သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Incheon ကောင်းကင်ယံမှာ ဒရုန်းတွေနဲ့ ပုံဖော်အလှပြ


People watch drones' formation flying at the World Drone Light Show 2024, which is a part of the 2024 Korea Drone Expo, in Incheon, South Korea, May 9, 2024.
People watch drones' formation flying at the World Drone Light Show 2024, which is a part of the 2024 Korea Drone Expo, in Incheon, South Korea, May 9, 2024.

အဝေးထိန်း ဒရုန်းတွေနဲ့ အလှပြပုံဖော်ပြသပြီး ကမ္ဘာ့ဂင်းနစ်မှတ်တမ်း စံချိန်ချိုးလိုက်တဲ့ တောင်ကိုရီးယားကုမ္ပဏီဟာ ဒရုန်းတွေ ထောင်ချီပါဝင်တဲ့ ဒရုန်း မီးရောင်စုံ အလှပြပွဲကို Incheon မြို့မှာ ပြသခဲ့ပါတယ်။ အလင်းရောင်စုံနဲ့ ဒရုန်းတွေသုံးပြီး အလှပြပုံဖော်မှုကို အဓိကဖန်တီးတဲ့ Uvify ကုမ္ပဏီက ဒရုန်းပေါင်း ၄,၅၀၀ ကို သုံးပြီး မေလ ၉ ရက် ကြာသပတေးနေ့ညက ကမ္ဘာ့ဒရုန်း မီးပြပွဲမှာ ရုပ်ပုံတွေအမျိုးမျိုးကို အလှပြပုံဖော် ပြသခဲ့ပါတယ်။

မေလ ၁ ရက်နေ့က ဂင်းနစ်စံချိန် ချိုးခဲ့တဲ့ ပြပွဲမှာ ပြခဲ့သလိုပဲ ပုံဖော်ပြခဲ့ကြတာပါ။ နောက်ထပ် တောင်ကိုရီးယား ဒရုန်းကုမ္ပဏီတခုဖြစ်တဲ့ Pablo Air က ဒရုန်း ၁,၁၀၀ လည်း ဒီပြပွဲမှာ ပါဝင်ပြသပါတယ်။ အများပြည်သူရှေ့ ပထမဆုံးအကြိမ် ပြသတာဖြစ်တဲ့ ကြာသပတေးနေ့က ဒရုန်းပြပွဲကို လာကြည့်သူတွေ ထောင်နဲ့ချီ ရှိခဲ့ပါတယ်။

Uvify ကုမ္ပဏီဟာ အဝေးထိန်း ဒရုန်း ၅,၂၉၃ စင်းသုံးပြီး ဒရုန်းတွေကို တပြိုင်တည်းမှာ အရေအတွက် အများဆုံး လွှတ်တင်ပြသနိုင်တဲ့ ဂင်းနစ်စံချိန်သစ်ကို မေလ ၁ ရက်နေ့ကပဲ ချိုးလိုက်နိုင်တာပါ။ အရင် ၂၀၂၁ ခုနှစ်တုန်းက ဒရုန်းပေါင်း ၅,၁၆၄ စင်းကို တပြိုင်တည်း လွှတ်တင်ပြသပြီး ဂင်းနစ်စံချိန် ချိုးခဲ့တဲ့ တရုတ်ကုမ္ပဏီကို ကျော်ပြီး Uvify က စံချိန်သစ် ချိုးလိုက်တာ ဖြစ်တယ်လို့ တောင်ကိုရီးယား မြေယာ၊ အဆောက်အအုံနဲ့ ပို့ဆောင်ရေး ဝန်ကြီးဌာနက ပြောပါတယ်။ ကြာသပတေးနေ့က ပြသခဲ့တဲ့ ပွဲကတော့ အင်ချွန်းမြို့မှာ ကျင်းပနေတဲ့ ကိုရီးယား ဒရုန်းပြပွဲရဲ့ တစိတ်တပိုင်း ဖြစ်ပြီး ဖွင့်ပွဲနေ့က ပြခဲ့တာပါ။ ကိုရီးယား ဒရုန်းပြပွဲ ကတော့ ဒီကနေ့ နောက်ဆုံး ဖြစ်ပါတယ်။

Forum

XS
SM
MD
LG