါတယ္။ Oshima ကြၽန္းဟာ ဂ်ပန္ႏိုင္ငံရဲ႕ ေျမာက္ပိုင္း အဓိက ကြၽန္းႀကီးျဖစ္တဲ့ Hokkaido ရဲ႕ အေနာက္ဘက္မွာ ႐ွိပါတယ္။

အခုလို ပစ္လိုက္တာဟာ တင္းမာမႈကို မလိုအပ္ဘဲ ႀကီးထြားေစၿပီး ေဒသတြင္း လုံျခဳံေရး အေျခအေနကို မတည္မၿငိမ္ျဖစ္ေအာင္ လုပ္ရာေရာက္တယ္လို႔ အေမရိကန္ အစိုးရရဲ႕ အမ်ိဳးသား လုံျခဳံေရးေကာင္စီက ေျပာပါတယ္။ ေတာင္ကိုရီးယား ႏိုင္ငံမွာေတာ့ အမ်ိဳးသားလုံျခဳံေရး ၫႊန္ၾကားေရးမႉး Kim Sung-han ဦးေဆာင္ၿပီး အေရးေပၚ အစည္းအေဝးတစ္ရပ္ က်င္းပခဲ့ၿပီး၊ ေျမာက္ကိုရီးယားကို ႐ႈတ္ခ်လိုက္ပါတယ္။ အခုလို ပစ္လႊတ္တာနဲ႔ ပတ္သက္လို႔ ဂ်ပန္ႏိုင္ငံက အေမရိကန္၊ ေတာင္ကိုရီးယားတို႔နဲ႔ နီးနီးကပ္ကပ္ ဆက္သြယ္ေဆာင္႐ြက္ေနေၾကာင္း ဝန္ႀကီးခ်ဳပ္ Fumio Kishida က ေျပာပါတယ္။

=== Unicode ====

မြောက်ကိုရီးယားက ဂျပန်ပင်လယ်ပြင်ထဲကို တာဝေးပစ် ဒုံးကျည်တစ်စင်း စနေနေ့က ပစ်လွှတ်လိုက်ပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယား စစ်တပ်တို့ ပူးတွဲစစ်ရေး လေ့ကျင့်မှုအပေါ် ပြင်းပြင်းထန်ထန် တုံ့ပြန်မယ်လို့ ခြိမ်းခြောက်လိုက်ပြီး တစ်ရက်အကြာမှာ အခုလို ပစ်လိုက်တာပါ။ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေ တိုးများလာနေတဲ့အတွက် အခုလို ပူးတွဲစစ်ရေးလေ့ကျင့်မှု လုပ်တာဖြစ်တယ်လို့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့က ပြောကြပါတယ်။

တောင်ကိုရီးယားနဲ့ ဂျပန်စစ်တပ်တို့ရဲ့ အပြောအရ ဒုံးကျည်ဟာ အမြင့်မိုင် ၃၅၀၀ နဲ့ မိုင် ၅၆၀ အကွာဝေးကို တစ်နာရီအချိန်အတွင်း သွားခဲ့တယ်လို့ ဆိုပါတယ်။ ဒုံးကျည်ရဲ့ အသေးစိတ် အချက်အလက်တွေကတော့ နိုဝင်ဘာလအတွင်းက ပစ်လွှတ်ခဲ့တဲ့ တိုက်ချင်းပစ် ဒုံးကျည် ICBM Hwasong-17 နဲ့ အတူတူပဲလို့ ပြောပါတယ်။

ဒီလို ပစ်လိုက်တဲ့အတွက် ထိခိုက်ပျက်စီးတာတော့ မရှိဘူးလို့ ဂျပန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ Hirokazu Matsuno က ပြောပါတယ်။ Oshima ကျွန်းရဲ့ အနောက်ဘက် ၁၂၅ မိုင်အကွာ၊ ဂျပန်ရဲ့ စီးပွါးရေးဇုံ သတ်မှတ်ထားတဲ့ ပင်လယ်ပြင်ထဲကို ဒုံးကျည် က ကျရောက်ခဲ့ပါတယ်။ Oshima ကျွန်းဟာ ဂျပန်နိုင်ငံရဲ့ မြောက်ပိုင်း အဓိက ကျွန်းကြီးဖြစ်တဲ့ Hokkaido ရဲ့ အနောက်ဘက်မှာ ရှိပါတယ်။

အခုလို ပစ်လိုက်တာဟာ တင်းမာမှုကို မလိုအပ်ဘဲ ကြီးထွားစေပြီး ဒေသတွင်း လုံခြုံရေး အခြေအနေကို မတည်မငြိမ်ဖြစ်အောင် လုပ်ရာရောက်တယ်လို့ အမေရိကန် အစိုးရရဲ့ အမျိုးသား လုံခြုံရေးကောင်စီက ပြောပါတယ်။ တောင်ကိုရီးယား နိုင်ငံမှာတော့ အမျိုးသားလုံခြုံရေး ညွှန်ကြားရေးမှူး Kim Sung-han ဦးဆောင်ပြီး အရေးပေါ် အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပြီး၊ မြောက်ကိုရီးယားကို ရှုတ်ချလိုက်ပါတယ်။ အခုလို ပစ်လွှတ်တာနဲ့ ပတ်သက်လို့ ဂျပန်နိုင်ငံက အမေရိကန်၊ တောင်ကိုရီးယားတို့နဲ့ နီးနီးကပ်ကပ် ဆက်သွယ်ဆောင်ရွက်နေကြောင်း ဝန်ကြီးချုပ် Fumio Kishida က ပြောပါတယ်။

XS
SM
MD
LG