သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နဲ့စစ်ရေးအသင့်ပြင်ထားဟု မြောက်ကိုရီးယားခေါင်းဆောင် သတိပေး

မြောက်ကိုရီးယားခေါင်းဆောင်က နိုင်ငံပိုင် ရုပ်သံကနေ မိန့်ခွန်းပြောကြားစဉ် - Kim Jong Un (ဇူလိုင် ၂၇၊ ၂၀၂၂)
မြောက်ကိုရီးယားခေါင်းဆောင်က နိုင်ငံပိုင် ရုပ်သံကနေ မိန့်ခွန်းပြောကြားစဉ် - Kim Jong Un (ဇူလိုင် ၂၇၊ ၂၀၂၂)

[[Zawgyi/Unicode]]

အမေရိကန်နဲ့ ဘယ်လို စစ်ရေးပဋိပက္ခမျိုးမဆို မြောက်ကိုရီးယားက အဆင်သင့်ပြင်ဆင်ထားတယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un က ဗုဒ္ဓဟူးနေ့မှာ သတိပေးပြောဆိုတဲ့အကြောင်း နိုင်ငံပိုင်မီဒီယာတွေက ဒီကနေ့ပြောပါတယ်။

၇ ကြိမ်မြောက် နျူကလီယားစမ်းသပ်မှု မကြာခင်လုပ်မယ်ဆိုတဲ့ ခန့်မှန်းချက်တွေထွက်ပေါ်နေချိန်မှာ မြောက်ကိုရီးယားအစိုးရရဲ့ သတိပေးချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။ ကိုရီးယားစစ်ပွဲ အဆုံးသတ်တဲ့ နှစ်ပတ်လည်အခမ်းအနား မိန့်ခွန်းမှာ Kim Jong Un က တောင်ကိုရီးယားက အန္တရာယ်တစုံတရာပေးဖို့ ကြိုးစားလာရင် အမြစ်ပြတ်ချေမှုန်းသွားမယ်လို့ နိုင်ငံပိုင် KCNA သတင်းဌာနက ထုတ်ပြန်ခဲ့တာပါ။

မြောက်ကိုရီယားရဲ့ Nuclear အင်အားကို သူ့မိန့်ခွန်းထဲမှာ အထပ်ထပ်ပြောကြားခဲ့ပြီး လိုအပ်ရင် အသုံးချသွားမယ်လို့ ဆိုခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ စစ်ရေးထိပ်တိုက်တေ့ွလာရင် တုံ့ပြန်ဖို့လည်း အပြည့်အဝ ပြင်ဆင်ထားတယ်လို့ မြောက် ကိုရီးယားခေါင်းဆောင်က ပြောပါတယ်။ အခုနှစ်ထဲမှာ မြောက်ကိုရီးယားက Missile ဒုံးစမ်းသပ်မှုတွေကို အရင်နဲ့မတူဘဲ အကြိမ်ကြိမ်လုပ်ခဲ့ပါတယ်။ ဒါကိုတုံ့ပြန်တဲ့အနေနဲ့ တောင်ကိုရီးယားကလည်း အမေရိကန်နဲ့ ဆယ်စုနှစ်ကြာ စစ်ရေးမဟာမိတ်ကို ထပ်ပြီး တိုးချဲ့ဆောင်ရွက်နေပါတယ်။

ကန်နဲ့စစ်ရေးအသင့်ပြင်ထားဟု မြောက်ကိုရီးယားခေါင်းဆောင် သတိပေး.mp3
please wait

No media source currently available

0:00 0:00:48 0:00
တိုက်ရိုက် လင့်ခ်

==========

[[Unicode]]





XS
SM
MD
LG