စစ္ေရးတိုက္ခိုက္မႈေတြကို ဟန္႔တားႏိုင္မယ့္ အေရးႀကီးတဲ့ လက္ေတြ႔အစီအမံေတြကို ေဆာင္႐ြက္ဖို႔ ေျမာက္ကိုရီးယားက ဆုံးျဖတ္လိုက္ေၾကာင္း ႏိုင္ငံပိုင္သတင္းကေန တနဂၤေႏြမွာ ေၾကညာလိုက္ပါတယ္။ အေမရိကန္နဲ႔ ေတာင္ကိုရီးယားတို႔ရဲ႕ ၅ ႏွစ္အတြင္း အႀကီးမားဆုံး ပူးတြဲစစ္ေရးေလ့က်င့္မႈမစခင္ တရက္အလိုမွာပဲ၊ အခုလို ေျပာလိုက္တာပါ။ ဒီဆုံးျဖတ္ခ်က္ကိုေတာ့ ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ံဳအြန္း ဦးေဆာင္တဲ့ အာဏာရပါတီရဲ႕ စစ္ေကာ္မ႐ွင္အစည္းအေဝးတြင္းမွာ ခ်မွတ္လိုက္တာျဖစ္တယ္လို႔ ေျမာက္ကိုရီးယားအစိုးရပိုင္ KCNA သတင္းက ေျပာပါတယ္။
ဒီအစည္းအေဝးအတြင္းမွာ ကာကြယ္ေရးလက္နက္ေတြကို ပိုၿပီးေတာ့ ထိထိေရာက္ေရာက္ အင္အား႐ွိ႐ွိ အသုံးျပဳႏိုင္ဖို႔အတြက္ အေရးပါတဲ့ လက္ေတြ႔ေျခလွမ္းေတြကို ေဆြးေႏြးၿပီး၊ ခ်မွတ္လုပ္ေဆာင္လိုက္တယ္လို႔ KCNA သတင္းက ေျပာပါတယ္။ လက္႐ွိမွာ အေမရိကန္နဲ႔ ေတာင္ကိုရီးယားတို႔ရဲ႕ ရန္စမႈေတြဟာ စိုးရိမ္စရာအေနအထားတခုအထိကို ေရာက္ေနၿပီျဖစ္တဲ့အတြက္ အဲဒီအေျခအေနကို ကိုင္တြယ္ေျဖ႐ွင္းဖို႔အတြက္ ရည္႐ြယ္ၿပီး လုပ္ေဆာင္တာျဖစ္တယ္လို႔ ေျပာပါတယ္။
Freedom Shield လို႔ နာမည္ေပးထားတဲ့ အေမရိကန္နဲ႔ ေတာင္ကိုရီးယား ႏွစ္ႏိုင္ငံ ပူးတြဲစစ္ေရးေလ့က်င့္မႈကိုေတာ့ မနက္ျဖန္တနလၤာေန႔မွာ စတင္မွာျဖစ္ၿပီး၊ ေျမာက္ကိုရီးယားဘက္က ရန္လိုမႈေတြကို ထပ္တိုးလာတာေၾကာင့္ လုံျခဳံေရးဆိုင္ရာ အေနအထားကို ေျပာင္းဖို႔ အဓိကထားလုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္။
ေျမာက္ကိုရီးယားကေတာ့ ဒီလိုစစ္ေရး ေလ့က်င့္မႈေတြဟာ က်ဳးေက်ာ္တိုက္ခိုက္ဖို႔ ျပင္ဆင္မႈအျဖစ္ အျပင္းအထန္ တုံ႔ျပန္ေလ့ ႐ွိပါတယ္။
==== Unicode ====
စစ်ရေးတိုက်ခိုက်မှုတွေကို ဟန့်တားနိုင်မယ့် အရေးကြီးတဲ့ လက်တွေ့အစီအမံတွေကို ဆောင်ရွက်ဖို့ မြောက်ကိုရီးယားက ဆုံးဖြတ်လိုက်ကြောင်း နိုင်ငံပိုင်သတင်းကနေ တနင်္ဂနွေမှာ ကြေညာလိုက်ပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ၅ နှစ်အတွင်း အကြီးမားဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှုမစခင် တရက်အလိုမှာပဲ၊ အခုလို ပြောလိုက်တာပါ။ ဒီဆုံးဖြတ်ချက်ကိုတော့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း ဦးဆောင်တဲ့ အာဏာရပါတီရဲ့ စစ်ကော်မရှင်အစည်းအဝေးတွင်းမှာ ချမှတ်လိုက်တာဖြစ်တယ်လို့ မြောက်ကိုရီးယားအစိုးရပိုင် KCNA သတင်းက ပြောပါတယ်။
ဒီအစည်းအဝေးအတွင်းမှာ ကာကွယ်ရေးလက်နက်တွေကို ပိုပြီးတော့ ထိထိရောက်ရောက် အင်အားရှိရှိ အသုံးပြုနိုင်ဖို့အတွက် အရေးပါတဲ့ လက်တွေ့ခြေလှမ်းတွေကို ဆွေးနွေးပြီး၊ ချမှတ်လုပ်ဆောင်လိုက်တယ်လို့ KCNA သတင်းက ပြောပါတယ်။ လက်ရှိမှာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ရန်စမှုတွေဟာ စိုးရိမ်စရာအနေအထားတခုအထိကို ရောက်နေပြီဖြစ်တဲ့အတွက် အဲဒီအခြေအနေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ရည်ရွယ်ပြီး လုပ်ဆောင်တာဖြစ်တယ်လို့ ပြောပါတယ်။
Freedom Shield လို့ နာမည်ပေးထားတဲ့ အမေရိကန်နဲ့ တောင်ကိုရီးယား နှစ်နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုကိုတော့ မနက်ဖြန်တနင်္လာနေ့မှာ စတင်မှာဖြစ်ပြီး၊ မြောက်ကိုရီးယားဘက်က ရန်လိုမှုတွေကို ထပ်တိုးလာတာကြောင့် လုံခြုံရေးဆိုင်ရာ အနေအထားကို ပြောင်းဖို့ အဓိကထားလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားကတော့ ဒီလိုစစ်ရေး လေ့ကျင့်မှုတွေဟာ ကျုးကျော်တိုက်ခိုက်ဖို့ ပြင်ဆင်မှုအဖြစ် အပြင်းအထန် တုံ့ပြန်လေ့ ရှိပါတယ်။