သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် ဂျပန် တောင်ကိုရီးယား ထိပ်သီးဆွေးနွေးမှု တရုတ်ကိုရန်စဖို့ မဟုတ်


အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ပြောရေးဆိုခွင့်ရှိသူ Vedant Patel
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ပြောရေးဆိုခွင့်ရှိသူ Vedant Patel

အမေရိကန်၊ တောင်ကိုရီးယား၊ ဂျပန်တို့ ဒီအပတ်အတွင်းကျင်းပမယ့် သုံးနိုင်ငံ ထိပ်သီးအစည်းအဝေးကို တင်းမာမှုကြီးမားလာအောင်ဆွပေးတဲ့ အစည်းအဝေး အဖြစ် တရုတ်ကမရှုမြင်သင့်ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ပြောရေးဆိုခွင့်ရှိသူ Vedant Patel က အင်္ဂါနေ့က ပြောလိုက်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနက ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေရဲ့ မေးခွန်းကို ဖြေကြားရင်း ပြောသွားခဲ့တာပါ။ "ကျနော်တို့သုံးနိုင်ငံရဲ့ ဘုံအကျိုးစီးပွါးလို့ ယုံကြည်တဲ့နယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်ကြပြီး သုံးနိုင်ငံမိတ်ဘက် ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းအောင် ဆောင်ရွက်ဖို့ပဲဖြစ်ပါတယ်လို့ ဒုတိယ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီယာနဲ့ ဒုံးကျည်ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်နေရချိန်မှာ သုံးနိုင်ငံပူးပေါင်းဆောင်ရွက်မှုက မှတ်တိုင်အသစ်ဖြစ်ပါလိမ့်မယ်လို့ တောင်ကိုရီးယားသမ္မတ Yoon Suk Yeol က အင်္ဂါ‌နေ့မှာ ပြောပါတယ်။ ၁၉၁၀ ကနေ ၁၉၄၅ အထိ ဂျပန်ကိုလိုနီလက်အောက်ကနေ လွတ်မြောက်လာခဲ့တဲ့ နှစ်ပတ်လည်နေ့အထိမ်းအမှတ်မိန့်ခွန်းမှာ သမ္မတယွန်းက အဲဒီလို ပြောလိုက်တာပါ။

အမေရိကန်၊ ဂျပန်တို့နဲ့ လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးကို သမ္မတ ယွန်း က အဆိုပါမိန့်ခွန်းမှာ အလေးပေးပြောကြားသွားခဲ့ပါတယ်။ ဒါပေမဲ့ တရုတ်၊ ရုရှား အပါအဝင် ဒေသတွင်း လုံခြုံရေးဆိုင်ရာ တခြားကိစ္စတွေကိုတော့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားတော့ မတွေ့ရပါဘူး။

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်၊ ဂျပန်ဝန်ကြီးချုပ် Fumio Kishida တို့နဲ့ အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ်မှာရှိတဲ့ CAMP DAVID သမ္မတအပန်းဖြေစခန်းမှာ သောကြာနေ့ တွေ့ဆုံကြမှာပါ။ နည်းပညာ၊ ပညာရေးနဲ့ ကာကွယ်‌ရေးနယ်ပယ်တွေမှာ ပူးတွဲလုပ်ဆောင်ရမယ့်ကိစ္စတွေကို ဆွေးနွေးဖို့ရှိတယ်လို့ အမေရိကန် အကြီးတန်းတာဝန်ရှိသူတွေက ပြောပါတယ်။

ကန် ဂျပန် တောင်ကိုရီးယား ထိပ်သီးဆွေးနွေးမှု တရုတ်ကိုရန်စဖို့ မဟုတ်
please wait

No media source currently available

0:00 0:01:29 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG