သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကန္ - ေတာင္ကိုရီးယား ကုန္သြယ္မႈ ကိစၥအျငင္းပါြး


GM-PLANT / Tennessee ျပည္နယ္မွ ကားစက္႐ုံတခု၊ ၾသဂုတ္ ၂၂၊ ၂၀၁၉

ကိုရီးယား ကားထုတ္လုပ္ေရး လုပ္ငန္းေတြအေပၚ အေမရိကန္က ခဲြျခားဆက္ဆံတယ္ဆိုၿပီး ေတာင္ကိုရီးယားက မေက်မနပ္ ျဖစ္ေနတာေၾကာင့္ အေမရိကန္ရဲ႕ အာရွေဒသ စီးပြားေရးအစီအစဥ္ေတြမွာ အဓိကမဟာမိတ္ေတြ ပါ၀င္လာေရး အခက္ၾကံဳေနရပါတယ္။ အေမရိကန္ လႊတ္ေတာ္ကေတာ့ ေျမာက္အေမရိကတိုက္မွာ တပ္ဆင္တဲ့ လွ်ပ္စစ္ကားေတြကို ၀ယ္ယူမယ့္သူေတြကို အမ်ားဆုံး ေဒၚလာ ၇,၅၀၀ အထိ အခြန္ေလွ်ာ့ေပးမယ့္ ဥပေဒတရပ္ကို ၿပီးခဲ့တဲ့လမွာပဲ အတည္ျပဳထားတာပါ။ ေငြေၾကးေဖာင္းပြမႈ ေလွ်ာ့ခ်ေရး အက္ဥပေဒမွာ ထည့္သြင္းထားတဲ့ အစီအစဥ္ဟာ တ႐ုတ္ႏိုင္ငံထုတ္ ပစၥည္းေတြကို ကန္႔သတ္ၿပီး အေမရိကန္ထုတ္ ပစၥည္းေတြ ေရာင္းအားျမႇင့္တင္ဖို႔ ရည္ရြယ္ထားတာ ျဖစ္ပါတယ္။

ဒါေပမဲ့ ဥပေဒအရ ျပည္ပမွာ ထုတ္လုပ္တဲ့ ဒါဇင္နဲ႔ခ်ီတဲ့ လွ်ပ္စစ္ကား အမ်ဳိးအစားေတြ အခြန္သက္သာခြင့္ရမွာ မဟုတ္တာေၾကာင့္ အေမရိကန္ေတြအတြက္ ေစ်းပိုေပးၿပီး ၀ယ္ၾကရမွာပါ။ ဥပေဒသစ္ေၾကာင့္ အထိနာတဲ့ အထဲမွာ ေတာင္ကိုရီးယား Hyundai ကုမၸဏီထုတ္ လွ်ပ္စစ္ကားေတြနဲ႔ Tesla ကုမၸဏီၿပီးရင္ အေမရိကန္ လွ်ပ္စစ္ကား ေစ်းကြက္မွာ ဒုတိယေနရာမွာရွိတဲ့ Kia တို႔ ပါ၀င္ပါတယ္။ ေတာင္ကိုရီးယား လုပ္ငန္းရွင္ေတြနဲ႔ ႏိုင္ငံေရးသမားေတြကေတာ့ အေမရိကန္ရဲ႕ ဥပေဒဟာ ကမာၻ႔ကုန္သြယ္ေရးအဖဲြ႕ (WTO) ရဲ႕ အေျခခံမူေတြ၊ အေမရိကန္နဲ႔ ေတာင္ကိုရီးယား လြတ္လပ္စြာ ကုန္သြယ္ေရး သေဘာတူညီခ်က္ေတြကို ခ်ဳိးေဖာက္ရာေရာက္ေၾကာင္း အျပင္းအထန္ ကန္႔ကြက္ခဲ့ၾကတာပါ။

ေတာင္ကိုရီးယား မီဒီယာ တခ်ဳိ႕ကလည္း အေမရိကန္ဦးေဆာင္တဲ့ အင္ဒို၊ ပစိဖိတ္ စီးပြားေရး အေျခခံမူေဘာင္ (IPEF) နဲ႔ တပိုင္းလွ်ပ္ကူး မဟာမိတ္ Chip 4 အပါအ၀င္ တ႐ုတ္ႏိုင္ငံနဲ႔ ယွဥ္ၿပိဳင္ရာမွာ အေမရိကန္အတြက္ အေရးႀကီးတဲ့ စီးပြားေရး ပူးေပါင္းေဆာင္ရြက္မႈေတြမွာ ဆက္လက္ပါ၀င္သင့္မသင့္ ေမးခြန္းထုတ္ၾကပါတယ္။ ေတာင္ကိုရီးယား ကုန္သြယ္ေရး၀န္ႀကီး Ahn Duk-geun ကေတာ့ ကုန္သြယ္ေရးဆိုင္ရာ အျငင္းပြားမႈ ကိစၥေတြကို တျခားပူးေပါင္းေဆာင္ရြက္မႈေတြနဲ႔ သီးျခားစီ ကိုင္တြယ္ေျဖရွင္းဖို႔လိုေၾကာင္း ေျပာဆိုခဲ့ေပမဲ့ အေမရိကန္ရဲ႕ လုပ္ရပ္ေၾကာင့္ ကုန္သြယ္ေရး ဆက္ဆံမႈမွာ ယုံၾကည္မႈကို ထိခိုက္ေစေၾကာင္း ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

Unicode

ကိုရီးယား ကားထုတ်လုပ်ရေး လုပ်ငန်းတွေအပေါ် အမေရိကန်က ခွဲခြားဆက်ဆံတယ်ဆိုပြီး တောင်ကိုရီးယားက မကျေမနပ် ဖြစ်နေတာကြောင့် အမေရိကန်ရဲ့ အာရှဒေသ စီးပွားရေးအစီအစဉ်တွေမှာ အဓိကမဟာမိတ်တွေ ပါဝင်လာရေး အခက်ကြုံနေရပါတယ်။ အမေရိကန် လွှတ်တော်ကတော့ မြောက်အမေရိကတိုက်မှာ တပ်ဆင်တဲ့ လျှပ်စစ်ကားတွေကို ဝယ်ယူမယ့်သူတွေကို အများဆုံး ဒေါ်လာ ၇,၅၀၀ အထိ အခွန်လျှော့ပေးမယ့် ဥပဒေတရပ်ကို ပြီးခဲ့တဲ့လမှာပဲ အတည်ပြုထားတာပါ။

ငွေကြေးဖောင်းပွမှု လျှော့ချရေး အက်ဥပဒေမှာ ထည့်သွင်းထားတဲ့ အစီအစဉ်ဟာ တရုတ်နိုင်ငံထုတ် ပစ္စည်းတွေကို ကန့်သတ်ပြီး အမေရိကန်ထုတ် ပစ္စည်းတွေ ရောင်းအားမြှင့်တင်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဥပဒေအရ ပြည်ပမှာ ထုတ်လုပ်တဲ့ ဒါဇင်နဲ့ချီတဲ့ လျှပ်စစ်ကား အမျိုးအစားတွေ အခွန်သက်သာခွင့်ရမှာ မဟုတ်တာကြောင့် အမေရိကန်တွေအတွက် ဈေးပိုပေးပြီး ဝယ်ကြရမှာပါ။ ဥပဒေသစ်ကြောင့် အထိနာတဲ့ အထဲမှာ တောင်ကိုရီးယား Hyundai ကုမ္ပဏီထုတ် လျှပ်စစ်ကားတွေနဲ့ Tesla ကုမ္ပဏီပြီးရင် အမေရိကန် လျှပ်စစ်ကား ဈေးကွက်မှာ ဒုတိယနေရာမှာရှိတဲ့ Kia တို့ ပါဝင်ပါတယ်။

တောင်ကိုရီးယား လုပ်ငန်းရှင်တွေနဲ့ နိုင်ငံရေးသမားတွေကတော့ အမေရိကန်ရဲ့ ဥပဒေဟာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ရဲ့ အခြေခံမူတွေ၊ အမေရိကန်နဲ့ တောင်ကိုရီးယား လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်တွေကို ချိုးဖောက်ရာရောက်ကြောင်း အပြင်းအထန် ကန့်ကွက်ခဲ့ကြတာပါ။ တောင်ကိုရီးယား မီဒီယာ တချို့ကလည်း အမေရိကန်ဦးဆောင်တဲ့ အင်ဒို၊ ပစိဖိတ် စီးပွားရေး အခြေခံမူဘောင် (IPEF) နဲ့ တပိုင်းလျှပ်ကူး မဟာမိတ် Chip 4 အပါအဝင် တရုတ်နိုင်ငံနဲ့ ယှဉ်ပြိုင်ရာမှာ အမေရိကန်အတွက် အရေးကြီးတဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေမှာ ဆက်လက်ပါဝင်သင့်မသင့် မေးခွန်းထုတ်ကြပါတယ်။ တောင်ကိုရီးယား ကုန်သွယ်ရေးဝန်ကြီး Ahn Duk-geun ကတော့ ကုန်သွယ်ရေးဆိုင်ရာ အငြင်းပွားမှု ကိစ္စတွေကို တခြားပူးပေါင်းဆောင်ရွက်မှုတွေနဲ့ သီးခြားစီ ကိုင်တွယ်ဖြေရှင်းဖို့လိုကြောင်း ပြောဆိုခဲ့ပေမဲ့ အမေရိကန်ရဲ့ လုပ်ရပ်ကြောင့် ကုန်သွယ်ရေး ဆက်ဆံမှုမှာ ယုံကြည်မှုကို ထိခိုက်စေကြောင်း ပြောဆိုထားပါတယ်။

XS
SM
MD
LG