သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယားနိုင်ငံ ကာကွယ်ရေး ကန်နဲ့သဘောတူညီမှုရ


တောင်ကိုရီးယားသမ္မတ Yoon Suk Yeol နဲ့ အမေရိကန်သမ္မတ Joe Biden တို့ ဝါရှင်တန်မြို့တော် အိမ်ဖြူတော်ရဲဥ နှင်းဆီဥယျာဥ်မှာ တွေ့ဆုံစဥ်. (ဧပြီ ၂၆၊ ၂၀၂၃)
တောင်ကိုရီးယားသမ္မတ Yoon Suk Yeol နဲ့ အမေရိကန်သမ္မတ Joe Biden တို့ ဝါရှင်တန်မြို့တော် အိမ်ဖြူတော်ရဲဥ နှင်းဆီဥယျာဥ်မှာ တွေ့ဆုံစဥ်. (ဧပြီ ၂၆၊ ၂၀၂၃)

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ နိုင်ငံတော်ခရီးစဥ်အဖြစ် အလည်အပတ်ရောက်နေတဲ့ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ယိုကို လက်ခံတွေ့ဆုံဆွေးနွေးပြီး ခေါင်းဆောင်နှစ်ဦးဟာ သမိုင်းဝင်သဘောတူညီမှုတခုကို ဗုဒ္ဓဟူးနေ့က လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဒီသဘောတူညီချက်အရ မြောက်ကိုရီးယားက နျူကလီးယားတိုက်ခိုက်မှုတွေ လုပ်လာခဲ့ရင် အမေရိကန်အနေနဲ့ အရေးပေါ်အခြေအနေတုံ့ပြန်ရာမှာ တောင်ကိုရီးယားကို ဆုံးဖြတ်ချက်ချတဲ့အခန်းကဏ္ဍ ပိုမိုပေးသွားမှာဖြစ်ပါတယ်။ အပြန်အလှန်အနေနဲ့ တောင်ကိုရီးယားကလည်း ကိုယ်ပိုင်နျူကလီးယားလက်နက်ပိုင်ဆိုင်ဖို့ အစီအစဥ်ဆောင်ရွက်တာကို ရပ်တန့်ဖို့သဘောတူခဲ့ပါတယ်။

မြောက်ကိုရီးယားအနေနဲ အမေရိကန် ဒါမှမဟုတ် မဟာမိတ်နိုင်ငံတွေ၊ မိတ်ဖက်နိုင်ငံတွေကို နျူကလီးယားလက်နက်နဲ့တိုက်ခိုက်လာရင် လုံးဝလက်ခံမှာမဟုတ်ဘဲ အလုံးစုံချေမှုန်းသွားမယ်လို့ သမ္မတဂျိုးဘိုင်ဒန်က ပြောပါတယ်။ ဒီသဘောတူညီချက်က ရန်လိုနေတဲ့ မြောက်ကိုရီးယားရဲ့အပြုအမူတွေကို တုံ့ပြန်ဟန့်တားရာမှာ အားကောင်းလာစေမှာဖြစ်သလို ပြီးပြည့်စုံတဲ့ ဆွေးနွေးညှိနှိုင်းမှုတွေပါတဲ့ သဘောတူညီချက်ဖြစ်တယ်လို့လည်း သမ္မတဘိုင်ဒန်က ပြောပါတယ်။

တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ယိုရဲ့ ပြောဆိုချက်မှာတော့ “မြောက်ကိုရီးယားက နျူကလီးယားနဲ့တိုက်လာရင် အမေရိကန်အနေနဲ့ နျူကလီးယားလက်နက်အပါအဝင် အင်အားအပြည့်သုံးပြီး လျင်လျင်မြန်မြန်၊ ပြတ်ပြတ်သားသားနဲ့ အလုံးစုံတုံ့ပြန်သွားဖို့ ကတိပြုခဲ့တယ်” လို့ ပြောပါတယ်။

အခု သဘောတူညီချက်အရ နျူကလီးယားရေးရာ အတိုင်ပင်ခံအဖွဲ့ကို ဖွဲ့စည်းပြီး တောင်ကိုရီးယားကို သတင်းအချက်အလက်တွေ ပိုမျှဝေမှာဖြစ်သလို အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုနဲ့ပတ်သက်ပြီးလည်း ပိုအသိပေးဆွေးနွေးမှာ ဖြစ်ပါတယ်။ အပြန်အလှန်အနေနဲ့ တောင်ကိုရီးယားကလည်း ၁၉၇၅ ခုနှစ်က လက်မှတ်ရေးထိုးခဲ့တဲ့ နျူကလီးယားမပြန့်ပွားရေးသဘောတူစာချုပ်နဲ့အညီ နျူကလီးယားကင်းမဲ့ဇုန်အခြေအနေကို ဆက်လက်ထိန်းသိမ်းထားရမှာ ဖြစ်ပါတယ်။

သမ္မတနှစ်ဦးဟာ ကိုရီးယားကျွန်းဆွယ်အရေးအပြင် ထိုင်ဝမ်ရေလက်ကြားနဲ့ တောင်တရုတ်ပင်လယ်အရေးအပါအဝင် တခြား လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG