သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယားကို ရန်လိုတဲ့နိုင်ငံအဖြစ် မြောက်ကိုရီးယားသတ်မှတ်


မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့တော်က ၇၉ကြိမ်မြောက် အလုပ်သမားပါတီ တည်ထောင်ခြင်း အထိမ်းအမှတ်နေ့ မြင်ကွင်းတခု (အောက်တိုဘာ ၁၀၊ ၂၀၂၄)
မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့တော်က ၇၉ကြိမ်မြောက် အလုပ်သမားပါတီ တည်ထောင်ခြင်း အထိမ်းအမှတ်နေ့ မြင်ကွင်းတခု (အောက်တိုဘာ ၁၀၊ ၂၀၂၄)

တောင်ကိုရီးယားနိုင်ငံကို ရန်လိုတဲ့နိုင်ငံ (ရန်သူနိုင်ငံ) အဖြစ် ဖွဲ့စည်းပုံမှာ မကြာခင်က ပြင်ဆင်သတ်မှတ်လိုက်တယ်လို့ မြောက်ကိုရီးယားက ပြောပါတယ်။ မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားနိုင်ငံကြား ချိတ်ဆက်ထားတဲ့ ကားလမ်း နဲ့ ရထားလမ်းကို ဖောက်ခွဲဖျက်ဆီးလိုက်ပြီး ၂ ရက်အကြာမှာ အခုလို အတည်ပြုလိုက်တာဖြစ်ပါတယ်။

မြောက်ကိုရီးယားရဲ့ အခြေခံဥပဒေထဲမှာ တောင်ကိုရီးယားနိုင်ငံကို ရန်သူနိုင်ငံအဖြစ် ရှင်းရှင်းလင်းလင်းသတ်မှတ်ထားတာကြောင့် အခြေခံဥပဒေရဲ့ လိုအပ်ချက်နဲ့ အညီ၊ ၂ နိုင်ငံချိတ်ဆက်ထားတဲ့ မြောက်ကိုရီးယားရဲ့ ကားလမ်းနဲ့ ရထားလမ်းကို မကြာခင်က ဖောက်ခွဲဖျက်ဆီးလိုက်တာဖြစ်တယ်လို့ အစိုးရပိုင် KCNA သတင်းမှာ ဖော်ပြပါတယ်။ မဖြစ်မနေလုပ်ဖို့လိုတဲ့အတွက် လမ်းဖျက်ခဲ့ရတာဖြစ်ပြီး တရားလည်းဝင်တယ်လို့ မြောက်ကိုရီးယားကဆိုပါတယ်။

မြောက်ကိုရီးယားရဲ့ အခြေခံဥပဒေထဲမှာ တောင်ကိုရီးယားနိုင်ငံကို ရန်သူနိုင်ငံအဖြစ် သတ်မှတ်လိုက်တဲ့အပေါ် တောင်ကိုရီးယားနိုင်ငံရဲ့ ၂ နိုင်ငံ ပေါင်းစည်းရေးဝန်ကြီးဌာန ပြစ်တင်ရှုတ်ချလိုက်ပြီး ဒါဟာ ၂ နိုင်ငံပေါင်းစည်းရေးကို ဆန့်ကျင်တာ အမျိုးသားရေးကို ဆန့်ကျင်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။
မြောက်ကိုရီးယားအနေနဲ့ သူတို့ထက်အင်အားသာလွန်တဲ့ အမေရိကန် နဲ့တောင်ကိုရီးယားတပ်တွေကို တိုက်ခိုက်လာနိုင်ချေ မရှိသလောက်ဖြစ်ပေမဲ့ တောင်ကိုရီးယားအပေါ် ရန်ပြုဖို့ ရည်ရွယ်လုပ်ဆောင်မှုတွေ တခုပြီး တခု လုပ်နေတာကြောင့် အစထဲက အခြေအနေတင်းမာနေတဲ့ တောင်နဲ့ မြောက် ကိုရီးယားနယ်စပ်မှာ အန္တရာယ်ပိုကြီးလာတယ်လို့ အကဲခတ်တွေက သုံးသပ်နေကြပါတယ်။

Forum

XS
SM
MD
LG