သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြ၀တီမြို့ ထွေအုပ်ရုံးတိုက်ခိုက်ခံရမှု လူ ၁၀ ဦးကျော် ထိခိုက်


စစ်မြေပြင်တွင် ပူးတွဲတိုက်ပွဲဝင်နေသော Cobra စစ်ကြောင်း၊ ရောင်နီဒရုန်းတပ်ဖွဲ့နှင့် Federal Wings မှ စစ်သည်တော်များ။ (မှတ်တမ်းဓာတ်ပုံ_ Photo Crd: Federal Wings)
စစ်မြေပြင်တွင် ပူးတွဲတိုက်ပွဲဝင်နေသော Cobra စစ်ကြောင်း၊ ရောင်နီဒရုန်းတပ်ဖွဲ့နှင့် Federal Wings မှ စစ်သည်တော်များ။ (မှတ်တမ်းဓာတ်ပုံ_ Photo Crd: Federal Wings)

ထိုင်းနယ်စပ်မြို့ဖြစ်တဲ့ ကရင်ပြည်နယ်မြ၀တီမြို့က ခရိုင်အုပ်ချုပ်ရေးမှူးရုံးနဲ့ ရဲစခန်းတခုတို့ကို အဝေးထိန်းဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရလို့ ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ ဒုတိယဗိုလ်မှူးကြီးအဆင့် ယာယီတပ်ရင်းမှူးတို့အပါအဝင် လူတဒါဇင်ကျော် ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။

သေဆုံးသူ သုံးဦးထက်မနည်းရှိပြီး သေဆုံးသူတွေထဲ ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ ထွေအုပ်ဝန်ထမ်းတချို့ပါဝင်တယ်လို့ ပြောပါတယ်။ သေဆုံးမှုအတိအကျကိုတော့ သီးခြားအတည်ပြုလို့ မရသေးပါဘူး။ စက်တင်ဘာလ ၃ ရက်နေ့ ညနေ ၆ နာရီကျော်မှာ မြ၀တီရဲစခန်း၊ ညပိုင်း ၇ နာရီကျော်မှာ ခရိုင်ထွေအုပ်ရုံးတို့ တိုက်ခိုက်ခံရတာဖြစ်တယ်လို့ ဒေသခံတွေပြောပါတယ်။ ထိခိုက်သူတွေထဲ စစ်တပ်ပိုင်းအရာရှိတချို့အပြင် ယာဉ်ထိမ်းရဲတွေလည်းပါဝင်တယ်လို့ ဒေသခံတဦးက ဗွီအိုအေကို ပြောပါတယ်။

အခုလို တိုက်ခိုက်ခံရပြီးတဲ့နောက်တော့ မြ၀တီမြို့တွင်း နယ်ခြားစောင့်တပ်တွေနဲ့ စစ်တပ်လုံခြုံရေးတပ်တွေ နေရာယူလှုပ်ရှားခဲ့ကြတယ်လို့လည်း ပြောပါတယ်။ ဒီတိုက်ခိုက်ခံရမှုနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် ဆက်သွယ်လို့မရသလို စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်တာလည်းမရှိသေးပါဘူး။

အခု တိုက်ခိုက်မှုကို Federal Wings ဒရုန်းတပ်ဖွဲ့က တိုက်ခိုက်တာလို့ သတင်းတချို့မှာ ဖော်ပြပါတယ်။ မြ၀တီမြို့နယ်အတွင်း ကရင်အမျိုးသားလွတ်မြောက် ရေးတပ်နဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ်တွေက ဒီရက်ပိုင်းအတွင်း စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်နေပြီး စစ်ကောင်စီဘက်ကလည်း မကြားသေးခင်က သူတို့လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ မြ၀တီမြို့အနီး စစ်ဗျူဟာကျတဲ့ လက်ခတ်တောင် စခန်းကုန်းကိုပြန်လည်ရရှိဖို့ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ဖို့ ကြိုးစားနေချိန်လည်းဖြစ်ပါတယ်။

မြ၀တီမြို့ ထွေအုပ်ရုံးတိုက်ခိုက်ခံရမှု လူ ၁၀ ဦးကျော် ထိခိုက်
please wait

No media source currently available

0:00 0:01:20 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG