သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုလံပစ်ဖွင့်ပွဲမှာ တောင်နဲ့မြောက် ကိုရီးယား မှားယွင်းကြေညာခဲ့မှုအပေါ် IOC တောင်းပန်


တောင်ကိုရီးယား အိုလံပစ်အသင်း။
တောင်ကိုရီးယား အိုလံပစ်အသင်း။

ပဲရစ်မြို့မှာ မနေ့သောကြာနေ့က ကျင်းပခဲ့တဲ့ အိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအတွင်း တောင်ကိုရီးယား အားကစားသမားတွေကို မြောက်ကိုရီးယားလို့ မှားယွင်းကြေငြာလိုက်တဲ့အပေါ် နိုင်ငံတကာအိုလံပစ်ကော်မတီ (IOC) က ဒီနေ့ တောင်းပန်လိုက်ပါတယ်။

အိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲ ရုပ်သံထုတ်လွှင့်ချိန် တောင်ကိုရီးယားအသင်းကို မိတ်ဆက်တဲ့အခါ မှားယွင်းကြေညာခဲ့မိတဲ့အတွက် မိမိတို့အနေနဲ့ အနူးအညွတ် တောင်းပန်ပါတယ်လို့ နိုင်ငံတကာအိုလံပစ်ကော်မတီ (IOC) က X လူမှုကွန်ရက်ကနေ ကိုရီးယားဘာသာနဲ့ တရားဝင်ထုတ်ထားတဲ့ ပို့စ်မှာ ပြောထားပါတယ်။

မနေ့က အိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲကျင်းပတဲ့အချိန် တောင်ကိုရီးယား အားကစားအဖွဲ့က Seine မြစ်ပေါ်မှာ သင်္ဘောနဲ့ ရောက်လာချိန် အစီအစဉ် ကြေညာတဲ့သူက တောင်ကိုရီးယား အားကစားအဖွဲ့ကို မြောက်ကိုရီးယားနိုင်ငံ နာမည်ဖြစ်တဲ့ ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံဆိုပြီး ပြင်သစ်ဘာသာနဲ့ ကြေညာလိုက်တာပါ။

ဒီနေ့ ပဲရစ်အိုလံပစ်ပြိုင်ပွဲရဲ့ အားကစားပွဲတွေကို ဆက်လက်ကျင်းပနေတာမှာ အမျိုးသားဘော်လီဘော အုပ်စု B က ဘရာဇီးနဲ့ အီတလီပွဲမှာတော့ အီတလီက ဘရာဇီးကို ၃ ပွဲ ၁ ပွဲ နဲ့ နိုင်ပြီး၊ အုပ်စု C က ပွဲစဉ်မှာတော့ ဂျာမနီက ဂျပန်အသင်းကို ၅ ပွဲ အကြိတ်အနယ်ကစားပြီး ၃ ပွဲ ၂ ပွဲနဲ့ အနိုင်ရသွားပါတယ်။

ပဲရစ်အိုလံပစ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာနိုင်ငံက ကြက်တောင်ကစားမယ် သက်ထားသူဇာကတော့ ဂျပန်နိုင်ငံက Akane Yamagushi နဲ့ ဒေသစံတော်ချိန် ၁ နာရီခွဲမှာ ကစားကြမှာ ဖြစ်ပါတယ်။

အခုချိန်ထိတော့ တရုတ်နိုင်ငံက ရွှေ တံဆိပ် ၂ ခု နဲ့ အဆင့် ၁ နေရာမှာရှိနေပြီး တောင်ကိုရီးယားနဲ့ အမေရိကန် ငွေတံဆိပ် ၁ ခုစီ နဲ့ ပူးတွဲအဆင့် ၂ ၊ ဗြိတိန် နဲ့ ကာဇက်စတန်တို့က ကြေးတံဆိပ် ၁ ခုစီ နဲ့ ပူးတွဲ အဆင့် ၄ ဖြစ်နေပါတယ်။

Forum

XS
SM
MD
LG