သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

အမ်ိဳးအမည္မသိ ထိပ္ဖူးတပ္ဒံုးက်ည္ ေျမာက္ကိုရီးယားပစ္လႊတ္ 


(Zawgyi/ Unicode)

ေျမာက္ကိုရီီးယားက အသံထက္ ၅ ဆျမန္တဲ့ဒံုးက်ည္ လို႔ ဆိုတဲ႔ ဒံုးက်ည္ ပစ္လႊတ္စမ္းသပ္ခဲ့ၿပီး တပတ္မျပည့္ခင္မွာပဲ အမ်ိဳးအမည္မသိ ထိပ္ဖူးတပ္ ဒံုးက်ည္တခုကို ပင္လယ္ျပင္ထဲပစ္လႊတ္ခဲ့တယ္လို႔ ေတာင္ကိုရီးယား စစ္တပ္က အဂၤါေန႔မွာ ေျပာပါတယ္။

ကိုရီးယားကၽြန္းဆြယ္ အေရွ႕ပိုင္းပင္လယ္ျပင္ထဲကို ပစ္လႊတ္ခဲ့တာလို႔ ေတာင္ကိုရီးယား ပူးတြဲစစ္ဦးစီးခ်ဳပ္မ်ားရဲ႕ အႀကီးအကဲက ေၾကညာခ်က္ ထုတ္ျပန္ေျပာဆိုတာ ျဖစ္ၿပီး အေသးစိတ္ကိုေတာ့ ေဖၚျပမထားပါဘူး။

ဂ်ပန္ကမ္း႐ိုးတန္းေစာင့္ တပ္ကလည္း ေျမာက္ကိုရီးယားဟာ ပဲ့ထိန္းတပ္ဒံုးက်ည္နဲ႔ ဆင္တဲ့ ပစၥည္းတမ်ိဳးကို ပစ္လႊတ္ခဲ့တယ္လို႔ ေျပာပါတယ္။

ၿပီးခဲ့တဲ့သီတင္းပတ္ထဲ ေျမာက္ကိုရီးယားက အသံထက္ ၅ ဆျမန္တဲ့ ဒံုးက်ည္လို႔ ေျပာတဲ႔ ပစ္လႊတ္စမ္းသပ္မႈအတြက္ ကုလသမဂၢလံုျခံဳေရးေကာင္စီမွာ တံခါးပိတ္အစည္းအေဝး မလုပ္ခင္ မတည္မၿငိမ္ျဖစ္ေစမယ့္ လုပ္ရပ္ေတြကို ရပ္ပစ္ဖို႔ အေမရိကန္နဲ႔ ဂ်ပန္အပါအဝင္ ႏိုင္ငံ ၆ ႏိုင္ငံက ေျမာက္ကိုရီးယားကို တိုက္တြန္းေနစဥ္မွာ သူက အခုလို လုပ္ေဆာင္ခဲ့တာ ျဖစ္ပါတယ္။

ႏ်ဴကလီယားလက္နက္ပိုင္ဆိုင္တဲ့ ေျမာက္ကိုရီးယားက ၂၀၂၁ ခုႏွစ္မွာ ေရငုပ္သေဘၤာကေန ပစ္လႊတ္ရတဲ့ ႏ်ဴကလီယားထိပ္ဖူးတပ္ဆင္လို႔ရတဲ့ အသံထက္ ၅ ဆ ျမန္ တာေဝးပစ္ ပဲ့ထိန္းတပ္ဒံုးက်ည္ အမ်ိဳးစားအသစ္ကို ေအာင္ျမင္စြာ စမ္းသပ္ပစ္လႊတ္ႏိုင္ခဲ့ေၾကာင္း ေၾကညာခဲ့တာပါ။

ေဆြးေႏြးမႈေတြ လုပ္ဖို႔ အေမရိကန္ရဲ႕ ကမ္းလွမ္းမႈကို ေျမာက္ကိုရီးယားက ျငင္းပယ္ခဲ့သလို အခုလို စမ္းသပ္ပစ္လႊတ္မႈကိုပါ လုပ္ေဆာင္ခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့လ ပါတီအစည္းေဝးမွာ ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ံဳအြန္းက စစ္ေရးစြမ္းရည္ ႁမႇင့္တင္ဖို႔ ဆက္လက္လုပ္ေဆာင္မွာ ျဖစ္ေၾကာင္း ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

အမျိုးအမည်မသိ ထိပ်ဖူးတပ်ဒုံးကျည် မြောက်ကိုရီးယားပစ်လွှတ်

မြောက်ကိုရီးယားက အသံထက် ၅ ဆမြန်တဲ့ဒုံးကျည် လို့ ဆိုတဲ့ ဒုံးကျည် ပစ်လွှတ်စမ်းသပ်ခဲ့ပြီး တပတ်မပြည့်ခင်မှာပဲ အမျိုးအမည်မသိ ထိပ်ဖူးတပ် ဒုံးကျည်တခုကို ပင်လယ်ပြင်ထဲပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယား စစ်တပ်က အင်္ဂါနေ့မှာ ပြောပါတယ်။

ကိုရီးယားကျွန်းဆွယ် အရှေ့ပိုင်းပင်လယ်ပြင်ထဲကို ပစ်လွှတ်ခဲ့တာလို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များရဲ့ အကြီးအကဲက ကြေညာချက် ထုတ်ပြန်ပြောဆိုတာ ဖြစ်ပြီး အသေးစိတ်ကိုတော့ ဖေါ်ပြမထားပါဘူး။

ဂျပန်ကမ်းရိုးတန်းစောင့် တပ်ကလည်း မြောက်ကိုရီးယားဟာ ပဲ့ထိန်းတပ်ဒုံးကျည်နဲ့ ဆင်တဲ့ ပစ္စည်းတမျိုးကို ပစ်လွှတ်ခဲ့တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်ထဲ မြောက်ကိုရီးယားက အသံထက် ၅ ဆမြန်တဲ့ ဒုံးကျည်လို့ ပြောတဲ့ ပစ်လွှတ်စမ်းသပ်မှုအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ တံခါးပိတ်အစည်းအဝေး မလုပ်ခင် မတည်မငြိမ်ဖြစ်စေမယ့် လုပ်ရပ်တွေကို ရပ်ပစ်ဖို့ အမေရိကန်နဲ့ ဂျပန်အပါအဝင် နိုင်ငံ ၆ နိုင်ငံက မြောက်ကိုရီးယားကို တိုက်တွန်းနေစဉ်မှာ သူက အခုလို လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

နျူကလီယားလက်နက်ပိုင်ဆိုင်တဲ့ မြောက်ကိုရီးယားက ၂၀၂၁ ခုနှစ်မှာ ရေငုပ်သင်္ဘောကနေ ပစ်လွှတ်ရတဲ့ နျူကလီယားထိပ်ဖူးတပ်ဆင်လို့ရတဲ့ အသံထက် ၅ ဆ မြန် တာဝေးပစ် ပဲ့ထိန်းတပ်ဒုံးကျည် အမျိုးစားအသစ်ကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့ကြောင်း ကြေညာခဲ့တာပါ။

ဆွေးနွေးမှုတွေ လုပ်ဖို့ အမေရိကန်ရဲ့ ကမ်းလှမ်းမှုကို မြောက်ကိုရီးယားက ငြင်းပယ်ခဲ့သလို အခုလို စမ်းသပ်ပစ်လွှတ်မှုကိုပါ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့လ ပါတီအစည်းဝေးမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းက စစ်ရေးစွမ်းရည် မြှင့်တင်ဖို့ ဆက်လက်လုပ်ဆောင်မှာ ဖြစ်ကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG