သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ထောက်လှမ်းမှုသတင်း တောင်ကိုရီးယားဘဝင်မကျ

တောင်ကိုရီးယားမှာ ပူးတွဲစစ်ရေးလေ့ကျင်မှုပြုလုပ်နေတဲ့ အမေရိကန်နဲ့ တောင်ကိုရီးယား ကမ်းတက်စစ်သားများ (မတ် ၂၉ ၊ ၂၀၂၃)
တောင်ကိုရီးယားမှာ ပူးတွဲစစ်ရေးလေ့ကျင်မှုပြုလုပ်နေတဲ့ အမေရိကန်နဲ့ တောင်ကိုရီးယား ကမ်းတက်စစ်သားများ (မတ် ၂၉ ၊ ၂၀၂၃)

အမေရိကန်ကနေ သူရဲ့ မဟာမိတ်တောင်ကိုရီးယားနိုင်ငံရဲ့ အဆင့်မြင့်လုံခြုံရေးအရာရှိတွေကို ထောက်လှမ်းစုံစမ်းခဲ့တယ်ဆိုတဲ့ သတင်းတပုဒ် ထွက်ပေါ်လာပြီးနောက် တောင်ကိုရီးယားအစိုးရဟာ ၂ နိုင်ငံ သံတမန်ရေးနဲ့ နိုင်ငံရေးမှာ ထိခိုက်ပြိုလဲ မသွားအောင် တနင်္လာနေ့က အပြင်းအထန် ကြိုးပမ်းနေရပါတယ်။ယူကရိန်းကို လက်နက်တွေ ပံ့ပိုးပေး၊ မပေး တောင်ကိုရီးယားသမ္မတရုံးမှာ ဆွေးနွေးတဲ့အကြောင်းဖော်ပြတဲ့ အမေရိကန်ရုံးတွင်းစာ ပေါက်ကြားလာတာကို The New York Times သတင်းစာက ဖော်ပြပြီးနောက် တနင်္ဂနွေနေ့က အဲဒီလိုစွပ်စွဲချက် ပေါ်ထွက်လာတာပါ။

တောင်ကိုရီးယားနဲ့ သက်ဆိုင်တဲ့သတင်းက လူမှုကွန်ယက်ပေါ်မှာ ဘယ်ကဘယ်လိုမသိပေါ်ထွက်လာတဲ့ အမေရိကန်စစ်ဖက်နဲ့ ထောက်လှမ်းရေးဌာနတွေရဲ့ လျှို့ဝှက်မှတ်တမ်းတွေထဲက တစိတ်တပိုင်းလေးပဲဖြစ်ပြီး အမေရိကန်နဲ့ မဟာမိတ်တော်တော်များများရဲ့ အမျိုးသားလုံခြုံရေးကို ထိခိုက်စေပါတယ်။ အခုလိုဖြစ်သွားတာကြောင့်လည်း ဒီလအတွင်း မကြာခင်မှာ အမေရိကန်ပြည်ထောင်စုကို သွားရောက်ဖို့ ပြင်ဆင်ထားတဲ့ တောင်ကိုရီးယား သမ္မတ Yoon Suk Yeol အတွက် ကသိကအောင့်ဖြစ်စေပါတယ်။ ဒီအတောအတွင်းမှာပဲ တောင်ကိုရီးယား အရာရှိတွေကတော့ အခုလို ပေါက်ကြားလာတဲ့ အချက်အလက်တွေနဲ့ အထောက်အထားတွေဟာ အစစ်အမှန်မဟုတ်ဘူးလို့တော့ ငြင်းပယ်ခြင်းမရှိပါဘူး။

အမေရိကန်ထောက်လှမ်းမှုသတင်း တောင်ကိုရီးယားဘဝင်မကျ
please wait

No media source currently available

0:00 0:00:53 0:00
တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG