သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ ကနေ Bharat "ဘဟာရတ်" အမည်ပြောင်းတော့မလား


INDIA-G20-SUMMIT

ဟိန္ဒူအမျိုးသားရေးဝါဒီ ဝန်ကြီးချုပ်နရင်ဒြာမိုဒီလက်ထက်မှာ တိုင်းပြည်ရဲ့အမည်ကိုအိန္ဒိယကနေ Bharat "ဘဟာရတ်" လို့ပြောင်းလဲအသုံးပြုမှာလည်းဆိုတာကို G20 အစည်းအဝေးရဲ့ပြင်ပမှာခန့်မှန်းပြောဆိုနေကြပါတယ်။

အိန္ဒိယ ကနေ Bharat "ဘဟာရတ်" အမည်ပြောင်းတော့မလား

ဟိန္ဒူအမျိုးသားရေးဝါဒီ ဝန်ကြီးချုပ်နရင်ဒြာမိုဒီလက်ထက်မှာ တိုင်းပြည်ရဲ့အမည်ကိုအိန္ဒိယကနေ Bharat "ဘဟာရတ်" လို့ပြောင်းလဲအသုံးပြုမှာလားဆိုတာကို G20 အစည်းအဝေးရဲ့ပြင်ပမှာခန့်မှန်းပြောဆိုနေကြပါတယ်။

ပြီးခဲ့တဲ့စနေနေ့ ထိပ်သီးအစည်းဝေးပထမနေ့စတင်တဲ့အချိန်မှာလည်း ဝန်ကြီးချုပ်မိုဒီထိုင်တဲ့စားပွဲပေါ်မှာရေးထိုးထားတဲ့ စာတမ်းဟာ "အိန္ဒိယ" လို့ရေးထိုးထားတာမဟုတ်ဘဲ “ဘဟာရတ်” လို့ရေးထိုးထားပါတယ်။

ဒါ့အပြင် ဟိန္ဒူဘာသာစကားနဲ့ပြောကြားတဲ့ ဝန်ကြီးချုပ်မိုဒီရဲ့ အဖွင့်မိန့်ခွန်းထဲမှာလည်း “Bharat ဘဟာရတ်မှအားလုံး ကိုကြိုဆိုပါတယ်” လို့ဟိန္ဒူဘာသာစကားနဲ့ပြောဆိုသွားခဲ့ပါတယ်။

ဘဟာရတ်ဆိုတဲ့ စကားလုံးဟာ အိန္ဒိယကိုခေါ်ဆိုတဲ့ရှေးဟောင်းစကားလုံးဖြစ်ပြီး ဒီအမည်နှစ်ခုစလုံးကိုရာစုနှစ်ပေါင်း များစွာခေါ်ဆိုအသုံးပြုခဲ့ပါတယ်။ လက်ရှိမှာလည်း အမည်နှစ်မျိုးစလုံးကို တရားဝင်သုံးစွဲပြီး၊ ဖွဲ့စည်းပုံစည်းမျဉ်းမှာလည်း အိန္ဒိယဆိုတာ ဘဟာရတ် ကိုခေါ်ဆိုတာဖြစ်ပြီး၊ ပြည်ထောင်စုလို့ ဖေါ်ပြထားပါတယ်။

အိန္ဒိယဆိုတဲ့အမည်ဟာ အင်ဒုမြစ်ကိုအစွဲပြုခေါ်ဆိုတဲ့အမည်ဖြစ်ပြီး သက္ကတဘာသာနဲ့ Sindhu ဆင်ဒုလို့ခေါ်ရာကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ ဗြိတိသျှတွေသိမ်းပိုက်ပြီးနောက် အန္ဒိယဆိုတဲ့အမည်ကိုအသုံးပြုခဲ့ပါတယ်။

ဝန်ကြီးချုပ်မိုဒီရဲ့ပါတီအမည်ဟာလည်း “ဘဟာရတ်တီရာ ဂျနတာ ပါတီ” Bharatiya Janata Party ဖြစ်ပြီး၊ အာဏာရ ယူထားတဲ့ ၉ နှစ်အတွင်း ဗြိတိသျှလက်ထက်နဲ့ ရှေးဟောင်း မူဂယ်အင်ပါရာခေတ်ကပေးခဲ့တဲ့ မြို့ပြ၊ ဒေသနဲ့လမ်းအမည် တချို့ကို မူလရှေးဟောင်းအိန္ဒိယအမည်တွေကိုပြန်ပြောင်းခဲ့ပါတယ်။

အိန္ဒိယ ကနေ Bharat "ဘဟာရတ်" အမည်ပြောင်းတော့မလား
please wait

No media source currently available

0:00 0:01:23 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG