သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာရွမဟာမိတ္ေတြကို အကာအကြယ္ေပးမယ္လို႔ ကန္ကာကြယ္ေရးဝန္ႀကီး ကတိျပဳ


US Defense Secretary Lloyd Austin speaks during a plenary session at the 19th International Institute for Strategic Studies Shangri-la Dialogue, Asia's annual defense and security forum, in Singapore, June 11, 2022.

အေမရိကန္ကာကြယ္ေရးဝန္ႀကီးအေနနဲ႔ တ႐ုတ္ကာကြယ္ေရးဝန္ႀကီးနဲ႔ေတြ႕အၿပီးမွာ၊ တ႐ုတ္ရဲ႕ရန္လိုမူေတြကေန အာရွႏိုင္ငံေတြကို ကာကြယ္ေပးမယ္လို႔ ကတိေပးလိုက္ပါတယ္။

ထိုင္ဝမ္အပါအဝင္ အာရွႏိုင္ငံေတြအေပၚ တ႐ုတ္ရဲ႕ ပိုမိုရန္လိုလာေနတာကို ဆန႔္က်င္ကာကြယ္ေပး အစီအစဥ္ကို ကာကြယ္ေရးဝန္ႀကီး Lloyd Austin က၊ စကၤာပူက Shangri-La ေဆြးေႏြးပြဲမွာ ဒီေန႔ ခ်ျပလိုက္တာပါ။

႐ုရွားက်ဳးေက်ာ္စစ္အၿပီး အာရွဘက္မွာလည္း တ႐ုတ္က အလားတူလုပ္လာမွာကို ႏိုင္ငံတကာစိုးရိမ္မူေတြရွိလာၿပီး အာရွေဒသတြင္း တ႐ုတ္နဲ႔တင္းမွာမူေတြကို စစ္ပြဲပဋိပကၡအဆင့္ေရာက္မလာေရး ဝိုင္းကိုင္တြယ္ေပးေနၾကခ်ိန္မွာ ဝန္ႀကီး Austin က အခုလို ေျပာလာတာပါ။

ဝန္ႀကီး Austin က အင္ဒို-ပစိဖိတ္ေဒသလုံၿခဳံေရးက အေမရိကန္ရဲ႕ စစ္ေရးမ်က္ႏွာစာ ဦးစားေပးျဖစ္တယ္၊ ဒီေဒသဟာ အေမရိကန္ မဟာဗ်ဳဟာတစ္ခုလုံးရဲ႕ အသက္ေသြးေၾကာလည္း ျဖစ္တယ္လို႔ ဒီ အာရွလုံၿခံဳေရးထိပ္သီးပြဲတက္လာတဲ့ ၄၂ ႏိုင္ငံက ဝန္ႀကီးေတြနဲ႔ အရာရွိေတြကို ေျပာလိုက္ပါတယ္။

တ႐ုတ္ရဲ႕ ရန္လိုမူကို စိုးရိမ္ၾကတဲ့ အာရွ ႏိုင္ငံေတြအားလုံး တညီတၫြတ္ထဲ ရင္ဆိုင္ဖို႔ အစီအစဥ္ အေသးစိတ္ကိုလည္း ရွင္းျပခဲ့ရာမွာ မဟာမိတ္ဖြဲ႕မူနဲ႔ စစ္ေရးပူးေပါင္းေဆာင္႐ြက္မူအျပင္၊ ႐ုရွားကိုစီးပြားေရးအရ ေပါင္း ဒဏ္ခတ္တာမ်ိဳးပါ ဝန္ႀကီး Austin က ေျပာခဲ့ပါတယ္။ / ခင္ဗ်ာ

ဒါေပမဲ အခုလို ေျပာေနတာက ထိပ္တိုက္ေတြ႕ဖို႔ ဒါမွမဟုတ္ ပဋိပကၡျဖစ္လာဖို႔၊ စစ္ေအးတိုက္ပြဲ ေဖာ္ဖို႔ မဟုတ္ဘူး၊ အာရွရဲ႕ေနတိုးသေဘာ မဟာမိတ္ ဆန႔္က်င္ဖက္အုပ္စုႀကီးေတြ ေဖာ္ေဆာင္ဖို႔လည္း မဟုတ္ဘူးလို႔ သူက ဆက္ေျပာခဲ့ပါတယ္ / ခင္ဗ်ာ။

ဒါ့အျပင္ ဝန္ႀကီး Austin အေနနဲ႔ အာရွေဒသတြင္းက အဓိက မဟာမိတ္ေတြျဖစ္တဲ့ ဂ်ပန္နဲ႔ ၾသစေတ်းလ်က ကာကြယ္ေရးဝန္ႀကီးေတြနဲ႔ ၃ ပြင့္ဆိုင္အျပင္၊ ေတာင္ကိုရီးယား ကာကြယ္ေရးယန္ႀကီးနဲ႔ ပထမေတြ႕ၿပီး၊ ေနာက္ အတူတြဲကာ ဂ်ပန္ကာကြယ္ေရးဝန္ႀကီးနဲ႔လည္း ေနာက္ ၃ ပြင့္ဆိုင္ ဒီေန႔ ထပ္ေတြ႕ခဲ့ပါေသးတယ္။

