သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကန္ဒုသမၼတ စစ္မဲ႔ဇံု သြားခါနီး ေျမာက္ကိုရီးယား ဒံုးက်ည္ပစ္လႊတ္


(Zawgyi / Unicode)

ေတာင္နဲ႔ ေျမာက္ကိုရီးယား ၂ ႏိုင္ငံၾကားက DMZ အပစ္ရပ္ဇံုကို အေမရိကန္ ဒုသမၼတ Kamala Harris သြားေရာက္ဖို႔ စီစဥ္ထားခ်ိန္ မတိုင္ခင္ နာရီပိုင္းကေလးမွာပဲ ေျမာက္ကိုရီးယားက ဒီသီတင္းပတ္ထဲ ဒုတိယအႀကိမ္အျဖစ္ ပဲ့ထိန္းတပ္မစ္ဇိုင္းဒံုးက်ည္ေတြ ပစ္လႊတ္ခဲ့ပါတယ္။

မေန႔က ဗုဒၶဟူးေန႔ေႏွာင္းပိုင္းမွာ တာတိုပစ္ပဲ့ထိန္းတပ္ မစ္ဇိုင္းဒံုးက်ည္ ၂ စင္းကို အေရွ႕ဘက္ကမ္း႐ိုးတန္းအလြန္ ပင္လယ္ျပင္ထဲ ပစ္ခတ္ခဲ့တာလို႔ ေတာင္ကိုရီးယား စစ္တပ္က ေျပာပါတယ္။ ဂ်ပန္အစိုးရကလည္း ေျမာက္ကိုရီးယားဘက္က ပစ္ခတ္တာဟာ ပဲ့ထိန္းတပ္မစ္ဇိုင္း ဒံုးက်ည္လို႔ ယူဆရေၾကာင္း ေျပာေပမယ့္ အေသးစိတ္ကိုေတာ့ မထုတ္ျပန္ပါဘူး။

ဒါဟာ ေျမာက္ကိုရီးယားက တာတိုပစ္ မစ္ဇိုင္းဒံုး စမ္းသပ္ပစ္လႊတ္ခဲ့ၿပီး ၃ ရက္အၾကာမွာ ထပ္မံ ပစ္ခတ္ခဲ့တာပါ။ အခုအခ်ိန္အထိဆို ေျမာက္ကိုရီးယားက ဒီႏွစ္ထဲ ပစ္ခတ္တဲ့ ပဲ့ထိန္းတပ္ မစ္ဇိုင္းဒံုးက်ည္ဟာ ၃၄ စင္းရွိၿပီျဖစ္ၿပီး ဒါဟာ အမ်ားဆံုးအျဖစ္ မွတ္တမ္းတင္ခဲ့တာပါ။ ေျမာက္ကိုရီးယားရဲ႕ အခုေနာက္ဆံုး ဒံုးက်ည္ပစ္လႊတ္မႈဟာ အေမရိကန္ဒုသမၼတ Harris ရဲ႕ ကိုရီးယား ၂ ႏိုင္ငံၾကား စစ္မဲ့ဇံုကို လာဖို႔ စီစဥ္တာကို တမင္ရန္စတဲ့ သေဘာျဖစ္ႏိုင္တယ္လို႔ ရႈျမင္ၾကပါတယ္။

ဒုသမၼတ Harris ဟာ ဂ်ပန္ႏိုင္ငံ တိုက်ိဳမွာ က်င္းပတဲ့ ကြယ္လြန္သူ ဂ်ပန္ဝန္ႀကီးခ်ဳပ္ေဟာင္း ရွင္ဇိုအာေဘးရဲ႕ စ်ာပန အခမ္းအနားကို တက္ေရာက္ဖို႔ ဂ်ပန္ကို ေရာက္ေနတာျဖစ္ပါတယ္။ သူဟာ ဂ်ပန္၊ ေတာင္ကိုရီးယားနဲ႔ Australia အရာရွိေတြနဲ႔ ၂ ႏိုင္ငံခ်င္း ေတြ႕ဆံုေဆြးေႏြးမႈေတြ လုပ္ဖို႔လည္းစီစဥ္ထားတာပါ။

ဗုဒၶဟူးေန႔ မနက္ပိုင္းတုန္းကေတာ့ ဒုသမၼတ Harris က ေျမာက္ကိုရီးယားရဲ႕ တနဂၤေႏြေန႔က ဒံုးက်ည္ ပစ္လႊတ္မႈကို ရႈတ္ခ်ခဲ့တာ ျဖစ္ၿပီး အခုလို ပဲ့ထိန္းတပ္လက္နက္စမ္းသပ္မႈေတြဟာ ေဒသတြင္း တည္ၿငိမ္ေရးကို ၿခိမ္းေျခာက္ေနသလို ကုလလံုျခံဳေရးေကာင္စီက ခ်မွတ္ထားတဲ့ ကန္႔သတ္ခ်က္ေတြကို အႀကိမ္ႀကိမ္ ခ်ိဳးေဖါက္ေနတာ ျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ကန်ဒုသမ္မတ စစ်မဲ့ဇုံ သွားခါနီး မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်


တောင်နဲ့ မြောက်ကိုရီးယား ၂ နိုင်ငံကြားက DMZ အပစ်ရပ်ဇုံကို အမေရိကန် ဒုသမ္မတ Kamala Harris သွားရောက်ဖို့ စီစဉ်ထားချိန် မတိုင်ခင် နာရီပိုင်းကလေးမှာပဲ မြောက်ကိုရီးယားက ဒီသီတင်းပတ်ထဲ ဒုတိယအကြိမ်အဖြစ် ပဲ့ထိန်းတပ်မစ်ဇိုင်းဒုံးကျည်တွေ ပစ်လွှတ်ခဲ့ပါတယ်။

မနေ့က ဗုဒ္ဓဟူးနေ့နှောင်းပိုင်းမှာ တာတိုပစ်ပဲ့ထိန်းတပ် မစ်ဇိုင်းဒုံးကျည် ၂ စင်းကို အရှေ့ဘက်ကမ်းရိုးတန်းအလွန် ပင်လယ်ပြင်ထဲ ပစ်ခတ်ခဲ့တာလို့ တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။ ဂျပန်အစိုးရကလည်း မြောက်ကိုရီးယားဘက်က ပစ်ခတ်တာဟာ ပဲ့ထိန်းတပ်မစ်ဇိုင်း ဒုံးကျည်လို့ ယူဆရကြောင်း ပြောပေမယ့် အသေးစိတ်ကိုတော့ မထုတ်ပြန်ပါဘူး။

ဒါဟာ မြောက်ကိုရီးယားက တာတိုပစ် မစ်ဇိုင်းဒုံး စမ်းသပ်ပစ်လွှတ်ခဲ့ပြီး ၃ ရက်အကြာမှာ ထပ်မံ ပစ်ခတ်ခဲ့တာပါ။ အခုအချိန်အထိဆို မြောက်ကိုရီးယားက ဒီနှစ်ထဲ ပစ်ခတ်တဲ့ ပဲ့ထိန်းတပ် မစ်ဇိုင်းဒုံးကျည်ဟာ ၃၄ စင်းရှိပြီဖြစ်ပြီး ဒါဟာ အများဆုံးအဖြစ် မှတ်တမ်းတင်ခဲ့တာပါ။ မြောက်ကိုရီးယားရဲ့ အခုနောက်ဆုံး ဒုံးကျည်ပစ်လွှတ်မှုဟာ အမေရိကန်ဒုသမ္မတ Harris ရဲ့ ကိုရီးယား ၂ နိုင်ငံကြား စစ်မဲ့ဇုံကို လာဖို့ စီစဉ်တာကို တမင်ရန်စတဲ့ သဘောဖြစ်နိုင်တယ်လို့ ရှုမြင်ကြပါတယ်။

ဒုသမ္မတ Harris ဟာ ဂျပန်နိုင်ငံ တိုကျိုမှာ ကျင်းပတဲ့ ကွယ်လွန်သူ ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးရဲ့ ဈာပန အခမ်းအနားကို တက်ရောက်ဖို့ ဂျပန်ကို ရောက်နေတာဖြစ်ပါတယ်။ သူဟာ ဂျပန်၊ တောင်ကိုရီးယားနဲ့ Australia အရာရှိတွေနဲ့ ၂ နိုင်ငံချင်း တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဖို့လည်းစီစဉ်ထားတာပါ။

ဗုဒ္ဓဟူးနေ့ မနက်ပိုင်းတုန်းကတော့ ဒုသမ္မတ Harris က မြောက်ကိုရီးယားရဲ့ တနင်္ဂနွေနေ့က ဒုံးကျည် ပစ်လွှတ်မှုကို ရှုတ်ချခဲ့တာ ဖြစ်ပြီး အခုလို ပဲ့ထိန်းတပ်လက်နက်စမ်းသပ်မှုတွေဟာ ဒေသတွင်း တည်ငြိမ်ရေးကို ခြိမ်းခြောက်နေသလို ကုလလုံခြုံရေးကောင်စီက ချမှတ်ထားတဲ့ ကန့်သတ်ချက်တွေကို အကြိမ်ကြိမ် ချိုးဖေါက်နေတာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG