သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တပ်သားတွေပို့ပေးတဲ့ ‌မြောက်ကိုရီးယား ရုရှားဆီက နျူနည်းပညာ ရလိုဟန်ရှိ


ပဲ့ထိန်းတပ် ဒုံးကျည် စမ်းသပ်ပစ်ခတ်မှုကို စစ်ဆေးနေတဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်း (အလယ်) Sept. 19, 2024. (KCNA via Reuters)
ပဲ့ထိန်းတပ် ဒုံးကျည် စမ်းသပ်ပစ်ခတ်မှုကို စစ်ဆေးနေတဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်း (အလယ်) Sept. 19, 2024. (KCNA via Reuters)

ယူကရိန်းကျူးကျော်စစ် ဆင်နွှဲနေတဲ့ ရုရှားကိုကူညီဖို့ မြောက်ကိုရီးယားက တပ်သားတွေ စေလွှတ်တာဟာ သူ့ရဲ့ နျူကလီယားနဲ့ မစ်ဇိုင်းဒုံးအစီစဉ်တွေမှာ ရုရှားရဲ့ နည်းပညာအထောက်အကူ ရချင်တဲ့အတွက် ဖြစ်နိုင်ကြောင်း အမေရိကန် ကျွမ်းကျင်သူတွေက ပြောပါတယ်။

ရုရှားမှာ ပထမဆုံးအကြိမ်အဖြစ်နဲ့ မြောက်ကိုရီးယားတပ်သား ၃,၀၀၀ ထက်မနည်း ရှိနေတာတွေ့ရတယ်လို့ ဗုဒ္ဓဟူးနေ့က အမေရိကန်က အတည်ပြုပြောဆိုခဲ့တာပါ။

ပြီးခဲ့တဲ့သီတင်းပတ် သောကြာနေ့ကလည်း တောင်ကိုရီးယား ထောက်လှမ်းရေးဌာနက မြောက်ကိုရီးယားဟာ အထူးတပ်သား ၁,၅၀၀ ကို လေ့ကျင့်ရေးအတွက် ရုရှားကို စေလွှတ်တာတွေ့ရပြီး သူတို့ဟာ စစ်ရေးလေ့ကျင့်ဖို့နဲ့ ယူကရိန်းစစ်မှာ တိုက်ခိုက်ဖို့ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။


ကုလသမဂ္ဂဆိုင်ရာ တောင်ကိုရီးယား သံအမတ်ကြီး Hwang Joon-kook ဟွမ်ဂျွန်ကု ကတော့ အခုလို မြောက်ကိုရီးယားက တပ်သားတွေ စေလွှတ်တာအတွက် ရုရှားဆီက စစ်ရေး ဒါမှမဟုတ် ငွေကြေးအကူအညီတွေ၊ သူ့ရဲ့ နျူကလီယား လက်နက်ဆိုင်ရာ နည်းပညာအကူညီတွေ မျှော်လင့်ဖို့ရှိတာကြောင့် စိုးရိမ်မိကြောင်း ကုလသမဂ္ဂလုံခြုံရေး ကောင်စီကို တနင်္လာနေ့မှာ တင်ပြခဲ့တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားဟာ ခုရက်ပိုင်းအတွင်း သူ့ရဲ့ နျူကလီယားနဲ့ မစ်ဇိုင်းဒုံး စီမံကိန်းတွေနဲ့ ပတ်သက်ပြီး ပိုပွင့်ပွင့်လင်းလင်း လုပ်ဆောင်လာနေတာဖြစ်ပြီး စက်တင်ဘာလထဲ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ကင်မ်ဂျုံအွန်း ယူရေနီယံ သန့်စင်စက်ရုံ သွားတာကို နိုင်ငံပိုင် သတင်းစာမှာ ဖေါ်ပြခဲ့တာပါ။

အမေရိကန် နိုင်ငံခြားရေးဌာနကလည်း ယူကရိန်းကို ရုရှား ဝင်တိုက်ခဲ့ချိန်ကစပြီး မြောက်ကိုရီးယားက ပဲ့ထိန်းတပ် မစ်ဇိုင်းဒုံးကျည် ဒါဇင်ပေါင်းများစွာအပြင် လက်နက် ခဲယမ်းမီးကျောက်တွေ ပစ္စည်းတင်ကွန်တိမ်နာ အလုံးပေါင်း ၁၈ ,၀၀၀ ကျော် ပေးပို့ခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

Heritage Foundation က သုတေသနပညာရှင် Robert Peters ကလည်း မြောက်ကိုရီးယား ခေါင်းဆောင်ဟာ ရုရှားဆီက နည်းပညာအကူအညီ ရချင်တာကြောင့် အခုလို စေလွှတ်တာ ဖြစ်နိုင်ကြောင်း သုံးသပ်ပါတယ်။

တပ်သားတွေပို့ပေးတဲ့ ‌မြောက်ကိုရီးယား ရုရှားဆီက နျူနည်းပညာ ရလိုဟန်ရှိ
please wait

No media source currently available

0:00 0:01:19 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG