သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Suicide တိုက်ခိုက်ရေး ဒရုန်းယာဉ်တွေ ပိုထုတ်လုပ်ဖို့ မြောက်ကိုရီးယားခေါင်းဆောင် ညွှန်ကြား


ဒရုန်းယာဉ်စမ်းသပ်မှုကို ကြည့်ရှုနေတဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un မှတ်တမ်းပုံကို နိုင်ငံပိုင် KCNA သတင်းကဖော်ပြခဲ့ (ဩဂုတ် ၂၆၊ ၂၀၂၄)
ဒရုန်းယာဉ်စမ်းသပ်မှုကို ကြည့်ရှုနေတဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un မှတ်တမ်းပုံကို နိုင်ငံပိုင် KCNA သတင်းကဖော်ပြခဲ့ (ဩဂုတ် ၂၆၊ ၂၀၂၄)

မြောက်ကိုရီးယား ပြည်တွင်းဖြစ် ဒရုန်းယာဉ်တွေ စမ်းသပ်တာကို ခေါင်းဆောင် Kim Jong Un စစ်ဆေး ကြည့်ရှု့ခဲ့တဲ့အကြောင်း နိုင်ငံပိုင် KCNA သတင်းက ဖော်ပြပါတယ်။ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un က စနေနေ့က ကာကွယ်ရေးသိပ္ပံ အကယ်ဒမီကို သွားရောက်ပြီးတော့ ဒရုန်းယာဉ်တွေ စမ်းသပ် ပျံသန်းတာကို စစ်ဆေးကြည့်ရှုခဲ့တာပါ။

ကြိုတင်သတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်း ဒရုန်းတွေပျံသန်းတာနဲ့ သတ်မှတ် ပစ်မှတ်တွေကို ဖျက်ဆီးနိုင်တဲ့ ဒရုန်းစမ်းသပ်မှုတွေကို အောင်အောင်မြင်မြင် ပြုလုပ်ခဲ့တဲ့ အကြောင်းလည်း KCNA သတင်းက ဖော်ပြပါတယ်။

အထူးစစ်ဆင်ရေးလုပ်ငန်းတွေမှာ အသုံးပြုနိုင်တဲ့ ဘက်စုံသုံး တိုက်ခိုက်ရေး ဒရုန်းတွေ၊ အထူးသဖြင့် ကိုယ့်ဖာသာကိုယ် ဖောက်ခွဲဖျက်စီးနိုင်တဲ့ တိုက်ခိုက်ရေး ဒရုန်းတွေ ပိုပြီး ထုတ်လုပ်ဖို့ ခေါင်းဆောင် Kim က တိုက်တွန်းခဲ့တဲ့ အကြောင်းလည်း KCNA သတင်းကပြောပါတယ်။

ဒါ့အပြင် ဒရုန်းတိုက်ခိုက်ရေးဆိုင်ရာ အက်ပလီကေးရှင်း (Application) တွေကို တတ်နိုင်သမျှ အမြန်ဆုံး စမ်းသပ် အသုံးပြုနိုင်ဖို့ Kim က ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားက တာဝေးပစ်ဒုံးကျည်နဲ့ နျူကလီးယားအစီအစဉ်တွေ သိသိသာသာ တိုးမြှင့်လုပ်ဆောင်လာပြီးတဲ့နောက် တာတိုပစ် ဒုံးကျည်တွေနဲ့ တခြား စစ်လက်နက်တွေကို တိုးမြှင့်စမ်းသပ်လာတာပါ။ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန် စနေနဲ့ တနင်္ဂနွေနေ့တွေမှာ စက်မှုလုပ်ငန်း ဆောက်လုပ်ရေးလုပ်ငန်းတွေကို သွားရောက် ကြည့်ရှု့စစ်ဆေးခဲ့တယ်လို့ KCNA သတင်းမှာ ဖော်ပြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG