သုံးရလွယ်ကူစေသည့် Link များ

တောင်ကိုရီးယားရဲ့ အမေရိကန်ခရီးစဉ် မြောက်ကိုရီးယား ပြစ်တင်ရှုတ်ချ


အမေရိကန်သမ္မတ Joe Biden (ယာ) က သမ္မတအိမ်ဖြူတော်မှာ တောင်ကိုရီးယားသမ္မတ Yoon Suk Yeol ကို လက်ခံတွေ့ဆုံစဥ်။ (ဧပြီ ၂၆၊ ၂၀၂၃)
အမေရိကန်သမ္မတ Joe Biden (ယာ) က သမ္မတအိမ်ဖြူတော်မှာ တောင်ကိုရီးယားသမ္မတ Yoon Suk Yeol ကို လက်ခံတွေ့ဆုံစဥ်။ (ဧပြီ ၂၆၊ ၂၀၂၃)

တောင်ကိုရီးယားသမ္မတ Yoon Suk Yeol ရဲ့ အမေရိကန်ခရီးစဉ်အပေါ် မြောက်ကိုရီးယားအစိုးရသတင်းမီဒီယာက ဝေဖန်ပြစ်တင်လိုက်ပြန်ပါပြီ။

အမေရိကန်သမ္မတ Joe Biden နဲ့ ထိပ်သီးနှစ်ဦးဝါရှင်တန်မှာတွေ့ဆုံခဲ့တဲ့အပေါ် တောင်ကိုရီးယားသမ္မတ Yoon ကို သစ္စာဖောက်ရုပ်သေးရုပ်ဆိုပြီးတော့ မြောက်ကိုရီးယားအလုပ်သမားပါတီ အကြီးတန်းတာဝန်ရှိသူလည်းဖြစ်၊ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ရဲ့ ညီမဖြစ်သူလည်းဖြစ်တဲ့ Kim Yo Jong က ကြေညာချက်ထုတ်ခဲ့တာပါ။ ဒီကြေညာချက်ကို သဘောထားမှတ်ချက် သဘောမျိုးနဲ့ မြောက်ကိုရီးယားအစိုးရပိုင် သတင်းဌာနက ထုတ်ပြန်ကြေညာပါတယ်။

အမေရိကန်သမ္မတ Joe Biden ကို ပုဂ္ဂိုလ်ရေးအရ စော်ကားတိုက်ခိုက်တာမျိုးမပါပေမယ့် အမေရိကန်ပြည်ထောင်စုကိုတော့ မကောင်းဆိုးဝါးအင်ပါယာဆိုပြီးတော့ အဲဒီ ထုတ်ပြန်ချက်ထဲ သုံးနှုန်းသမုတ်ပါတယ်။ နျူကလီးယားစစ်ပြင်ဆင်မှုကိုအထူးပြုထားတဲ့ အမေရိကန်-တောင်ကိုရီးယားလုံခြုံရေးအစီအမံသစ်ကို ရည်ညွှန်းပြီးတော့ ဒီအတွက် ပြန်ပေးဆပ်ရလိမ့်မယ်လို့လည်း အမေရိကန်နဲ့ တောင်ကိုရီးယားကို သတိပေးထားပါတယ်။

တချိန်တည်းမှာတော့ မြောက်ကိုရီးယားနိုင်ငံရဲ့ နျူကလီယားစွမ်းရည်ကို ဆတိုး ဆောင်ရွက်သွားဖို့ မြောက်ကိုရီးယားအကြီးအကဲ Kim Jong Un က ပြောဆိုလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG