သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားကို လက်နက်တင်ပို့မှု နေတိုးစွပ်စွဲချက် မြောက်ကိုရီးယား တုံ့ပြန်


ရုရှားသမ္မတပူတင် နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း
ရုရှားသမ္မတပူတင် နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း

မြောက်ကိုရီးယား အစိုးရဟာ ရုရှားကို လက်နက်တွေ တင်ပို့နေတယ်လို့ ပြီးခဲ့တဲ့ နေတိုးထိပ်သီးဆွေးနွေးပွဲအတွင်း ကြေညာချက်ထုတ်ပြီး ပြစ်တင်လိုက်တဲ့အပေါ် မြောက်ကိုရီးယားနိုင်ငံက ရှုတ်ချလိုက်ပြီး ဒီကြေညာချက်ဟာ တရားမဝင်ဘူးလို့လည်း မြောက်ကိုရီးယားအစိုးရပိုင် မီဒီယာက ဒီနေ့ ပြောလိုက်ပါတယ်။

နေတိုးအဖွဲ့က ဒီတပတ် ထုတ်ပြန်လိုက်တဲ့ ကြေညာချက်မှာတော့ မြောက်ကိုရီးယားဟာ ရုရှားအစိုးရကို စစ်ရေးအရ တိုက်ရိုက်အကူအညီတွေပေးပြီး ယူကရိန်းအပေါ် ရုရှားရဲ့ ကျူးကျော်စစ်ကို ပံ့ပိုးနေတယ်လို့ နေတိုးအဖွဲ့ခေါင်းဆောင်တွေက ပြစ်တင်ရှုတ်ချပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံက ရုရှားကို စက်မှုကုန်းကြမ်းတွေ အကူအညီပေးနေတဲ့အပေါ် အထူးပဲ စိုးရိမ်မိတယ်လို့ နေတိုးခေါင်းဆောင်တွေက ပြောပါတယ်။

မြောက်ကိုရီးယားကတော့ သူတို့အနေနဲ့ ရုရှားအစိုးရကို လက်နက်တွေ တင်ပို့နေတယ်ဆိုတဲ့ စွပ်စွဲချက်ကို အကြိမ်ကြိမ် ငြင်းဆိုထားပါတယ်။ ဒါပေမဲ့လည်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ ရုရှားသမ္မတပူတင်တို့ဟာ တကယ်လို့ သူတို့ ၂ နိုင်ငံထဲက တနိုင်ငံ တိုက်ခိုက်ခံခဲ့ရလျှင်၊ တနိုင်ငံနဲ့ တနိုင်ငံစစ်ရေးအရ ကူညီဖို့ ကတိအပါအဝင် သဘောတူညီချက်တရပ်ကို ပြီးခဲ့တဲ့ ဇွန်လက လက်မှတ်ထိုးခဲ့ကြပါတယ်။

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း နေတိုးရဲ့ ကြေညာချက်အပေါ် ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချပြီး ဒါကို လက်မခံဘဲ ပယ်ချကြောင်း မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။

Forum

XS
SM
MD
LG