=== Unicode ====

အမေရိကန်ကာကွယ်ရေးဝန်ကြီးအနေနဲ့ တရုတ်ကာကွယ်ရေးဝန်ကြီးနဲ့တွေ့အပြီးမှာ၊ တရုတ်ရဲ့ရန်လိုမူတွေကနေ အာရှနိုင်ငံတွေကို ကာကွယ်ပေးမယ်လို့ ကတိပေးလိုက်ပါတယ်။

ထိုင်ဝမ်အပါအဝင် အာရှနိုင်ငံတွေအပေါ် တရုတ်ရဲ့ ပိုမိုရန်လိုလာနေတာကို ဆန့်ကျင်ကာကွယ်ပေး အစီအစဉ်ကို ကာကွယ်ရေးဝန်ကြီး Lloyd Austin က၊ စင်္ကာပူက Shangri-La ဆွေးနွေးပွဲမှာ ဒီနေ့ ချပြလိုက်တာပါ။

ရုရှားကျုးကျော်စစ်အပြီး အာရှဘက်မှာလည်း တရုတ်က အလားတူလုပ်လာမှာကို နိုင်ငံတကာစိုးရိမ်မူတွေရှိလာပြီး အာရှဒေသတွင်း တရုတ်နဲ့တင်းမှာမူတွေကို စစ်ပွဲပဋိပက္ခအဆင့်ရောက်မလာရေး ဝိုင်းကိုင်တွယ်ပေးနေကြချိန်မှာ ဝန်ကြီး Austin က အခုလို ပြောလာတာပါ။

ဝန်ကြီး Austin က အင်ဒို-ပစိဖိတ်ဒေသလုံခြုံရေးက အမေရိကန်ရဲ့ စစ်ရေးမျက်နှာစာ ဦးစားပေးဖြစ်တယ်၊ ဒီဒေသဟာ အမေရိကန် မဟာဗျုဟာတစ်ခုလုံးရဲ့ အသက်သွေးကြောလည်း ဖြစ်တယ်လို့ ဒီ အာရှလုံခြုံရေးထိပ်သီးပွဲတက်လာတဲ့ ၄၂ နိုင်ငံက ဝန်ကြီးတွေနဲ့ အရာရှိတွေကို ပြောလိုက်ပါတယ်။

တရုတ်ရဲ့ ရန်လိုမူကို စိုးရိမ်ကြတဲ့ အာရှ နိုင်ငံတွေအားလုံး တညီတညွတ်ထဲ ရင်ဆိုင်ဖို့ အစီအစဉ် အသေးစိတ်ကိုလည်း ရှင်းပြခဲ့ရာမှာ မဟာမိတ်ဖွဲ့မူနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မူအပြင်၊ ရုရှားကိုစီးပွားရေးအရ ပေါင်း ဒဏ်ခတ်တာမျိုးပါ ဝန်ကြီး Austin က ပြောခဲ့ပါတယ်။ / ခင်ဗျာ

ဒါပေမဲ အခုလို ပြောနေတာက ထိပ်တိုက်တွေ့ဖို့ ဒါမှမဟုတ် ပဋိပက္ခဖြစ်လာဖို့၊ စစ်အေးတိုက်ပွဲ ဖော်ဖို့ မဟုတ်ဘူး၊ အာရှရဲ့နေတိုးသဘော မဟာမိတ် ဆန့်ကျင်ဖက်အုပ်စုကြီးတွေ ဖော်ဆောင်ဖို့လည်း မဟုတ်ဘူးလို့ သူက ဆက်ပြောခဲ့ပါတယ် / ခင်ဗျာ။

ဒါ့အပြင် ဝန်ကြီး Austin အနေနဲ့ အာရှဒေသတွင်းက အဓိက မဟာမိတ်တွေဖြစ်တဲ့ ဂျပန်နဲ့ သြစတျေးလျက ကာကွယ်ရေးဝန်ကြီးတွေနဲ့ ၃ ပွင့်ဆိုင်အပြင်၊ တောင်ကိုရီးယား ကာကွယ်ရေးယန်ကြီးနဲ့ ပထမတွေ့ပြီး၊ နောက် အတူတွဲကာ ဂျပန်ကာကွယ်ရေးဝန်ကြီးနဲ့လည်း နောက် ၃ ပွင့်ဆိုင် ဒီနေ့ ထပ်တွေ့ခဲ့ပါသေးတယ်။

XS
SM
MD
LG