သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားကိုလက်နက်မထောက်ပံ့ဖို့ မြောက်ကိုရီးယားကို ကန်သတိပေး


United States Japan South Korea
United States Japan South Korea

ယူကရိန်းစစ်ပွဲမှာအသုံးပြုဖို့ ရုရှားကို လက်နက်တွေထောက်ပံ့ပေးရင် မြောက်ကိုရီးယား အနေနဲ့ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ကြောင်း အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan အင်္ဂါနေ့မှာ သတိပေးလိုက်ပါတယ်။

"ကောက်ပဲသီးနှံသိုလှောင်ရုံတွေကို တိုက်ခိုက်တာ၊ မြို့ကြီးတွေရဲ့ အခြေခံအဆောက်အအုံတွေကိုတိုက်ခိုက်တာအပြင် အချုပ်အခြာအာဏာပိုင် နိုင်ငံ တနိုင်ငံရဲ့နယ်မြေကို သိမ်းပိုက်ဖို့ကြိုးစားနေတဲ့စစ်ပွဲမှာ ရုရှားကို လက်နက်တွေ ထောက်ပံ့ပေးရင် ဒါက မြောက်ကိုရီးယားအပေါ် ကောင်းမွန်တဲ့တုံ့ပြန်မှုတွေ ဖြစ်လာမှာမဟုတ်ပါဘူး။ နိုင်ငံတကာအသိုင်းအဝိုင်းမှာ မြောက်ကိုရီးယားဟာ ဒီ့ အတွက် တန်ကြေး ကြီးကြီး ပြန်ပေးဆပ်ရမှာပါ" လို့ Sullivan က ပြောပါတယ်။

ရုရှားအနေနဲ့ မြောက်ကိုရီးယားဆီကနေ ယူကရိန်းစစ်ပွဲမှာသုံးမယ့် စစ်လက်နက်ပစ္စည်းတွေဝယ်ယူဖို့ ကြိုးစားနေချိန်မှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းက ရုရှားနိုင်ငံကို အခုလအတွင်း သွားရောက်နိုင်ဖွယ်ရှိကြောင်းလည်း အမည်မဖော်လိုတဲ့ အမေရိကန်အရာရှိတဦးက အေပီ သတင်းဌာနကို တနင်္လာနေ့က ထုတ်ပြောထားပါတယ်။

အမေရိကန်အနေနဲ့ အစည်းအဝေး ဘယ်နေရာမှာကျင်းပမယ်ဆိုတာ အတိအကျမသိရသေးပေမယ့် ပစိဖိတ်ဆိပ်ကမ်းမြို့ဖြစ်တဲ့ Vladivostok ဟာ မြောက်ကိုရီးယားနဲ့နီးကပ်လို့ အဲဒီမှာ တွေ့ကြဖို့ ဖြစ်နိုင်ခြေများကြောင်း အဲဒီ အရာရှိက ပြောပါတယ်။

အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ Adrienne Watson ရဲ့ တနင်္လာနေ့က ပြောဆိုချက်အရတော့ ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu ရဲ့ မကြာခင်က သွားခဲ့တဲ့ ပြုံယမ်းခရီးစဥ်က အမြောက်ကျည်တွေ ဝယ်ဖို့သွားတာဖြစ်ပြီး ဒါကို ကင်ဂျုံအွန်းက ရုရှားမှာ ခေါင်းဆောင်အဆင့် သံတမန်ရေးအရ ဆက်လက် ဆွေးနွေးဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။ Shoigu ရဲ့ ခရီးစဉ်အပြီးမှာ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ ကင်ဂျုံအွန်တို့ အပြန်အလှန်စာပေးပို့ခဲ့ကြောင်း အိမ်ဖြူတော်က အရင်အပတ်က ကြေညာထားပြီး နှစ်ဘက် လက်နက်ရောင်းချမှုဆိုင်ရာ ဆွေးနွေးမှုတွေ အရှိန်မြှင့်နေတယ်လို့ ဆိုပါတယ်။

တခါ ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu ကလည်း ရုရှားနဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်နိုင်တယ်လို့ တနင်္လာနေ့မှာ ကြေညာထားပါတယ်။

ရုရှားကိုလက်နက်မထောက်ပံ့ဖို့ မြောက်ကိုရီးယားကို ကန်သတိပေး
please wait

No media source currently available

0:00 0:00:57 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG