သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်သမ္မတ အာရှခရီးစဉ် တရုတ်ကို သတင်းစကားပါးမည်


NEW YORK-SHOOTING/BIDEN
NEW YORK-SHOOTING/BIDEN

[[Zawgyi/Unicode]]

အမေရိကန်သမ္မတရဲ့ ဒီနေ့စတဲ့ အာရှခရီးစဉ်ထဲမှာ မဟာမိတ်တွေနဲ့ ပိုအားဖြည့်ပြီး တရုတ်ကို အဓိက သတင်းစကားပါးဖို့ရှိနေပါတယ်။

သမ္မတ Joe Biden အနေနဲ့ တောင်ကိုရီးယားနဲ့ ဂျပန်ကို ၆ ရက်ခရီး စတင်လိုက်ရာမှာ ယူကရိန်းစစ်မှာ ရုရှား အင်အားကုန်ခမ်းလာတာကိုပြပြီး တရုတ်ကိုလည်း ထိုင်ဝမ်နဲ့ တောင်တရုတ်ပင်လယ်မှာ အလားတူမဖြစ်စေဖို့ သတိပေးနိုင်တယ်လို့ အမေရိကန်အရာရှိတွေက ဆိုပါတယ်။

သမ္မတ Biden ရဲ့ အမျိုးသားလုံခြုံရေးအကြံပေးအရာရှိ Jake Sullivan က အခုအာရှခရီးစဉ်ထဲ သမ္မတအနေနဲ့ ရုရှားကျုးကျော်စစ် ဆန့်ကျင်ရေး လွတ်လပ်တဲ့ကမ္ဘာကြီးကို ချက်ချင်း ဦးဆောင်ပေးနိုင်ခဲ့သလို အာရှမှာလည်း အလားတူလုပ်ပေးနိုင်တာကို ပြမှာပါလို့ ဆိုလိုက်ပါတယ်။

သမ္မတ Biden အနေနဲ့ တောင်ကိုရီးယား သမ္မတသစ် Yoon Suk Yeol နဲ့ ဂျပန် ဝန်ကြီးချုပ် Fumio Kishida နဲ့ တွေ့ပြီး မဟာမိတ်ဆက်ဆံရေး ပိုနက်ရှိုင်းအောင် တိုးမြှင့်ကာ အင်ဒို-ပစိဖိတ်ဒေသတွင်း အင်အားပြခြိမ်းခြောက်နေတဲ့ တရုတ်ကို ထိန်းနိုင်ဖို့ရှိတယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

ဂျပန်ကိုရောက်ချိန်မှာလည်း သမ္မတ Biden အနေနဲ့ QUAD ခေါ် အင်ဒိုပစိဖိတ် မဟာဗျူဟာ မဟာမိတ်အဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ သြစတြေးလျ၊ အိန္ဒိယနဲ့ ဂျပန် ခေါင်းဆောင်တွေနဲ့ပါ တပါတည်း ဆက်ဆံရေးပိုခိုင်မာအောင် ဆွေးနွေးဖို့လည်း ရှိနေပါတယ်။

တရုတ်အင်အားကို ထိန်းကျောင်းနိုင်ဖို့ ဒီမဟာမိတ်တွေနဲ့ အားဖြည့်ဆွေးနွေးရာမှာ ကုန်သွယ်ရေး၊ ကမ္ဘာ့သွင်းအားစုကွင်းဆက် ကြံ့ခိုင်မှု မြှင့်တင်ရေးအပြင် မြောက်ကိုရီးယား နျူကလီယာအရေးနဲ့ ကိုဗစ်ကပ်ဘေး ပြင်းထန်လာတာအပေါ် စိုးရိမ်မှုတွေကိုလည်း ဆွေးနွေးဖို့ရှိနေပါတယ် ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

=============

[[Zawgyi/Unicode]]








=============

XS
SM
MD
LG