သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖာပွန် ကမမောင်းမြို့ ထွေ/အုပ်ရုံး ဒရုန်းနဲ့တိုက်ခိုက်ခံရ


Federal Wings ဒရုန်းတပ်ဖွဲ့
Federal Wings ဒရုန်းတပ်ဖွဲ့

ကရင်ပြည်နယ်နယ် ဖာပွန်ခရိုင် ကမမောင်းမြို့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကို စက်တင်ဘာလ ၇ ရက်နေ့က ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး အစည်းအဝေးလာတက်တဲ့ ရပ်ကွက်အုပ်ချူပ်ရေးမှူးတဦး သေဆုံးသွားပါတယ်။ ဒါ့အပြင် ကော့ကရိတ်မြို့နယ်ထဲမှာလည်း ဒီရက်ပိုင်းအတွင်း စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်နဲ့ ပူးပေါင်းတပ်ဖွဲ့တွေရဲ့တိုက်ပွဲတွေဟာ ကေအန်ယူရဲ့တပ်မဟာအသီးသီးမှာ ဖြစ်ပွားနေပြီး ဖာပွန်ခရိုင် ကမမောင်းမြို့နယ်ထဲမှာတော့စက်တင်ဘာလ ၇ ရက် နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကို ဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်တဦးကပြောပြပါတယ်။

"ကမမောင်း ထွေအုပ်ရုံးပေါ့။ မြို့နယ်ရုံးပေါ့။ အဲဒီမှာ ကျနော်တို့ဘက်က ဒရုန်းတွေနဲ့ ဗုံးတွေကြဲချလိုက်ချိန်မှာ ထွေအုပ်ရုံးက အုပ်ချုပ်ရေးမှူးတဦး သေဆုံးတယ်။ တခြား ဒဏ်ရာရသူတွေလည်းရှိတယ်။"

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ထဲမှာလည်း ဒီရက်ပိုင်းမှာပဲ အံကလောင် တံတားထိပ်မှာ စစ်ကောင်စီတပ်သားတွေကို ကေအန်ယူနဲ့ ပူးပေါင်းတပ်ဖွဲ့တွေဘက်က ဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့သေးတာကြောင့် အသေအပျောက်ရှိတယ်လို့လည်းပြောပါတယ်။

"၅ ရက်နေ့တုန်းက မနက် ၁၀ နာရီလောက်က စကစအင်အား ၁၀ ယောက်က ကင်းပုန်းလာဝပ်တာ။ ကော့နဲနဲ့ ရွာသစ်ကုန်းကြားမှာရှိတဲ့ အံကလောင် တံတားထိပ်သရက်ခြံနားမှာ သူတို့ကင်းပုန်းလာဝပ်တာ။ ကျနော်တို့ဘက်က Saw Dragon Drone Force တပ်ဖွဲ့က ၆၀ မမ ဗုံးသီး ၃ လုံးနဲ့ ဗုံးသီးငယ် ၃ လုံး ကျဲချခဲ့တာ လေးဦးသေတယ်လို့ သိရပါတယ်။"

စက်တင်ဘာလ ၃ ရက်နေ့ကလည်း ကရင်ပြည်နယ် မြဝတီမြို့မှာ မြဝတီခရိုင် ရဲစခန်းကို ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူနဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီအရာရှိ ဗိုလ်မှူးတွေ၊ ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့ဝင်တချို့ သေဆုံးခဲ့တာတွေလည်းရှိခဲ့ပါတယ်ရှင်။

ဖာပွန် ကမမောင်းမြို့ ထွေ/အုပ်ရုံး ဒရုန်းနဲ့တိုက်ခိုက်ခံရ
please wait

No media source currently available

0:00 0:02:12 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG