သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

G20 ထိပ်သီးအစည်းဝေး ဘုံသဘောတူညီချက် ထုတ်ပြန်

India G20

ဒီနှစ်စက်မှုစီးပွားအင်အားကြီး G20 ထိပ်သီးအစည်းအဝေးရဲ့ကြေငြာချက်မှာ ရုရှားကယူကရိန်းကိုကျူးကျော်တဲ့ကိစ္စနဲ့ပတ် သက်လို့နောက်ဆက်တွဲဖေါ်ပြချက်ပါဝင်ခဲ့ပြီး၊ ထိပ်သီးအစည်းဝေးဟာအောင်မြင်မှုရရှိခဲ့တယ်လို့ အမေရိကန် သမတ အိမ်ဖြူတော်က စနေနေ့တုန်းကပြောဆိုလိုက်ပါတယ်။

ဒါပေမယ့်ဒီနောက်ဆက်တွဲစာပိုဒ်မှာ “ရုရှား” ဆိုတဲ့စကားလုံးဖေါ်ပြခြင်းမရှိဘဲ ချန်လှပ်ထားတဲ့အပေါ် ယူကရိန်းကတော့ အပြင်းအထန်ဝေဘန်ခဲ့ပါတယ်။

ထိပ်သီးအစည်းအဝေးပထမနေ့မှာဘဲ ထုတ်ပြန်ချက်အတွက်သဘောတူညီမှုရရှိခဲ့တဲ့အပေါ်၊ အလှည့်ကျဥက္ကဌအဖြစ် အိန္ဒိယတာဝန်ယူစဉ်အတွင်းထူးခြားတဲ့အောင်မြင်မှုတရပ်ဖြစ်တယ်လို့ အမေရိကန်အစိုးရအမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan ကချီးကျူးပြောဆိုခဲ့ပါတယ်။ ဒါကြောင့် G20 အနေနဲ့ ကိစ္စရပ်အတော်များများကိုအတူတကွပူးပေါင်းလုပ် ဆောင်နိုင်မှာဖြစ်တယ်လို့လည်းပြောဆိုခဲ့ပါတယ်။

G20 ကြေငြာချက်မှာ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး နောက်ဆက်တွဲဖေါ်ပြတဲ့စာပိုဒ်ပါဝင်ခဲ့ပြီး၊ ဒါဟာ နိုင်ငံတွေအနေနဲ့ အင်အားသုံးပြီးနယ်မြေကျူးကျော်သိမ်းပိုက်တာမလုပ်ရဘူးဆိုတဲ့စည်းမျဉ်းအပေါ်ရပ်တည်တာဖြစ်တယ်လို့ Jake Sullivan ကသတင်းထောက်တွေကိုပြောဆိုခဲ့ပါတယ်။

စာမျက်နှာ ၃၉ မျက်နှာပါဝင်တဲ့ G20 ထိပ်သီးအစည်းအဝေးရဲ့ကြေငြာချက်ထဲမှာ ကုန်သွယ်ရေး၊ စီးပွားရေးတိုးတက်မှုနဲ့ဖွင့် ဖြိုးတိုးတက်ရေး၊ ရာသီဥတုပြောင်းလဲမှုပြဿနာ၊ နည်းပညာဏ္ဍ၊ ကျားမတန်းတူရေး စတဲ့အကြောင်းအရာတွေနဲ့ပတ်သက် ပြီးဖေါ်ပြထားပါတယ်။

G20 ထိပ်သီးအစည်းဝေး ဘုံသဘောတူညီချက် ထုတ်ပြန်
please wait

No media source currently available

0:00 0:01:19 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG