သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တာတိုပစ် ပဲ့ထိန်းဒုံးကျည် ၂ စင်း မြောက်ကိုရီးယား ထပ်မံ ပစ်လွှတ်စမ်းသပ်


တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ဘူတာရုံက အများပြည်သူကြည့်ဖို့ထားတဲ့ ရုပ်သံမှာ မြောက်ကိုရီးယားက တာတိုပစ် ပဲ့ထိန်းတပ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်နေတဲ့သတင်းကို ပြသနေစဉ်။ (အောက်တိုဘာ ၂၈၊ ၂၀၂၂)
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ဘူတာရုံက အများပြည်သူကြည့်ဖို့ထားတဲ့ ရုပ်သံမှာ မြောက်ကိုရီးယားက တာတိုပစ် ပဲ့ထိန်းတပ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်နေတဲ့သတင်းကို ပြသနေစဉ်။ (အောက်တိုဘာ ၂၈၊ ၂၀၂၂)

[[Zawgyi/Unicode]]

မြောက်ကိုရီးယားနိုင်ငံဟာ တာတိုပစ် ပဲ့ထိန်းတပ်ဒုံးကျည်နှစ်စင်းကို အရှေ့ဘက်ပင်လယ်ပြင်ထဲကို ဒီကနေ့ နေ့လည်ပိုင်းက ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။ တောင်ကိုရီးယားနဲ့နယ်ချင်းစပ် မြောက်ကိုရီးယား Gangwon ပြည်နယ်ကနေ ပစ်လွှတ်ခဲ့တာဖြစ်တယ်လို့ ဖော်ပြပေမယ့် အသေးစိတ်တော့ ပြောမထားပါဘူး။

ဒီ ဒုံးကျည်ပစ်ခတ်မှုဟာ အမေရိကန်ကိုဖြစ်စေ၊ မဟာမိတ်တွေကိုဖြစ်စေ ချက်ချင်း ခြိမ်းခြောက်နိုင်မှုမရှိဘူးလို့ အမေရိကန်ရဲ့ အင်ဒို-ပစိဖိတ်ဒေသ စစ်ဒေသက ထုတ်ပြန်ပါတယ်။ ဒါပေမယ့် မြောက်ကိုရီးယားရဲ့လက်နက်အစီအစဉ်တွေဟာ မတည်ငြိမ်မှုတွေ ဖြစ်စေတယ်ဆိုတာကိုတော့ ထောက်ပြထားပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ ၂၀၂၂ ခုနှစ်အတွင်း ပဲ့ထိန်းတပ်ဒုံးအရေအတွက် ၄၆ စင်း စံချိန်တင် ပစ်လွှတ်စမ်းသပ်ခဲ့ပါတယ်။ ဒီ ဒုံးကျည်ပစ်လွှတ်မှုတွေဟာ မြောက် ကိုရီးယား ဒုံးကျည် အစီအစဉ်မှန်သမျှ ကန့်သတ်တားမြစ်တဲ့ ကုလ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေကို အာခံတဲ့လုပ်ရပ်လည်း ဖြစ်ပါတယ်။ မြောက်ကိုရီးယားအနေနဲ့ နောက်ထပ် နျူကလီယား စမ်းသပ်မှုတခု လုပ်လာနိုင်တယ်လို့လည်း ခန့်မှန်းပြောဆိုနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

===============

[[Unicode]]





XS
SM
MD
LG