သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူရေနီယံသန့်စင်နှုန်း အီရန်လျှော့ချခဲ့ဟု ကုလအစီရင်ခံ 


Iran Nuclear
Iran Nuclear

ယူရေနီယံကို လက်နက်ထုတ်လုပ်လို့ရတဲ့အဆင့်အထိ သန့်စင်ဖို့ကြိုးစားရာမှာ အီရန်ဟာ အဲဒီလို သန့်စင်နိုင်တဲ့နှုန်းကိုလျှော့ချလိုက်တယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာက ပြောထားပါတယ်။ အမေရိကန်နဲ့အီရန်ကြား နှစ်ပေါင်းများစွာ တင်းမာလာခဲ့တာကို အီရန်ကလျှော့ချဖို့ ကြိုးစားတဲ့လက္ခဏာတရပ်ဖြစ်နိုင်တယ်လို့လည်း အဲဒီ အပြည်ပြည်ဆိုင်ရာအနုမြူစွမ်းအင်အေဂျင်စီ (IAEA) ရဲ့ လျှို့ဝှက်အစီရင်ခံစာကို ကြည့်ခွင့်ရခဲ့တဲ့ အေပီသတင်းဌာနက ဆိုပါတယ်။

အကျဥ်းသားလဲလှယ်ဖို့နဲ့ တောင်ကိုရီးယားမှာထိန်းချုပ်ထားတဲ့ အီရန်ရဲ့ ပိုင်ဆိုင်ငွေ ဘီလီယံချီတဲ့ ဒေါ်လာတွေကိုလွှတ်ပေးဖို့ အမေရိကန်နဲ့အီရန်တို့ဆွေးနွေးနေကြချိန်မှာ ဒီလျှို့ဝှက်အစီရင်ခံစာသတင်းက ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ အီရန်ရဲ့နျူကလီးယားအစီအစဥ်ကို ထိန်းကျောင်းကြည့်ရှုနိုင်ဖို့ကတော့ စိန်ခေါ်ချက်တွေရှိနေဆဲဖြစ်တယ်လို့ IAEA က ဆိုပါတယ်။ IAEA တာဝန်ရှိသူတွေ ကို အီရန်က ဗီဇာထုတ်မပေးခဲ့ဘူးလို့ အစီရင်ခံစာထဲမှာဆိုထားပေမဲ့ အီရန်က ဒီ အချက်ကို အသိအမှတ်မပြုပါဘူး။

တောင်ကိုရီးယားမှာရှိနေတဲ့ အီရန်ရဲ့ငွေတွေက ရေနံရောင်းထားလို့ တောင်ကိုရီးယားက ပေးရမယ့်ငွေတွေဖြစ်ပါတယ်။ ငွေလဲနှုန်းပေါ်မူတည်ပြီး အမေရိကန် ဒေါ်လာအားဖြင့် ၆ ဘီလီယံကနေ ၇ ဘီလီယံ အထိ ရှိနေပါတယ်။ ၂၀၁၉ ခုနှစ် မှာ ထရမ့်သမ္မတဖြစ်ချိန်က အီရန်အပေါ် ပိတ်ဆို့အရေးယူလိုက်တာကြောင့် တောင်ကိုရီးယားကနေ လွှဲပြောင်းလို့ရတဲ့ငွေတွေ ဖြစ်ပါတယ်။ ဒီငွေတွေကို သီးသန့်ဘဏ်စာရင်းနဲ့ထားပြီး ဆေးဝါးနဲ့ စားနပ်ရိက္ခာဝယ်လို့ရအောင် ဆောင်ရွက်မှာ ဖြစ်ပြီး အပေးအယူအနေနဲ့ အီရန်လူမျိုး အမေရိကန် နိုင်ငံသား ၅ ယောက် ကိုလွှတ်ပေးဖို့ ဘိုင်ဒန်အစိုးရနဲ့ ဆွေးနွေးနေကြတာပါ။

ဒီ သဘောတူညီချက် ရရှိခဲ့ရင် နျူကလီးယားဆိုင်ရာ သဘောတူညီချက်အထိ သွားနိုင်မလားလို့လည်း မျှော်လင့်ထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG