သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားမှာ မြောက်ကိုရီးယားတပ်တွေ ရောက်နေတဲ့အပေါ် အမေရိကန်သတိပေး

စစ်ရေးပြအခမ်းအနားတခုမှာတွေ့ရတဲ့ မြောက်ကိုရီးယားစစ်သားများ (ယခင်ပုံဟောင်း)
စစ်ရေးပြအခမ်းအနားတခုမှာတွေ့ရတဲ့ မြောက်ကိုရီးယားစစ်သားများ (ယခင်ပုံဟောင်း)

မြောက်ကိုရီးယားတပ်ဖွဲ့တွေ ရုရှားမှာ ရောက်ရှိနေတဲ့ အထောက်အထားတွေ ရရှိထားပြီး၊ ဘာလုပ်မလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin က သတင်းထောက်တွေကို ဒီနေ့ပဲ ပြောလိုက်ပါတယ်။ ရုရှားဘက်က ဝင်တိုက်ပေးနိုင်ဖွယ်ရှိတဲ့ မြောက်ကိုရီးယား တပ်ဖွဲ့ ၂ ဖွဲ့ ရုရှားမှာ ရောက်ရှိနေကြောင်း အထောက်အထားတွေ ရရှိထားတယ်လို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy ပြောဆိုလိုက်ပြီး နောက်တနေ့မှာပဲ အမေရိကန်ကာကွယ်ရေးဝန်ကြီးက ပြောလိုက်တာပါ။

မြောက်ကိုရီးယားဟာ ရုရှားကို လက်နက်ထောက်ပံ့နေပြီး ဆက်ဆံရေးတွေ အားကောင်းလာနေတယ်လို့လည်း ဝန်ကြီး Austin ကပြောပါတယ်။ ယူကရိန်းနဲ့ စစ်ပွဲမှာ မြောက်ကိုရီးယားက ဝင်ပါမယ်ဆိုရင် တကယ့်ကို ပြဿနာကြီးတခု ဖြစ်လာနိုင်ပြီး၊ ဥရောပမှာ သာမက အင်ဒိုပစိဖိတ် ဒေသမှာလည်း ရိုက်ခတ်မှုတွေ ရှိလိမ့်မယ်လို့ သတိပေးခဲ့တာပါ။ ၂၀၂၂ ခုနှစ် ဆန်းပိုင်းမှာ ယူကရိန်းကို ကျုးကျော်စစ် စတင်ခဲ့ပြီးနောက် ရုရှားစစ်တပ်မှာ အကျအဆုံးတွေ များပြားနေတာကိုလည်း အလေးထား ပြောခဲ့ပါတယ်။

မြောက်ကိုရီးယားတပ်တွေ ရောက်လာတာဟာ ရုရှားသမ္မတ Vladimir Putin အကျပ်ဆိုက်နေတယ်ဆိုတာ အများသိထားတာထက် ပိုကောင်းပိုနိုင်တယ်ဆိုတာကို ပြသရာရောက်တယ်လို့လည်း ဝန်ကြီး Austin ကပြောပါတယ်။ ဥရောပက စစ်ပွဲမှာ မြောက်ကိုရီးယား ပါဝင်လာတယ်ဆိုရင် နိုင်ငံတကာရဲ့ ဖိအားတွေဟာ လုံလောက်မှုမရှိတဲ့ သဘောပဲလို့လည်း ယူကရိန်းသမ္မတ Zelenskyy ကပြောခဲ့ပါတယ်။

ရုရှားမှာ မြောက်ကိုရီးယားတပ်တွေ ရောက်နေတဲ့အပေါ် အမေရိကန်သတိပေး
please wait

No media source currently available

0:00 0:01:09 0:00
တိုက်ရိုက် လင့်ခ်

Forum

​
XS
SM
MD
LG