သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်တွင်း အိုးအိမ်ရွှေ့ပြောင်းရသူ ၂ သန်းနီးပါးရှိ (UNOCHA)


စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲက စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရတဲ့ဒေသခံများ (သြဂုတ် ၉၊ ၂၀၂၃)
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲက စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရတဲ့ဒေသခံများ (သြဂုတ် ၉၊ ၂၀၂၃)

မြန်မာနိုင်ငံမှာ ပြည်တွင်း အိုးအိမ်ရွှေ့ပြောင်း နေထိုင်ရသူဟာ အခုဆို ၁.၉ သန်း ရှိနေပြီဖြစ်ပြီး ဒီဒုက္ခသည်တွေရဲ့ အသက်တွေကို ကယ်တင်နိုင်မယ့် အကူညီတွေ အရေးတကြီးလိုအပ်နေတယ်လို့ ကုလသမဂ္ဂ လူသားစာနာမှုဆိုင်ရာညှိနှိုင်းရေရုံး UNOCHA ရဲ့ စက်တင်ဘာလ ၈ ရက် အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွါရသူက ၁.၆ သန်းရှိပြီး နေအိမ်မီးလောင်ဆုံးရှုံးရသူက ၇ သောင်းခွဲလောက် ရှိတယ်လို့ပြောပါတယ်။ လက်ရှိဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေနဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် အိုးအိမ်ရွှေ့ပြောင်း နေထိုင်ရသူ ပိုများလာသလို အရပ်ဘက် သေကြေထိခိုက်မှုတွေ၊ အရပ်သားပိုင်ဆိုင်မှု အဖျက်ဆီးခံရတာတွေက ဆိုးဝါးနေတဲ့ မြန်မာ့လူသားစာနာမှုအခြေနေကို ပိုဆိုးစေတယ်လို့လည်း ပြောပါတယ်။

ရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသတွေမှာ သြဂုတ်လဆန်းကစပြီး မုတ်သုန်မိုး သည်းထန်စွ ာရွာသွန်းမှုနဲ့ ရေကြီးရေလျှံမှုတွေဟာ ဒေသခံ ၈ သောင်းကျော်အပေါ် သက်ရောက်မှုတွေ ရှိခဲ့တာပါ။

ရခိုင်ပြည်နယ်တွင်း ဆိုင်ကလုံးဒဏ် ခံရသူတွေအတွက် သယ်ယူပို့ဆောင်ရေးနဲ့ ပစ္စည်း ဖြန့်ဖြူးရေးကဏ္ဍတွေမှာ တိုးတက်မှု ရှိလာနေပေမယ့် ခြုံကြည့်ရင်တော့ ဆိုင်ကလုံး ဒဏ်ခံရသူတွေ အတွက် လူသားစာနာမှု အကူညီတွေကတော့ အများအပြား လိုအပ်နေဆဲပဲလို့လည်း ပြောပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းနဲ့ ကချင်ပြည်နယ်တွေက ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်တွေအတွက် လူသားစာနာမှု အကူညီတွေ အချိန်မှီ ထိထိရာက်ရောက် မပေးနိုင်ပဲ အတားအဆီးတွေပိုများ လာနေတယ်လို့လည်း ပြောပါတယ်။

ကန့်သတ်တားဆီးတာအပြင် အကူညီပေးဖို့ ရံပုံငွေလည်း လိုအပ်နေတာဖြစ်ပြီး လူသားစာနာမှုနဲ့ ဆိုင်ကလုံး မိုခါအတွက် အရေးပေါ်ရံပုံငွေ သန်း ၈၀၀ ကျော် ပန်ကြားထားပေမယ့် ၂၅ ရာခိုင်နှုန်းပဲ ရသေးတယ်လို့လည်း ပြောပါတယ်။

သြဂုတ်လ ၁၄ ရက်ကနေ ၁၇ ရက် မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ အရေးပေါ်ကယ်ဆယ်ကူညီရေး တာဝန်ခံ Martin Griffiths ကလည်း ကုလသမဂ္ဂရဲ့ လူသားစာနာမှုလုပ်ငန်းတွေ တိုးမြှင့် လုပ်ဆောင်ခွင့်ပေးဖို့နဲ့ ကြိုးနီစနစ်နဲ့ တားမြစ်မှုတွေ မလုပ်ပဲ ဖယ်ရှားပေးဖို့ တောင်းဆိုခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG