သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား အာကာသဒုံးပျံ လောင်စာဖြည့်ပြီ


မကြာခင်ပစ်လွှတ်တော့မယ့် ဒုံးပျံထဲကို လောင်စာဆီတွေ စပြီး ဖြည့်နေပြီလို့ မြောက်ကိုရီးယား အရာရှိတွေက ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်ပါတယ်။ ဒါဟာ ဒုံးပျံကို မဖြစ်မနေ ပစ်လွှတ်မယ် ဆိုတာကို ပြသလိုက်တာဖြစ်တယ်လို့ မြောက်ကိုရီးယားရဲ့ ဒီလုပ်ဆောင်ချက်ဟာ အိမ်နီးချင်းနိုင်ငံတွေ၊ အမေရိကန်ပြည်ထောင်စုနဲ့ မြောက်ကိုရီးယားနိုင်ငံအကြား တင်းမာမှုတွေကို ပိုပြီး တိုးလာစေပါတယ်။

မြောက်ကိုရီးယား အာကာသဌာန အကြီးအကဲ ပစ်ချန်ဟိုး (Paek Chang Ho) က နိုင်ငံတကာက သတင်းထောက်တွေကို ဗုဒ္ဓဟူးနေ့က ခေါ်ယူတွေ့ဆုံပြီး အဲဒီသတင်းထောက်တွေကို သူစကားပြောနေတဲ့အချိန်မှာ ဒုံးပျံထဲ လောင်စာတွေထည့်တယ်လို့ ပြောကြားလိုက်တာပါ။

အဲဒီနိုင်ငံတကာ သတင်းထောက်တွေဟာ ဒုံးပျံပစ်လွှတ်မယ့်နေရာကို တနင်္ဂနွေနေ့က သွားရောက် ကြည့်ရှုခဲ့ကြပြီး အဲဒီ ဒုံးပျံ ပစ်လွှတ်ဖို့ ကြိုတင် ပြင်ဆင်နေတာတွေကို တိုက်ရိုက် ပြသခဲ့တာပါ။ ရာသီဥတု အခြေအနေပေါ် မူတည်ပြီး ကြာသာပတေးနေ့ကနေ တနင်္လာနေ့အကြား တချိန်ချိန်မှာ လွှတ်တင်မယ့် အဲဒီ ဒုံးပျံမှာ မိုးလေဝသ ဂြိုဟ်တု တပ်ဆင်ထားပြီး ဖြစ်တယ်လို့လည်း ပစ်ချန်ဟိုးက ပြောပါတယ်။

ဗွီဒီယိုထဲမှာတော့ ဒုံးပျံထိပ်မှာ တာပေါ်လင်နဲ့ အုပ်ထားတဲ့အရာတစ်ခုကို ပြသထားပေမယ့် ဒီ အရာဝတ္ထုဟာ ဆက်သွယ်ရေး ဂြိုဟ်တု ဟုတ်မဟုတ်ကိုတော့ အတည်ပြုလို့ မရနိုင်ဘဲ ဖြစ်နေပါသေးတယ်။

XS
SM
MD
LG