သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

G20 မှာ AU အဖွဲ့ဝင်ဖြစ်လာ


INDIA-G20-SUMMIT
INDIA-G20-SUMMIT

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ ကျင်းပနေတဲ့ စီးပွားရေးအင်အားကြီးနိုင်ငံ ၂၀ - G20 ထိပ်သီးအစည်းအဝေးကနေ အာဖရိကသမဂ္ဂ (AU) ကို အဖွဲ့ဝင်အဖြစ် အသိအမှတ်ပြု လက်ခံလိုက်ပြီဖြစ်ကြောင်း အိမ်ရှင်အိန္ဒိယဝန်ကြီးချုပ် Narendra Modi က ဒီကနေ့ စက်တင်ဘာ ၉ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

“အစောပိုင်းမှာ အဆိုပြုထားခဲ့တဲ့အတိုင်း အဖွဲ့ဝင်တွေရဲ့ သဘောတူ လက်ခံမှုကြောင့် အာဖရိကသမဂ္ဂကို ဒီအစည်းဝေးကနေ အဖွဲ့ဝင်အဖြစ် လက်ခံလိုက်ပြီး ဖြစ်တာကြောင့် စည်းဝေးပွဲမှာ နေရာယူပေးဖို့အတွက် ဖိတ်ခေါ်အပ်ပါတယ်” လို့ ဝန်ကြီးချုပ် Modi က စည်းဝေးပွဲအဖွင့်မှာ တရားဝင်ဖိတ်ခေါ်လိုက်တာပါ။

အခုဆိုရင် အဖွဲ့ဝင် ၅၅ နိုင်ငံ ပါဝင်တဲ့ အာဖရိကသမဂ္ဂအနေနဲ့ ဥရောပသမဂ္ဂနည်းတူ တန်းတူ အခွင့်အရေး ရရှိသွားတာဖြစ်တာ ဖြစ်ပါတယ်။

၂ ရက်ကြာ ကျင်းပတဲ့ ဒီ G20 ထိပ်သီးစည်းဝေးပွဲအတွင်း ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်တဲ့စစ်ပွဲကိစ္စ၊ ဥတုရာသီ ပြောင်းလာမှု တိုက်ဖျက်ရေး၊ ဆင်းရဲတဲ့နိုင်ငံတွေရဲ့ ကြွေးမြှီးတွေ လျှော့ချပေးရေးစတဲ့ ကိစ္စရပ်တွေအပြင် - အိန္ဒိယကနေ ဥရောပတိုက်အထိ ရထားလမ်းဖောက်ပြီး ကုန်ပစ္စည်းတွေ တင်ပို့နိုင်ရေးစတဲ့ အဖွဲ့အစည်းလိုက် နိုင်ငံရေး၊ စီးပွားရေးတွေကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြသလို အဖွဲ့ဝင် တနိုင်ငံချင်းစီအကြားမှာလည်း စီးပွားရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်ကြဖို့ သဘောတူညီမှု ရရှိခဲ့ကြပါတယ်။

ဒီထိပ်သီးစည်းဝေးပွဲကို အမေရိကန်သမ္မတ Joe Biden နဲ့ တခြား အဖွဲ့ဝင်နိုင်ငံတွေက ခေါင်းဆောင်တွေ တက်ရောက်ကြပေမယ့် တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ရုရှားသမ္မတ Vladimir Putin တို့တော့ မတက်ကြပါဘူး။

G20 မှာ AU အဖွဲ့ဝင်ဖြစ်လာ
please wait

No media source currently available

0:00 0:01:25 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG