သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့မိသားစု ပြိုကွဲမယ့်အန္တရာယ် ကုလအတွင်းရေးမှူးချုပ် သတိပေး


INDIA-G20-SUMMIT-UN (Photo by Arun SANKAR / AFP)
INDIA-G20-SUMMIT-UN (Photo by Arun SANKAR / AFP)

တခုတည်းသော ကမ္ဘာမှာ မိသားစုတစုအတွက် အနာဂတ်တခုရှိဖို့ “One Earth, One Family, One Future” ခံယူချက်နဲ့ကျင်းပတဲ့ ၁၈ ကြိမ်မြောက် ကမ္ဘာ့အင်အားကြီးနိုင်ငံ ၂၀ ရဲ့ အိန္ဒိယနိုင်ငံ နယူးဒေလီက G20 အစည်းဝေးကို တက်ရောက်လာတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က ကမ္ဘာတလွှား အမြင်ကွဲပြားမှု ကြီးထွားလာတာဟာ ပြိုကွဲမယ့် အန္တရာယ်ရှိပြီး ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်လာနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။

“ တကယ်တော့ ကျနော်တို့ဟာ ကမ္ဘာ့မိသားစုတခု ဖြစ်ကြပေမယ့် လက်တွေ့မှာ အလုပ်မဖြစ်တဲ့ မိသားစုလို ဖြစ်နေပါတယ်။ ကွဲပြားမှုတွေ တိုးလာနေသလို တင်းမာမှုတွေနဲ့ ယုံကြည်မှုလည်း ပျက်ပြားလာနေတာကြောင့် အပိုင်းပိုင်းကွဲအောင် ဝိုင်းလုပ်သလို ဖြစ်နေပြီး အဆိုးဆုံးက ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်လာတာပါ။” လို့ အတွင်းရေးမှူးချုပ်က ပြောသွားတာပါ။

တချို့ ကွဲပြားမှုတွေက အချိန်ပေါ်မူတည်ပြီး စိုးရိမ်စရာ သိပ်ကောင်းပေမယ့် လောလောဆယ် ဒီလိုဖြစ်နေတာကိုက စိတ်မကောင်းစရာ ကပ်ဆိုက်နေတာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ဥတုရာသီပြောင်းလဲမှု အရှိန်မြင့်လာတာ၊ စစ်ပွဲတွေ တိုးလာတာ၊ ဆင်းရဲတွင်း နက်မှုတွေ၊ ငတ်မွတ်မှုတွေ တိုးလာတာနဲ့ နည်းပညာအသစ် အန္တရာယ်တွေအပါအဝင် ကမ္ဘာ့အသိုင်းဝိုင်း တခုလုံး ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကိုလည်း အတွင်းရေးမှူးချုပ်က ထောက်ပြပြောကြားခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်ကြီး နောက်ပိုင်း ကွဲပြားနေတဲ့ အဖွဲ့တွေအနေနဲ့ ၂၁ ရာစု စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်အောင် ပြောင်းလဲကြဖို့လိုနေပြီလို့လည်း အလေးထား ပြောကြားခဲ့တာပါ။
ဒီလနှောင်းပိုင်းလောက်မှာ အတွင်းရေးမှူးချုပ် Guterres ဟာ ကုလသမဂ္ဂ အထွေထွေညီလာခံကျင်းပချိန်အတွင်း ဥတုရာသီဆိုင်ရာ လုပ်ဆောင်ဖို့တွေနဲ့ ကပ်ရောဂါ ဆိုင်ရာတားဆီးကာကွယ်ရေး၊ ကြိုတင်ပြင်ဆင်ရေး ကိစ္စရပ်တွေကို ဆွေးနွေးဖို့ ရှိပါတယ်။

ကမ္ဘာ့မိသားစု ပြိုကွဲမယ့်အန္တရာယ် ကုလအတွင်းရေးမှူးချုပ် သတိပေး
please wait

No media source currently available

0:00 0:01:32 0:00
တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG