သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလနျူကလီးယား စစ်ဆေးရေးအဖွဲ့ အီရန်ဖိတ်ခေါ်


အီရန်နျူကလီးယားစက်ရုံ။
အီရန်နျူကလီးယားစက်ရုံ။
အီရန်နျူကလီယားစောင့်ကြည့်စစ်ဆေးရေး ကုလသမဂ္ဂအရာရှိတွေကို အီရန်နိုင်ငံက ရှေ့လမှာ လာစစ်ဆေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
ကုလသမဂ္ဂရဲ့ IAEA ခေါ် နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ အရာရှိချုပ် Yuyika Amano က အီရန်အစိုးရအနေနဲ့ အေဂျင်စီက စစ်ဆေးရေးအရာရှိတွေကို ဒီဇင်ဘာ ၈ ရက်နေ့မှာ လာစစ်ဆေးဖို့ ဖိတ်ထားတယ်လို့ ဒီနေ့ထုတ်ပြောလိုက်ပါတယ်။

နျူကလီယား ဓာတ်ပေါင်းဖိုအတွက် မရှိမဖြစ် လိုအပ်တဲ့ ရေထုတ်လုပ်မှု စက်ရုံကို ဒီတခေါက် စစ်ဆေးဖို့အတွက် အီရန်ဘက် ကမ်းလှမ်းတာက ၂ နှစ်အတွင်း ဒုတိယအကြိမ်မြောက် ဖြစ်ပါတယ်။ ဒီကြေညာချက် ထွက်လာတာက အီရန်အနေနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံနဲ့ ဂျာမဏီတို့ပါတဲ့ ကမ္ဘာ့အင်အားကြီးအဖွဲ့တွေနဲ့ ကြားဖြတ် သဘောတူညီမှုရခဲ့အပြီး ရက် အနည်းငယ် အကြာမှာ ဖြစ်လာတာပါ။

ဒီသဘောတူညီချက်အရ နိုင်ငံတကာဘက်က ပိတ်ဆို့ဒဏ်ခတ်မှုတွေ ဖြေလျော့ပေးရေးအတွက် အီရန်ဘက် ကနေ နျူကလီယား လုပ်ငန်းစဉ်တချို.ကို ကန့်သတ်ပေးဖို့ သဘောတူညီခဲ့ပါတယ်။
၆-လတာ ကာလအတွက် လုပ်ထားတဲ့ ဒီသဘောတူညီချက်ထဲမှာ အီရန်အနေနဲ့ ယူရေနီယံသန့်စင်မှုကို လျှပ်စစ်စွမ်းအင်ထုတ်ဖို့ လုံလောက်တဲ့ ၅% အဆင့်အထိပဲ အကန့်အသတ်နဲ့ လုပ်ခွင့်ရှိမှာဖြစ်ပါတယ်။

ဒါ့အပြင် ဆေးဖက်ဆိုင်ရာ သုတေသနလုပ်ဖို့ လုံလောက်တဲ့ ယူရေနီယံသန့်စင်မှု ၂၀% လုပ်ထားတာတွေကိုလည်း အီရန်ဖက်က ပြန်လျော့ချပေးဖို့ သဘောတူညီမှုမှာ ထည့် သွင်းထားပါတယ်။ ဒီ ၂၀% ဆိုတာကလည်း နျူကလီယား လက်နက်ထုတ်တဲ့အဆင့်ရောက်ဖို့ အများကြီး လိုနေသေးတဲ့ အဆင့်ဖြစ်ပါတယ်။

ဒါပေမဲ့ မကြာခင်ကပဲ အီရန် သမ္မတ Hassan Rouhani က IRIB ခေါ် အီရန်ရုပ်မြင်သံကြားနဲ့ အင်တာဗျုးပေးရာမှာ အီရန်နိုင်ငံအနေနဲ့ နိုင်ငံတကာနဲ့ ဆက်ဆံဆောင်ရွက်သွားမှာ ဖြစ်သလို၊ နျူကလီယားသန့်စင်မှုလုပ်ငန်းတွေကို လည်းဆက်လုပ်သွားမှာဖြစ်တယ်၊ ဒါဟာ အီရန်နိုင်ငံရဲ့ အခွင့်အရေးဖြစ်တယ် လို့ ထုတ်ပြောထားခဲ့ပါတယ်။
XS
SM
MD
LG