သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားမှာ ရေဘေးသင့်သူ ၅၀၀၀ ကျော်ကို ပြောင်းရွှေ့


ဂေမီတိုင်ဖုန်းမုန်တိုင်းကြောင့် မြောက်ကိုရီးယားနိုင်ငံ မြောက်ပြုံယမ်းပြည်နယ်မှာ ရေကြီးနေတဲ့ မြင်ကွင်း (ဇူလိုင် ၂၈၊ ၂၀၂၄)
ဂေမီတိုင်ဖုန်းမုန်တိုင်းကြောင့် မြောက်ကိုရီးယားနိုင်ငံ မြောက်ပြုံယမ်းပြည်နယ်မှာ ရေကြီးနေတဲ့ မြင်ကွင်း (ဇူလိုင် ၂၈၊ ၂၀၂၄)

မြောက်ကိုရီးယားမှာ ရေကြီးရေလျှံတာကြောင့် လူပေါင်း ၅၀၀၀ လောက်ကို ကယ်ဆယ်ပေးခဲ့တယ်လို့ မြောက်ကိုရီးယား နိုင်ငံ သတင်းဌာန KCNA က ဒီကနေ့ တနင်္လာနေ့မှာ ကြေညာပါတယ်။ စနေနေ့က မိုးသည်းထန်ရွာတာကြောင့် မြောက်ကိုရီးယားနဲ့ တရုတ်နယ်ခြား သတ်မှတ်ထားတဲ့ မြစ်ရေ လျှံတက်လာပြီး ရေဘေးသင့်ခဲ့တာပါ။

နိုင်ငံအနောက်မြောက်ပိုင်းက Sinuiju (ရှင်းဝီဂျူး) နဲ့ Uiju (အီဂျူး) မြို့တွင်း ကယ်ဆယ်ရေးလုပ်ငန်းတွေကို တနင်္ဂနွေနေ့မှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းကိုယ်တိုင် ကြီးကြပ်ကွပ်ကဲပြီး ဘေးဒုက္ခရောက်နေသူတွေအတွက် အစားအသောက်နဲ့ တခြားလိုအပ်တာတွေ ထောက်ပံ့ပေးဖို့ အနီးကပ် ညွှန်ကြား နေတယ်လို့ ဆိုပါတယ်။ ရဟတ်ယာဥ် ၁၀ စင်းနဲ့ ရေတပ် ရေယာဥ်တွေနဲ့ လူတွေကို ကယ်ဆယ်ခဲ့ပေမယ့် လူ ဘယ်လောက်သေဆုံးတယ်၊ ဘယ်လောက် ပျက်စီးဆုံးရှုံးတယ်ဆိုတာတော့ KCNA သတင်းက မဖော်ပြပါဘူး။ တောတောင် ပြုန်းတီးလာတာ၊ တူးမြောင်းတွေ စနစ်တကျဖေါက်လုပ် မထားတာတွေကြောင့် မြောက်ကိုရီးယားမှာ အခုလို နွေရာသီရောက်တိုင်း မကြာခဏ ရေကြီးရေလျှံလေ့ရှိပြီး စိုက်ခင်းတွေ ပျက်စီးလေ့ရှိပါတယ်။

တိုင်ဖုန်းနဲ့ အင်အားပြင်း မိုးကြောင့် ၂၀၂၀ တုန်းကလည်း မြောက်ကိုရီးယားနိုင်ငံမှာ ဘေးဒုက္ခအကြီးအကျယ်ကျရောက်ခဲ့တာပါ။ ဒီနောက်ပိုင်း ကိုဗစ်ကပ်ရောဂါ၊ နျူကလီးယားလက်နက်ပိုင်ဆိုင်ဖို့ ကြိုးပမ်းမှုစတာတွေနဲ့ ကုလသမဂ္ဂက ဒဏ်ခတ်ပိတ်ဆို့ထားတာကြောင့် မြောက်ကိုရီးယားအနေနဲ့ အကြပ်အတည်းနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG