သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယား စီးပွားရေးဆိုင်ရာ လုံခြုံရေးဆွေးနွေး 


တောင်ကိုရီးယားသမ္မတ Yoon Suk-yeol 
တောင်ကိုရီးယားသမ္မတ Yoon Suk-yeol 

{{Zawgyi/Unicode}}

တောင်ကိုရီးယား၊ အမေရိကန်နဲ့ ဂျပန်နိုင်ငံတွေက တာဝန်ရှိသူတွေဟာ ပထမဆုံးအကြိမ် စီးပွားရေး ဆိုင်ရာ လုံခြုံရေးဆွေးနွေးပွဲကျင်းပခဲ့ကြောင်း တောင်ကိုရီးယားသမ္မတရုံးက ဖေဖော်ဝါရီ ၂၈ က သတင်းထုတ်ပြန်ပါတယ်။ ကုန်ပစ္စည်းထောက်ပံ့ရေး ကွင်းဆက်လမ်းကြောင်းတွေအားကောင်းစေပြီး နည်းပညာဖွံ့ဖြိုးတိုးတက်ရေး တွန်းအားပေးလုပ်ဆောင်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ အခုလိုဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဂျပန်နဲ့တောင်ကိုရီးယားနှစ်နိုင်ငံဟာ ဆက်ဆံရေးသိပ်အဆင်မပြေတဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်ပေမယ့် အမေရိကန်အပါအဝင် ဒီ သုံးနိုင်ငံဟာ ကမ္ဘာ့တင်းမာမှုတွေမြင့်တက်လာချိန်၊ တဘက်ကလည်း အားကောင်းလာတဲ့တရုတ်နဲ့ မှန်းဆဖို့ခက်တဲ့မြောက်ကိုရီးယားနိုင်ငံတွေနဲ့ ရင်ဆိုင်နေရတဲ့အခြေအနေမှာ နယ်ပယ်အသီးသီးမှာ ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးချဲ့ဖို့ စိတ်အားထက်သန်နေကြပါတယ်။

“အမေရိကန်ပြည်ထောင်စုနဲ့ နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ လုံခြုံရေးပူးပေါင်းဆောင်ရွက်နေတာကို အခု သုံးနိုင်ငံအဆင့်အထိ ချဲ့ထွင်တိုးချဲ့လိုက်လို့ ဒီဆွေးနွေးပွဲဟာအဓိပ္ပါယ်ရှိတယ် ” လို့တောင်ကိုရီးယား သမ္မတရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒါမှာ သုံးနိုင်ငံရဲ့အဓိကထောက်ပံ့ရေးကွင်းဆက်လမ်းကြောင်းတွေ ခံနိုင်ရည်ရှိစေဖို့၊ အကျပ်အတည်း ကြုံလာရင် တုံ့ပြန်ရင်ဆိုင်နိုင်စွမ်း အားကောင်းလာစေဖို့နဲ့ အဓိကအရေးကြီးတဲ့ ထွန်းသစ်စနည်းပညာတွေကို မြှင့်တင်ကာကွယ်ရာမှာ ပူးပေါင်းဆောင်ရွက်ဖို့တွေ ပါဝင်ပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၊ ဂျပန်ဝန်ကြီးချုပ် ဖူမီအို ခီရှိဒ (Fumio Kishida) နဲ့ တောင်ကိုရီးယားသမ္မတ ယွန်းဆုက်ယိုး (Yoon Suk-yeol) တို့ဟာ အခုလို သုံးနိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးပွဲတွေ ဟာဝိုင်ယီမှာကျင်းပဖို့ကို မနှစ် နိုဝင်ဘာလက ထိပ်သီးဆွေးနွေးပွဲတခုမှာ သုံးနိုင်ငံက ခေါင်းဆောင်တွေ သဘောတူခဲ့ကြတာပါ။

တရုတ်နဲ့ရုရှားဟာ ကမ္ဘာ့စီးပွားရေးကို အနှောင့်အယှက်ပြုဖို့နဲ့ ပထဝီနိုင်ငံရေးတင်းမာမှုတွေ ဖြစ်ပေါ်စေဖို့ ရည်ရွယ်ပြီး ကုန်ပစ္စည်းထောက်ပံ့ရေးလမ်းကြောင်းတွေကို လက်နက်သဖွယ် အကျပ်ကိုင် အသုံးချနေတယ်လို့လည်း အမေရိကန်က စွပ်စွဲထားပါတယ်။

အခု ဟာဝိုင်ယီဆွေးနွေးပွဲမှာ တာဝန်ရှိသူတွေဟာ ကွမ်တမ်နည်းပညာ၊ ဇီဝနဲ့ အာကာသနည်းပညာတွေအပါအဝင် နည်းပညာနယ်ပယ်တွေမှာ အပြန်အလှန်ဖလှယ်ကြဖို့နဲ့ တပိုင်းလျှပ်ကူးပစ္စည်းတွေ၊ ဘက်ထရီနဲ့ အဓိကတွင်းထွက်သတ္တုဓာတ်တွေအတွက် ထောက်ပံ့ရေးကွင်းဆက်လမ်းကြောင်းတွေ တည်ငြိမ်စေရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ဖို့ နည်းလမ်းတွေဆွေးနွေးခဲ့ကြောင်း တောင်ကိုရီးယားသမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။

တိုက်ရိုက် လင့်ခ်

===============

{{Unicode}}









ဆက်စပ်သတင်းများ ...

XS
SM
MD
LG